4 days ago
IS တပ်ဖွဲ့ဝင်တစ်ဦးတွေ့ရှိကြောင်း သတင်းအမှားကို သေနင်္ဂ အဖွဲ့တည်ထောင်သူ မှ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့
2 weeks ago
မန္တလေးက ပန်းသေးလူငယ်များ၏ အီးဒ် မိတ်ဆုံစားပွဲ
2 weeks ago
လူသတ်မှု အဖြစ်ပြောင်းလိုက်တဲ့ တာမွေ ဒုဦးစီးမှူးသေဆုံးမှု
2 weeks ago
ရခိုင်မှ ဒုက္ခသည်စခန်း သုံးခုကို ပိတ်သိမ်းခဲ့သည့် သတင်းထုတ်ပြန်ချက် လွဲချော်မှုရှိ
2 weeks ago
စစ်တွေပဋိပက္ခ လူသေဆုံးမှု တရားခံများ ဖမ်းဆီးနိုင်ခြင်း မရှိသေး
3 weeks ago
ဝါကျွတ် အီးဒ်နေ့ အထိမ်းအမှတ် ဆေးရုံ (၅) ရုံ မှ လူဦးရေ (၄၆၀၀) ကျော်ကို နေ့လည်စာလှူဒါန်း
3 weeks ago
တောင်​တွင်းကြီးမြို့မှ အစ္စလာမ်​ဘာသာဝင်​များ ဝါကျွတ်အီးဒ်​ပွဲ အမှတ်တရ လှူဒါန်းမှုများပြုလုပ်
4 weeks ago
ဝါကျွတ်အီးဒ်ပွဲတော် အတွက် ဘာသာပေါင်းစုံမှ လူငယ်ပြည်သူများရဲ့ ဆုတောင်းစကားများ
4 weeks ago
ဝရမ်းပြေး အောင်ဝင်းခိုင်ကို ကူညီခဲ့သူ ရဲထွဋ်လှိုင် တရားလိုပြသက်သေဖြစ်လာ
4 weeks ago
ဦးဝီရသူနဲ့ ရင်းနှီးတဲ့ သီရိလင်္ကာ ဆရာတော် အရေးယူခံရ

မ ၁၈၊ ၂၀၁၇
M-Media

ခိုးရာလိုက်သွားပြီးနောက် ခင်ပွန်းဖြစ်သူ၏ ၂ နှစ်ကြာ ပိတ်လှောင် နှိပ်စက်ခံခဲ့ရသည့် မသီရိအောင်တင်

– မသီရိအောင်တင်တစ်ယောက် ချစ်သူရဲ့ စည်းရုံးမှုကြောင့် ခိုးရာလိုက်ပြေးပြီးတဲ့နောက်မှာ မှောင်မဲနေတဲ့ အခန်းအတွင်း ရက်အနည်းငယ်ကြာအောင် ဆက်တိုက်ပိတ်လှောင်ခံခဲ့ရပါတယ်။ ဒါဟာ ၂ နှစ်တာ ကြာမြင့်ခဲ့တဲ့ သူမရဲ့ ချုပ်နှောင်ခံရမှု၊ နှုတ်နဲ့ စော်ကားခံရမှု အစဖြစ်တယ်လို့ သူမကဆိုပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဖေဖော်ဝါရီလမှာ သူမက ရဲတပ်ဖွဲ့ကို တိုင်ကြားပြီး ၂ ရက်အကြာမှာပဲ သူမရဲ့ချစ်သူဟာ ပြန်ပေးဆွဲမှု၊ ပိတ်လှောင်ထားမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရကာ ထိုက်တန်တဲ့အပြစ်ကို ခံရဖို့ သီရိအောင်တင်တစ်ယောက် မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် မတ်လအစောပိုင်းမှာ အာမခံတောင် မပေးရဘဲ လွှတ်ပေးခဲ့ပြီး ၁၉ ရာစုနှစ်ကတည်းက
မြန်မာနိုင်ငံမှာ ကျင့်သုံးလာခဲ့တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေအရ ‘သွေးဆောင်ဖျားယောင်းမှု’ နဲ့ ပုဒ်မတပ်ခံခဲ့ရပါတယ်။ ဒါဟာ သစ္စာမရှိတဲ့ ဘ၀လက်တွဲဖော်တွေကို စွဲဆိုတဲ့ ပုဒ်မတစ်ခုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၁ နှစ်လောက်သာ ကျခံရမှာပါ။ လက်ရှိမှာတော့ ကြားနာမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

