5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၃၊ ၂၀၁၇
M-Media

– မြန်မာနိုင်ငံဟာ ဥရောပတိုက် မြောက်ဘက်က ဆွီဒင်လို အနောက်ဘက်စွန်းစွန်းနိုင်ငံတစ်ခုနဲ့ တော်တော်လေး သွားတူတယ်လို့ပြောရင် နားလည်နိုင်မှ နားလည်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနှစ်နိုင်ငံစလုံးဟာ နိုင်ငံတကာရေးရာကိစ္စတွေမှာ ကြားနေ၀ါဒကို ခိုင်ခိုင်မာမာကျင့်သုံးမယ်လို့ အတိအလင်း ကြေငြာထားကြပါတ
ယ်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ သမိုင်းကြောင်းနဲ့ချီတဲ့ သက်ဆိုင်ရာ ရန်ဘက်တွေကို တရားဝင် ကာကွယ်ရေးမူဝါဒမှာ ဖော်ပြခြင်းမရှိတာကိုလည်း ထင်ထင်ရှားရှားတွေ့ရပါတယ်။

ဆွီဒင်မှာတော့ ဘယ်သူဘယ်ဝါလို့ ဖော်ပြထားခြင်းမရှိတဲ့ ရန်သူကို ‘ဖီ’ (fi) လို့သိကြပြီး ရန်သူ (fiende) ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ဆွီဒင်ရဲ့ ကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေအားလုံးဟာ အရှေ့ဘက်ကလာတဲ့ ဒီ အမည်မသိ ‘ဖီ’ ရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။ ဆိုလိုတာက ရုရှားပါ။ ၁၈ ရာစုနဲ့ ၁၉
ရာစုတွေမှာ ဆွီဒင်နဲ့ ရုရှားတို့ဟာ စစ်ပွဲတော်တော်များများ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ဆွီဒင်ကတော့ သူတို့ထက် အင်အားကြီးပြီး၊ နိုင်ငံလည်းကြီးတဲ့ ရုရှားကို ‘ဖီ’ လို့ အခုအချိန်အထိ အမည်တပ်ခြင်း မရှိပါဘူး။

မြန်မာနိုင်ငံရဲ့ ‘ဖီ’ ဟာ အမြဲတမ်း မြောက်ဖက်ပိုင်းက အင်အားကြီးအိမ်နီးချင်း တရုတ်နိုင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးမူဝါဒမှာတော့ ဒီလို အမည်တပ် ဖော်ပြထားတာမျိုး မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ စစ်ရေးစစ်ရာကို ကိုင်တွယ်သူတွေက ၁၈ ရာစုအတွင်း ကျူးကျော်မှုတော်တော်များများအပါအ၀င် သိပ်မကြာခင်က သမိုင်းကြောင်းတွေအရ ဘယ်လိုကျူးကျော်မှုမျိုးမဆို နိုင်ငံအရှေ့မြောက်ဖက်က ဖြစ်လာနိုင်ချေအရှိဆုံးဆိုတာ သိကြပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၉ ခုနှစ်မှာ မော်စီတုန်းနောက်လိုက် ကွန်မြူနစ်တွေရဲ့ ချေမှုန်းခြင်းခံလိုက်ရတဲ့ ကူမင်တန်တပ် အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တောင်တန်းတွေဘက်ကို ဆုတ်လာပြီး အဲဒီနေရာမှာ စခန်းချခဲ့ကြပါတယ်။

၁၉၆၈ ခုနှစ်မှာလည်း တရုတ် အပျော်တမ်းတပ်သားတွေ ပါဝင်ပြီး အကြီးအကျယ် လက်နက်တပ်ဆင်ထားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) က သူပုန်တွေဟာ အရှေ့မြောက်ဖက်က နယ်စပ်ကို ကျော်ဝင်လာပြီး မြန်မာ-တရုတ်နယ်စပ်က စကွဲယားကီလိုမီတာ ၂ သောင်းလောက်ကို သိမ်းလိုက်ကြပါတယ်။

