5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၆၊ ၂၀၁၇
M-Media

ကချင်ပြည်နယ်မှ သမီးငယ်တစ်ဦး၏ ပုံရိပ်

– မြန်မာနိုင်ငံတွင် အဟာရချို့တဲ့မှုကြောင့် နေ့စဉ် အသက် ၅ နှစ်အောက်ကလေးငယ် ၁၅၀ ခန့် သေဆုံးနပြီး၊ ကလေးငယ်များ၏ ၃၀ ရာခိုင်နှုန်းမှာ အလယ်အလတ် အဟာရချို့တဲ့မှု၊ ဆိုးရွားသည့် အဟာရ ချို့တဲ့မှုများကို ခံစားနေရသည်ဟု ယူနီဆက်ဖ်မှ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၀ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း စစ်ပွဲများ၊ ဆင်းရဲမွဲတေမှု၊ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းတို့ကြောင့် ဝေးလံခေါင်ဖျား ဒေသများမှ ကလေးငယ်များမှာ ထိုအကျိုးဆက်ကို ခံစားရခြင်းမရှိဟုလည်း ယူနီဆက်ဖ်က ဆိုသည်။

“ကလေးငယ် ၂.၂ သန်းလောက်အတွက် ငြိမ်းချမ်းရေးကတိက၀တ်ကို မဖြည့်ဆည်းပေးနိုင်သေးသလို၊ ပိုကောင်းတဲ့အနာဂတ်ရဖို့ သူတို့ရဲ့ မျှော်လင့်ချက်ကလည်း ဆင်းရဲမွဲတေမှု၊ အခွင့်အလမ်းနည်းပါးမှု၊ အကြမ်းဖက်ခံရမယ်ဆိုတဲ့ ကြောက်ရွံ့မှု အမြဲတမ်းရှိနေမှုကြောင့် အဟန့်အတား ဖြစ်နေပါတယ်” ဟု အစီရင်ခံစာတွင်
ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင်များနှင့် ချုပ်ဆိုခဲ့သည့် အပစ်ရပ်ရေးစာချုပ်၊ ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရတက်လာမှုတို့ကြောင့် အကောင်းမြင်မှုမှာလည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှု မျှော်မှန်းထားသည်ထက် ပို၍ နှေးကွေးနေသောကြောင့် မှေးမှိန်သွားသည်ဟု ယူနီဆက်ဖ်က ဆိုသည်။

သို့သော်လည်း ကာကွယ်ဆေးထိုးရေး အစီအစဉ်နှင့် ပညာရေးအတွက် အစိုးရက ဘက်ဂျက်တိုးပေးခြင်း၊ ကလေးငယ်များကို ကာကွယ်ပေးမည့် ဥပဒေမူကြမ်းရေးဆွဲခြင်းတို့မှာ ကလေးငယ်များ၏ အခွင့်အရေးကို ခိုင်မာအောင် ဆောင်ရွက်လိုသည့် သဘောထားဖြစ်သည်ကို တွေ့ရကြောင်း ချီးကျူးခဲ့သည်။

Ref: smh

Comments are closed.