“ဒါဟာ လုံးဝ တရားမမျှတဘူးလို့ ကျွန်မ ခံစားရပါတယ်” လို့ အသက် ၂၁ နှစ်အရွယ် သီရိအောင်တင်က ပြောပါတယ်။

ဒီမိုကရစီအသွင်ကူးပြောင်းရေးလုပ်ငန်းကြောင့် မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်လာပေမယ့် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကနေ ကာကွယ်ပေးဖို့ ကိစ္စမှာတော့ အပ်တစ်ထောက်လောက်တောင် မရွေ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့နောက်မှာ တော်တော်လေး ကျန်နေခဲ့ပြီလို့ ဇနီးမောင်နှံအကြား အလိုမတူဘဲ အဓမ္မပြုကျင့်မှုကို ပြစ်မှုဆိုင်ရာ ဥပဒေမှာ အသိအမှတ်မပြုထားမှု၊ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ဥပဒေတွေမရှိမှုကို ထောက်ပြပြီး လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက ပြောပါတယ်။

သံတမန်တွေကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှုဟာ ‘နှုတ်ဆိတ်နေတဲ့ အရေးပေါ်အခြေအနေ’ ဖြစ်တယ်လို့ ဆိုပြီး၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း ပြစ်မှုဆိုင်ရာဥပဒေရဲ့ မထိရောက်မှုဟာ တရားဥပဒေစိုးမိုးမှုအားနည်းတာ၊ တရားရုံးမှာ ခြစားမှု၊ မိန်းမမုန်းဝါဒရှိနေတာတွေကြောင့်ြ
ဖစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေကို ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ခြင်းကနေ အမျိုးသမီးတွေအတွက် အကာအကွယ် ပိုမိုရရှိစေမယ့် ဥပဒေမူကြမ်းတစ်ခုကို ပြည်တွင်း လူ့အခွင့်အရေး အုပ်စုတွေ၊ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်အမတ်တွေကလည်း ထောက်ခံကြပါတယ်။

ဒါပေမယ့် ဒီဥပဒေမူကြမ်းဟာ ရပ်တန့်နေပြီး ရှေးရိုးစွဲတွေ၊ စစ်ဏာရှင်ဟောင်းနဲ့ ဆက်နွယ်နေပြီး အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေတဲ့ မဟာဖိုဝါဒီတွေက မူကြမ်းမှာပါတဲ့ ပြင်းထန်တဲ့ အသုံးအနှုန်းတွေကို လျော့ပေးဖို့ ကြိုးစားနေကြတာကြောင့် ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးဆု
ိင်ရာ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

“ဒီ တာဝန်ရှိသူတွေက အမျိုးသမီးတွေကိစ္စကို သူတို့စဉ်းစားပေးတယ် ဆိုတာနဲ့တင် လုံလောက်သွားပြီလို့ ထင်နေတာရှင့်။ ဒီထက်ပိုပြီး လုပ်ရမယ်ဆိုတာကို သူတို့မတွေးကြဘူး” လို့ အကျိုးအမြတ်ယူတဲ့အဖွဲ့အစည်း Legal Clinic Myanmar က ဒါရိုက်တာ ဒေါ်လှလှရီက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ခိုင်ခိုင်မာမာ မှတ်တမ်းတင်ထားမျိုး သိပ်ရှားပါတယ်။ဒါပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရတော့ ဒီပြဿနာဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်ဆိုတာ ပြသနေပါတယ်။

၂၀၁၆ ခုနှစ် ကုလရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ လိင်အကြမ်းဖက်မှုဟာ ပုံမှန်လိုလိုဖြစ်နေတယ်လို့ ဖော်ပြထားပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်းမှာ အဲဒီလုပ်ရပ်တွေအတွက် စစ်သား ၆၁ ဦးကို ကာကွယ်ရေးဝန်ကြီးဌာနက တရားစွဲဆိုထားတယ်လို့လည်း ဆိုပါတယ်။

အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကတော့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုဟာ အမျိုးသားတွေကြားမှာ အရက်၊ မူးယစ်ဆေးစွဲမှုတွေ၊ အမျိုးသမီးတွေ ရိုက်နှက်ခံရတယ်၊ အဓမ္မပြုကျင့်ခံရတယ်ဆိုတာ သူတို့ရဲ့ လုပ်ရပ်ကြောင့် ဖြစ်တယ်ဆိုတဲ့ အတွေးတွေကြောင့် အခြေအနေပိုဆိုးလာတယ်လို့ ဆိုပါတယ်။

“ဒါက ခံရသူကို သက်သက် အပြစ်တင်တာရှင့်။ ‘ဒီကောင်မဆိုးတယ်။ သူ့ယောက်ျား သူ့ကိုရိုက်တာ နည်းတောင်နည်းသေးတယ်’ ဆိုတဲ့ စကားမျိုးတွေ သူတို့က ပြောကြပါတယ်” လို့ ရန်ကုန်မြို့အခြေစိုက် Strong Flowers Sexuality Education Services က အဗလင်း ယုယုဆွေက ပြောပါတယ်။

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ ဥပဒေကြောင်းအရ ရွေးချယ်စရာ နည်းနည်းသာရှိပြီး၊ ၁၉၄၈ ခုနှစ်က အဆုံးသတ်ခဲ့တဲ့ ကိုလိုနီခေတ် ဥပဒေတွေကို မပြောင်းမလဲ ဆက်လက်အသုံးပြုနေတာ၊ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေအများစုက ဒိတ်အောက်နေတာကြောင့်ဖြစ်တယ်လို့ လှုပ်ရှားသူတွေက ပြောပါ
တယ်။ ဥပမာအနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ တစ်ခုကိုပြရရင် ပြစ်မှုတွေကို သီးခြား ဖော်ပြထားခြင်းမရှိဘဲ ‘ကာအိနြေ္ဒပျက်ပြားရန် ရည်ရွယ်၍’ အမျိုးသမီးတစ်ဦးအပေါ် ကျူးလွန်မှုကို ရာဇ၀တ်မှုအဖြစ် သိမ်းကြုံး သတ်မှတ်ထားတာမျိုးပါ။

ရာဇ၀တ်မှုနဲ့ တရားစွဲဆိုဖို့ တရားရုံးရဲ့ သတ်မှတ်ချက်တွေ ပြည့်မီရင်တောင် ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ ရှေ့နေငှားဖို့၊ စာရေးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏ တောင်းလေ့ရှိတဲ့ လာဘ်ငွေကို ပေးဖို့ မတတ်နိုင်ကြဘူးလို့ ဒေါ်လှလှရီက ပြောပါတယ်။ တစ်ခါတစ်ရံမှာ အိမ်ထောင်ရှင်အမျိုးသမီးတွေက သူတို့ရဲ့ ခင်ပွန်းတွေကို တရားစွဲရင် မိသားစု ဒုက္ခရောက်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

“ကလေးတွေကို အကျဉ်းသားတစ်ယောက်ရဲ့ သားသမီးတွေအဖြစ် ရှုမြင်တာမျိုး သူတို့ မခံလိုကြပါဘူး”

လွှတ်တော်ကို တင်သွင်း အဆိုပြုထားတဲ့ ‘အမျိုးသားသမီးများအပေါ် အကြမ်းဖက်မှု တားဆီးရေး ဥပဒေ’ မူကြမ်းကို နိုင်ငံတကာ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေနဲ့ နှစ်ပေါင်းများစွာ ရေးဆွဲလာခဲ့တာပါ။