ဒီနေ့မှာတော့ အဲဒီဒေသကို CPB ကို အဓိကအမွေခံထားတဲ့ ၀,သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်ထားပါတယ်။ ဒီအဖွဲ့ဟာ တရုတ်နိုင်ငံကနေ ရုပ်ပိုင်းဆိုင်ရာရော၊ နိုင်ငံရေးအရပါ ကြီးကြီးမားမား ထောက်ပံ့မှုရထားတဲ့ အဖွဲ့ပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို မျက်နှာနှစ်ဖက်ထား ကစားနေပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ သံတမန်ရေး ထောက်ပံ့မှုတွေက ‘မုန့်’ ဖြစ်ပြီး၊ UWSA ကို တစ်ဖက်လှည့်နဲ့ အားပေးနေတာက ‘တုတ်’ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာကွယ်ရေးမူဝါဒစာတမ်း (Defense White Paper) အရ နိုင်ငံရဲ့ ကာကွယ်ရေးမှာ ‘သမိုင်းနောက်ခံ၊ လူမှုစီးပွားရေးအခြေအနေနဲ့ ပြည်ထောင်စုရဲ့ ပထ၀ီအနေအထား ရှုထောင့်တွေကို ထည့်သွင်းစဉ်းစားဖို့’ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

တကယ်တော့ ဒီစာတမ်းမှာ တရုတ်နိုင်ငံကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် ၁၉၅၀ ပြည့်နှစ်တွေမှာ စစ်မှုထမ်းဟောင်း ဗိုလ်မှူးကြီးမောင်မောင် ရေးဆွဲတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာကွယ်ရေးမူဝါဒစာတမ်းမှာတော့ ဖော်ပြခဲ့ပါတယ်။

အမေရိကန်က မြန်မာ့စစ်တပ်ရေးရာ ကျွမ်းကျင်သူ မေရီ ကာလာဟန်က သူမရဲ့ စာအုပ် Making Enemies: War and State Building in Burma ထဲမှာ “မောင်မောင်ရဲ့ ရန်သူကို အဓိပ္ပါယ်ဖွင့်တာက ရိုးရှင်းပါတယ်။ ‘တရုတ်က ရန်သူဆိုတာ မေးခွန်းထုတ်စရာကို မလိုပါဘူး။ အိန္ဒိယတွေဟာ ပြဿနာသိပ်မရှိဘူး။ ထိုင်းေ
တွကလည်း မတောင့်တင်းဘူး။ လက်တွေ့ကျကျဆိုရရင် ပင်လယ်ပြင်ကနေ ဘယ်သူကမှ ငါတို့ကို ကျူးကျော်မှာမဟုတ်ဘူး'” လို့ ရေးသားထားပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ကုလတပ်တွေနဲ့၊ တရုတ်က အပျော်တမ်းတပ်ဖွဲ့တွေ ပံ့ပိုးတဲ့ မြောက်ကိုရီးယားတပ်တွေ တိုက်ကြတဲ့ ကိုရီးယားစစ်ပွဲကာလမှာ ဗိုလ်မှူးကြီးမောင်မောင်က အဲဒီလိုအဖြစ်မျိုး မြန်မာနိုင်ငံမှာ ပေါ်ထွက်လာနိုင်တယ်လို့ ရှုမြင်ခဲ့ပါတယ်။ ဒါ့ကြောင့် ‘ပင်လယ်ကနေ ကုလရဲ့ စစ်ကူတွေ ရောက်လာနိုင်မယ့်
အချိန်ကို သူက ခန့်မှန်းပြီး တရုတ်ရဲ့ ကျူးကျော်မှုကို ၃ လလောက် တားနိုင်မယ့် ခံစစ်မဟာဗျူဟာတစ်ခု ချမှတ်ထားဖို့ စစ်တပ်ကို အဆိုပြုခဲ့’ ပါတယ်။

စစ်ဖက်ဆိုင်ရာ အခြားသော လေ့လာသူတွေက ဧရာတီမြစ်ဟာ နိုင်ငံခြားကျူးကျော်မှုကို ကာကွယ်ဖို့ အကောင်းဆုံး ခံစစ်လိုင်းဖြစ်ပြီး၊ မြန်မာစစ်တပ်ဟာ ပြင်ပက အကူအညီလာတဲ့အထိ ဒီလိုင်းကနေ တောင့်ခံထားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ တရုတ်က ကျူးကျော်မှုဆိုတာ ဖြစ်လာနိုင်စရာ အလားအလာ မရှိပေမယ့် အတိတ်ကာလက ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်က ပံ့ပိုးပေးခဲ့တာကို မေ့ထားလို့ မရပါဘူး။

