5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၆၊ ၂၀၁၇
M-Media

ဗိတိန်ရဲတပ်ဖွဲ့က အကြမ်းဖက်သား ၃ ဦးထဲက ၂ ဦးရဲ့ အမည်တွေကို ထုတ်ပြန်ခဲ့ပြီး ခူရမ် ရှာဇဒ်ဘတ်နဲ့ ရာချစ် ရီဒူနီဖြစ်တယ်လို့ ဆိုပါတယ်။

– တနင်္ဂနွေနေ့ မနက်ပိုင်းက လန်ဒန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေကို အစ္စလာမ့် ထုံးတမ်းအရ ဈာပနအခမ်းအနားပြုလုပ်ပေးဖို့ ယူကေ အစ္စလာမ့်ဓမ္မပညာရှင်များအဖွဲ့ကြီးက ငြင်းဆိုလိုက်ပါတယ်။

လန်ဒန်တံတားမှာ ဗန်ကားနဲ့ဝင်တိုက်ကာ ဘိုရိုဈေးမှာ တွေ့ကရာလူကို ဓားနဲ့လိုက်ထိုးတဲ့ အဲဒီတိုက်ခိုက်မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အကြမ်းဖက်သမား ၃ ဦးကို အသေပစ်သတ်နိုင်ခဲ့ပါတယ်။

အဲဒီအကြမ်းဖက်သမား ၃ ဦးထဲက တစ်ဦးဟာ လန်ဒန်မြို့က ဗလီတစ်ခုမှာ ရှေ့ဆောင်အီမာမ်က တရားဟောနေစဉ် ၀င်ရောက်နှောက်ယှက်ခဲ့လို့ ဆွဲထုတ်ခံရသူဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်ရဲတပ်ဖွဲ့က အကြမ်းဖက်သား ၃ ဦးထဲက ၂ ဦးရဲ့ အမည်တွေကို ထုတ်ပြန်ခဲ့ပြီး ခူရမ် ရှာဇဒ်ဘတ်နဲ့ ရာချစ် ရီဒူနီဖြစ်တယ်လို့ ဆိုပါတယ်။

“အစ္စလာမ့်ရဲ့ အရေးပါတဲ့ ၀ိနည်းတွေအရ ကျွန်တော်တို့ဟာ ဒီကျူးလွန်သူတွေအတွက် အစ္စလာမ့်ထုံးတမ်းစဉ်လာအတိုင်း ၀တ်ပြုဆုတောင်းပေးမှာ မဟုတ်ပါဘူး။ အခြားသော ရှေ့ဆောင်အီမာမ်တွေနဲ့ ဘာသာရေး တာဝန်ရှိသူတွေကလည်း ဒီလိုလုပ်ပေးတာမျိုး မလုပ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ရှေ့ဆောင်အီမာမ်နဲ့ အစ္စလာမ့်ဓမ္မပညာရှင်ပေါင်း ၁၃၀ လောက်ပါဝင်တဲ့ ဒီအဖွဲ့က ဆိုရှယ်မီဒီယာမှာ လွှင့်တင်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီအကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေက အစ္စလာမ့်သင်ကြားမှုနဲ့ လုံးဝ ဆန့်ကျင်နေတာကြောင့် ဒီလို အစ္စလာမ့်ထုံးတမ်းအရ ဈာပနအခမ်းအနား ကျင်းပပေးဖို့ ငြင်းဆိုရတာဖြစ်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ ယူကေက ဘာသာပေါင်းစုံ ခေါင်းဆောင်တွေဟာ ဒီတိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။

‘အရှေ့လန်ဒန် ဗလီဝတ်ကျောင်းတော်’ က တရားဟောဆရာတစ်ဦးက မိမိတို့အနေနဲ့ အစွန်းရောက်သမားတွေကို တိုက်ဖျက်သွားမှာဖြစ်ပြီး၊ အဲဒီအုပ်စုတွေက အစ္စလာမ်ဘာသာတရားကို ‘ပုံဖျက်တာ၊ ထင်သလိုအသုံးချတာ’ တွေကိုလည်း တားဆီးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ နောက်ထပ် ညီညွတ်ရမှာဖြစ်ပြီး၊ ကျွန်တော်တို့ကို သွေးခွဲဖို့ ကြိုးစားတဲ့သူတွေကို ဆန့်ကျင်ဖို့ ကျွန်တော်တို့ စုစည်းရပါမယ်။ သွေးအေးတဲ့ ဒီလူသတ်သမားတွေက စနနေနေ့ ညပိုင်းမှာ လန်ဒန်က အပြစ်မဲ့သူတွေကို သတ်ဖြတ်လိုက်ခြင်းဟာ ကျွန်တော်တို့ကို သွေးခွဲနိုင်မှာ မဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒကို ကြိုးကိုင်နေသူတွေကို ရှင်းရှင်းလင်းလင်းပြောချင်တာက – ခင်းဗျားတို့ဟာ အစ္စလာမ်နဲ့ တမန်တော် မုဟမ္မဒ်သခင်ရဲ့ အဓိက သင်ကြားမှုတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာပါပဲ။ ခင်ဗျားတို့ရဲ့ လမ်းမှားမှုဟာ ခင်ဗျားတို့ကို ဖျက်ဆီးလိုက်ပြီး၊ ခင်ဗျားတို့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ကျဆုံးပါစေလို့ အလ္လာဟ်အရှင်မြတ်အထံတော်မှာ ဆုတောင်းပါတယ်။ ကျွန်တော်တို့ဟာ ဓမ္မအန္တရာယ်ဖြစ်တဲ့ ခင်ဗျားတို့ကို ဆန့်ကျင်မှာပါ။ အကြမ်းဖက်ဝါဒမှာ ဘာသာတရား မရှိပါဘူး” လို့ ‘အရှေ့လန်ဒန် ဗလီဝတ်ကျောင်းတော်’နဲ့ လန်ဒန် မွတ်စလင်စင်တာရဲ့ ဥက္ကဌဖြစ်သူ မိုဟာမက် ဟဘီဘွရ် ရဟ်မန်က ပြောကြားခဲ့ပါတယ်။

ဗြိတိဝန်ကြီးချုပ် ထရီဇာမေကလည်း အကြမ်းဖက်သမားတွေဟာ ‘အစ္စလာမ့် အမှန်တရားတွေကနေ သွေဖည်နေတယ်’ လို့ တနင်္ဂနွေနေနေ့မနက်မှာ ပြောကြားခဲ့ပါတယ်။

Ref: Independent

Comments are closed.