ဥပဒေမူကြမ်းကို ဘယ်သူတွေကန့်ကွက်လဲ

ဒါပေမယ့် လွှတ်တော်ကော်မတီထဲ ရောက်သွားတဲ့အခါမှာတော့ ၀န်ကြီးဌာနတွေက ဝေဖန်သူတွေဟာ လိင်အကြမ်းဖက်မှုကို ရှင်းရှင်လင်းလင်း အဓိပ္ပါယ်ဖွင့်ရမယ်ဆိုတဲ့ အပိုဒ်မျိုး၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ လိင်အကြမ်းဖက်တဲ့ စစ်သားတွေကို အရေးယူဖို့ ဖော်ပြထားတဲ့ အပိုဒ်မျိုးတွေကိုပြင်ဆင်ဖြတ်တောက်ပစ်ဖို့ ပြောလာကြတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ကုလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး အခုလုပ်နေတဲ့ ပြန်လှန်သုံးသပ်မှုဟာ ပြဿနာဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီမူကြမ်းကို ဝေဖန်သူတွေက တံခါးပိတ်အစည်းအဝေးတွေမှာ ၁၉ ရာစု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မက အမျိုးသမီးတွေကို ကာကွယ်ပေးထားပြီးသားဖြစ်ပြီး ဒီမူကြမ်းဟာ အမျိုးသားတွေကို တစ်ဖက်သက် ပစ်မှတ်ထားတယ်လို့ စောဒကတက်ခဲ့ကြောင်း ဒီဆွေးနွေးမှုမှာ ပါဝင်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

နောက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ စစ်သားတွေကို အရေးယူရေးဆိုတဲ့ အချက်ကို ကန့်ကွက်မှုက စစ်တပ်ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်တာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါ်နော်သာဝက ဆိုပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ ဒီလိုပြစ်မှုတွေကို စစ်ခုံရုံးတွေက ကိုင်တွယ်ထားပြီး အရပ်ဖက်ကို မရွှေ့သင့်ဘူးဆိုတာပါပဲလို့ သူမက ထည့်သွင်းပြောကြားပါတယ်။

“စစ်တပ်က အင်အားကြီးတယ်လေ။ သူတို့ (အချို့အာဏာပိုင်တွေ) က စစ်တပ် စိတ်ဆိုးအောင် မလုပ်ချင်ဘူး” လို့ ရန်ကုန်အခြေစိုက် အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Triangle Women Support Group က ဒါရိုက်တာ ဒေါ်ခင်လေးက ပြောပါတယ်။

မြန်မာနိုင်ငံကအမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို ကာကွယ်ပေးမယ့် ဥပဒေမူကြမ်းကို ကန့်ကွက်သူတွေထဲမှာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်း မဘသအဖွဲ့လည်း ပါဝင်ပါတယ်။

ဒီအဖွဲ့ဟာ ၂၀၁၅ ခုနှစ် စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရလက်ထက်မှာ အတည်ပြုခဲ့တဲ့ မျိုးစောင့်ဥပဒေ ၄ ခု ပေါ်ထွက်လာရေး အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အဖွဲ့ပါ။ ဒါပေမယ့် အခု အဆိုပြုထားတဲ့ ဥပဒေမူကြမ်းဟာ သူတို့ရဲ့ ဥပဒေတွေကို ထိခိုက်မှာ စိုးရိမ်နေပါတယ်။

မျိုးစောင့်ဥပေဒရဲ့ သိသာတဲ့ရည်ရွယ်ချက်က မွတ်စလင်လူ့အဖွဲ့အစည်းမှာ လူဦးရေတိုးလာမှုကို တားဆီးဖို့၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေနဲ့ မွတ်စလင်အမျိုးသားတွေအကြား လက်ထပ်တာကို ကန့်သတ်ဖို့ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ နယူးဆောက်သ်ဝေးလ်တက္ကသိုလ်က မြန်မာ့ဥပဒေရေးရာ ကျွမ်းကျင်သူ မီလီဆာ ခရောက်ခ်ျက ပြောပါတယ်။ နောက်ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ တိုင်းပြည်ရဲ့ အဓိကလူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်မဲပေးသူတွေကို စွဲဆောင်နိုင်ဖို့အတွက် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း ဒီမျိုးစောင့်ဥပဒေတွေကို ထောက်ခံခဲ့တယ်လို့ သူမက ထပ်ပြောပါတယ်။