တကယ်တော့ နိုင်ငံမြောက်ပိုင်းက UWSA၊ သူ့ရဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့နဲ့ တရုတ်ရဲ့ ဆက်ဆံရေး ခိုင်မာနေတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းမှုကို ရှုပ်ထွေးစေမယ့်၊ ပျက်ဆီးကောင်းပျက်ဆီးနိုင်မယ့် လုံခြုံရေးဆိုင်ရာ အဓိကစိုးရိမ်မှုတစ်ခု ဖြစ်နေပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း ကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင်လည်း ဗိုလ်မှူးကြီးမောင်မောင်လက်ထက်ကနဲ့ သိပ်မကွာတာကို တွေ့ရပါတယ်။ အစောပိုင်းအဆင့်မှာ မြန်မာနိုင်ငံက စစ်လက်နက်ပစ္စည်းတွေ ကိုယ်တိုင် စထုတ်တယ်။ နောက်ပိုင်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကွန်ယက်တစ်ခုပေါ်လာခဲ့ပြီ။ စက်ရုံအားလုံးကို ဧရာဝတီမြစ်ရဲ့ အနောက်ဖက်မှာ တည်ဆောက်ထားပါတယ်။

၁၉၉၀ ပြည့်နှစ်တွေမှာ မြန်မာနိုင်ငံဟာ တရုတ်ကနေ လက်နက်တွေကို အဓိကတင်သွင်းခဲ့ပေမယ့် ကပစ စက်ရုံသစ်တွေ ဧရာဝတီမြစ်ရဲ့အနောက်မှာ တည်ရှိနေမှုဟာ ဖြစ်လာနိုင်တဲ့ တရုတ်ရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့ ဖြစ်ပုံရပါတယ်။ မစ်ဆိုင်းဒုံးကျည်တွေအပါအ၀င် အခြားသော လက်နက်သစ်တွေကို ထုတ်လုပ်နေတဲ့ သုတေသနဌာနတွေကလွဲလို့ လက်ရှိမှာ စက်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေဟာ ၂၀ ကျော်လောက် ရှိပါတယ်။

တရားဝင် ပူးပေါင်းဆောင်ရွက်မှုတွေ၊ မိတ်ဖက်ဆောင်ရွက်မှုတွေ ရှိနေပေမယ့်လည်း တရုတ်-မြန်မာဆက်ဆံရးဟာ ကျူးကျော်လိုတဲ့ စူပါပါဝါနိုင်ငံကြီးနဲ့ ချည့်နဲ့တဲ့ အိမ်နီးချင်းနိုင်ငံဆိုတဲ့ လိုင်းတွေကြားမှာ ချိန်ညှိနေရပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဟာ ဒီမိုကရေစီကို လိုလားနှစ်သက်တယ်ဆိုတာထက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေလုပ်ထားချိန် မြင့်တက်လာတဲ့ တရုတ်အပေါ် မှီခိုအားထားမှုကို လျော့ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စစ်တပ်က အားပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲမှုတွေက မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ‘ဖီ’ ဆိုတဲ့ရန်သူအပေါ် စိုးရိမ်မှု ဘယ်လောက်ဖြစ်လာလဲဆိုတာနဲ့၊ ဖွင့်မပြောပေမယ့် သိနေတဲ့ သူတို့ရဲ့ရန်သူက သေးငယ်ပြီး၊ အားနည်းတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ အနာဂတ်ကို ဘယ်လို ပုံဖော်မှုမျိုး ရှိလာနိုင်လဲဆိုတာကို ဖော်ပြနေတာလည်းဖြစ်ပါတယ်။

Ref Asia Times

(Asia Times တွင် Bertil Lintner ရေးသားသည့် Myanmar’s unspoken northern enemy ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.