5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၆၊ ၂၀၁၇
M-Media

ဂျက်ဆီကာ ကိုဟန်နှင့် ဒေးဗစ် ဂရို့စ်မန်း

– ကမ္ဘာ့ထိပ်တန်း စာပေဆုတစ်ခုဖြစ်သော Man Booker International Prize ကို ရရှိခဲ့သည့် အမေရိကန် စာရေးဆရာမတစ်ဦးမှာ ဆုကြေးငွေကို ပါလက်စတိုင်းအရေး ဆောင်ရွက်နေသည့် အစ္စရေးလူ့အခွင့်အရေးအဖွဲ့တစ်ခုကို လှူဒါန်းမည်ဟု ပြောကြားခဲ့သည်။

ဗြိတိန်မှချီးမြှင့်သည့် အဆိုပါ Man Booker International Prize ဆုကို ဗုဒ္ဓဟူးနေ့ညနေ့တွင် လန်ဒန်၌ ပေးအပ်ခဲ့ပြီး အစ္စရေးစာရေးဆရာ ဒေးဗစ် ဂရို့စ်မန်းက A Horse Walks Into a Bar ဖြင့် အမေရိကန် ဘာသာပြန်စာရေးဆရာမ ဂျက်ဆီကာ ကိုဟန်နှင့်အတူ ထိုဆုကို ပူးတွဲရရှိခဲ့သည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးမှာ ဆုကြေးငွေ စတာလင်ပေါင် ၅ သောင်းကို ခွဲယူကြရမည် ဖြစ်သည်။ ကိုဟန်ကမူ သူမ၏ ဆုကြေးငွေတစ်ဝက်ကို အစ္စရေးက သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက်များရှိ ပါလက်စတိုင်းပြည်သူများအရေး ဆောင်ရွက်ပေးနေသည့် လူ့အခွင့်အရေးအဖွဲ့ B’Tselem ကို လှူဒါန်းသွားမည်ဟု ကြေငြာခဲ့သည်။

“သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အစ္စရေးက ကျူးလွန်နေတယ်လို့ သတင်းတွေထွက်နေတာ နှစ်ပေါင်း ၃၀ လောက် ရှိပါပြီ။ အမှန်တရားကိုပြောရင် နားခါးမယ်၊ စိတ်မသက်မသာဖြစ်မယ်၊ သူတို့တွေ နားမခံနိုင်ဖြစ်မှာ သေချာပေမယ့် ပြောကို ပြောရမှာပါ။ စာပေနယ်ပယ်အတွက်သာမကဘဲ ဘ၀ရှင်သန်မှုဘက်မှာလည်း ဒီလို ပြောရပါလိမ့်မယ်” ဟု ကိုဟန်က ဆုပေးပွဲတွင် ပြောကြားခဲ့သည်။

B’Tselem ၏ ပြောရေးဆိုခွင့်ရှိသူ အေမစ် ဂီလုဇ်က ကိုဟန်၏ ထိုကဲ့သို့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း၊ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်သွားသည်အထိ ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၆၃ နှစ်အရွယ် အစ္စရေးစာရေးဆရာ ဒေးဗစ် ဂရို့စ်မန်းမှာလည်း ပါလက်စတိုင်းများအပေါ် အစ္စရေးက လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် လူသိရှင်ကြား ဝေဖန်ဖူးသူ ဖြစ်သည်။

ယခုနောက်ပိုင်းတွင် အစ္စရေးအစိုးရမှာ ပါလက်စတိုင်းပြည်သူများအတွက် အကူအညီပေးအပ်နေသော NGO အဖွဲ့များကို နှိပ်ကွပ်ရန် ကြိုးစားလာသည်။

Ref: Aljazeera

Tags:

Comments are closed.