5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၄၊ ၂၀၁၇
M-Media

– အမေရိကန် ပေါ့ပ်အဆိုကျော် အရီယာနာ ဂရန်ဒီရဲ့ မန်ချက်စတာ ဂီတဖျော်ဖြေပွဲမှာ အသေခံ ဗုံးဖောက်ခွဲသူဟာ အစ္စလာမ်ကို ကိုယ်စားပြုသူမဟုတ်ဘူးလို့ ဂရိတ်တားမန်ချက်စတာ မြို့တော်ဝန် အန်ဒီ ဘန်ဟမ်က ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဒီဗုံးခွဲမှုမှာ ၂၂ ဦး သေဆုံးခဲ့ပြီး ကလေးတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ပြုလုပ်တဲ့ ရုပ်သံအင်တာဗျူးမှာ ဘန်ဟမ်က ဗြိတိန်လွှတ်တော်အမတ် ဂျိုကော့စ်ကို လူဖြူ ခရစ်ယာန်အစွန်းရောက်တစ်ဦးရဲ့ လုပ်ကြံခံရမှုနဲ့ နှိုင်းယှဉ်ပြီး ပြောကြားခဲ့ပါတယ်။

“ဒီလိုအကြမ်းဖက်လုပ်ရပ်ကြောင့် ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သွေးကွဲတာမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဒီကိစ္စအတွက် မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံးကို အပြစ်တင်ချင်တဲ့လူရှိရင် ဒါဟာ မှားတယ်လို့ ပြောပါရစေ။ ဒါဟာ အစွန်းရောက် လုပ်ရပ်တစ်ခုဖြစ်ပြီး ဒီလုပ်ရပ်မှာ ပါဝင်သူဟာ မွတ်စလင်လူ့
အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုသူ မဟုတ်ပါဘူး။ ဂျို ကော့စ်ကို သတ်တဲ့သူဟာ လူဖြူ ခရစ်ယာန်လူ့အဖွဲ့အစည်းကို ကိုယ်စားမပြုသလိုပေါ့”

လေဘာပါတီအမတ် ဂျို့ကော့စ်ကိုသတ်တဲ့ မစ္စတာ မီရ်ဟာ သေနတ်နဲ့မပစ်ခင် ‘ဗြိတိန်သည်သာ ပထမ’ လို့ အကြိမ်များစွာ အော်ဟစ်ခဲ့ပြီး ဓားနဲ့လည်း ထိုးခဲ့ပါတယ်။

အခု မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်သူဟာ အသက် ၂၂ နှစ်အရွယ် ဆလ်မန် အဘီဒီဆိုသူဖြစ်ပြီး လက်လုပ်ဗုံးနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ တာဝန်ယူခဲ့ပါတယ်။

မစ္စတာ ဘန်ဟမ်က “ဒီဖြစ်ရပ်ဟာ အစွန်းရောက်လုပ်ရပ်တစ်ခုဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒီအချက်ကို တစ်ချိန်လုံး သတိရနေရမယ်” လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ တိုက်ခိုက်မှုဟာ ၂၀၀၅ ခုနှစ် ဇူလိုင်လမှာ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၂ ဦး အသက်ဆုံးရှုံးခဲ့တဲ့ လန်ဒန် မြေအောက်ရထား ဗုံးခွဲတိုက်ခိုက်မှုပြီးတဲ့နောက် ဗြိတိန်သမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပါတယ်။

Ref: Independent

Tags: ,

Comments are closed.