ဒီမျိုးစောင့်ဥပဒေလေးခုဟာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် အရေးကြီးတယ်လို့ မဘသ ခေါင်းဆောင်တွေကဆိုပြီး ဥပမာအားဖြင့် အဲဒီအမျိုးသမီးတွေ သူတို့ရဲ့ ဘာသာတရား လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ကို အာမခံပေးထားတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အမျိုးသမီးအရေး လှုပ်ရှားသူတွေက ဒီဥပဒေတွေထဲမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေ၊ ဒါမှမဟုတ် အခြားအမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကနေ ကာကွယ်ပေးမယ့် ဖော်ပြချက်မျိုး မပါဝင်ဘူးလို့ ထောက်ပြပါတယ်။

ဖေဖော်ဝါရီလမှာ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက မနော်သာဝက အခုအဆိုပြုထားတဲ့ ဥပဒေမူကြမ်းဟာ မျိုးစောင့်ဥဒေက အပိုဒ်တွေကို ပယ်ဖျက်မှာဖြစ်ပြီး ဥပမာအားဖြင့် ပဋိသန္ဓေတားဆေးသုံးစွဲမှုနဲ့ပတ်သက်ပြီး အမျိုးသမီးတွေဟာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ဖို့ ခွင့်ပြုတာမျိုးဖြစ်တယ်လို့ Frontier Myanmar ကို ပြော
ပါတယ်။ ဒါပေမယ့် သူမဟာ အကျယ်တ၀င့် မပြောခဲ့ပါဘူး။ ကုလက မြန်မာနိုင်ငံမှာ မိသားစုစီမံကိန်း လုပ်ငန်းကို ဆန်းစစ်မှုမရှိခြင်းဟာ မီးဖွားစဉ် ကလေးနဲ့ မိခင်သေဆုံးမှုနှုန်းကို မြင့်တက်လာစေတယ်လို့ ပြောကြားထားပါတယ်။

မဘသ ခေါင်းဆောင်တွေကတော့ ၂၀၁၅ မျိုးစောင့်ဥပဒေကို အစားထိုးမယ့် ဘယ်လို ဆောင်ရွက်မှုမျိုးကိုမဆို သတိပေးထားပြီး သူတို့ကို ထောက်ခံသူတွေရဲ့ ဆန့်ကျင်မှုနဲ့ ကြုံတွေ့မယ်လို့ ပြောထားပါတယ်။

“NLD က ဒီလိုလုပ်မယ်ဆိုရင် သူတို့ဟာ ကျွန်တော်တို့ရဲ့ ထောက်ခံမှုကို ရရှိမှာ မဟုတ်ပါဘူး” လို့ မဘသမဂ္ဂဇင်းဖြစ်တဲ့ သာကီသွေးဂျာနယ်က အယ်ဒီကာ ကိုအောင်လင်းနိုင်က ပြောပါတယ်။

အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို ကာကွယ်ရေး အဆိုပြုထားတဲ့ ဥပေဒမူကြမ်းကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခြင်းမပြုဖို့ မဘသဟာ အစိုးရထဲက သူတို့ရဲ့ မဟာမိတ်တွေကို ဖိအားပေးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေမှာ ရှိနေပါတယ်။

ဒီဥပဒေကို အတည်ပြုပြီးသွားရင်တောင်မှ NLD ဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ခွာပြဲမှာကြောက်တဲ့အတွက် မျိုးစောင့်ဥပဒေကို ပယ်ဖျက်မှာမဟုတ်ဘူးလို့ ခရောက်ခ်ျက ပြောပါတယ်။ စစ်အစိုးရလက်ထက်မှာ ဥပဒေတစ်ခုရဲ့ ထိရောက်မှုဟာ ဒီဥပဒေကို ထောက်ခံတဲ့သူ ဒါမှမဟုတ် အဖွဲ့စည်းနဲ့ သက်ဆိုင်တယ်လို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်။ ဒါပေမယ့် အခု ‘ဒီမိုကရေစီတစ်ပိုင်း’ မြန်မာနိုင်ငံမှာတော့ ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ မရှိသေးဘူးလို့လည်း သူမက ဆိုပါတယ်။

“တရားရုံးတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ထည့်တာမျိုး မရှိပါဘူး”

Ref: NY Times

(New York Times တွင်ဖော်ပြထားသည့် As Myanmar Democratizes, Women’s Rights Lag Behind ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)



Comments are closed.