5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၀၊ ၂၀၁၇
M-Media

ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာဒုက္ခသည်စခန်း

– မြန်မာနိုင်ငံမှ ဒုက္ခသည် အရေအတွက်မှာ ၂၀၁၆ ခုနှစ် နှစ်ကုန်တွင် ၄၉၀၃၀၀ အထိ မြင့်တက်လာပြီး ထိုထဲမှ အများဆုံးဖြစ်သော ၂၇၆၂၀၀ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည်ဟု ကမ္ဘာ့ဒုက္ခသည်များနေ့အကြိုအဖြစ် ယမန်နေ့က UNHCR မှ ထုတ်ပြန်သည့် Global Trends အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာဒုက္ခသည် အရေအတွက်မှာ ၄၅၁၈၀၀ ဦး ရှိခဲ့ပြီး ယခုနှစ်တွင် ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဒုက္ခသည် ၂၇၆၂၀၀ ဦးတွင် ၂၄၃၀၀၀ မှာ ဒုက္ခသည်အနေအထားမျိုးဖြင့် နေထိုင်နေရသည်ဟုလည်း UNHCR က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရကမူ မြန်မာဒုက္ခသည် အရေအတွက်မှာ ၃ သိန်းမှ ၅ သိန်းကြားအထိ ရှိသည်ဟု ခန့်မှန်း တွက်ချက်ထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည် ၁၀၂၆၀၀ ဦး၊ မလေးရှားတွင် ၈၇၀၀၀ ဦးနှင့် အိန္ဒိယတွင် ၁၅၆၀၀ ဦး ရှိနေသည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုကာလတွင် ကမ္ဘာတစ်ဝှမ်း စစ်ပွဲများ၊ အကြမ်းဖက်မှုနှင့် ညှင်းပမ်းနှိပ်စက်မှုများကြောင့် ထွက်ပြေးရသူ အရေအတွက်မှာ မည်သည့်ကာလကမှ မရှိခဲ့သည့် အခြေအနေမျိုးဖြစ်သည်ဟု UNHCR က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ ၆၅.၆ သန်းရှိခဲ့ပြီး၊ တမြန်နှစ်ကထက် ၃ သိန်းခန့် မြင့်တက်လာခြင်းဖြစ်သည်ဟု UNHCR က နှစ်စဉ် ထုတ်ပြန်သော အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၆၅.၆ သန်းတွင် ၂၂.၅ သန်းမှာ ဒုက္ခသည်များ ဖြစ်နေပြီး၊ ၁၀.၃ သန်းမှာ ပြီးခဲ့သည့်နှစ်ကမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများဖြစ်သည်။ ၆.၉ သန်းမှာမူ မိမိတို့၏ နိုင်ငံအတွင်း ထွက်ပြေးနေရသူများဖြစ်ကာ စုစုပေါင်း ပမာဏအရ ၃ စက္ကန့်လျှင် လူတစ်ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သဘောသက်ရောက်နေသည်။

ဒုက္ခသည်များနှင့် ပြည်တွင်း ပြောင်းရွှေ့ထွက်ပြေးရသူများ အိမ်ပြန်လာနိုင်သည့်ပမာဏ၊ တတိယနိုင်ငံများတွင် အခြေချရေးအပါအ၀င် ဒုက္ခသည်ပြဿနာအား ဖြေရှင်းပေးနိုင်မှု ပမာဏမှာ ၂၀၁၆ ခုနှစ်တွင် တိုးတက်လာခဲ့သည်ဟု UNHCR က ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၃၇ နိုင်ငံက ဒုက္ခသည်ပေါင်း ၁၈၉၃၀၀ ဦးကို ပြန်လည်နေရာချထားပေးခဲ့သည်။

ကမ္ဘာ့တစ်ဝှမ်းတွင် ဒုက္ခသည်များ၏ ၈၄ ရာခိုင်နှုန်းမှာ ၀င်ငွေအလတ်အလတ်ရှိသော၊ သို့မဟုတ် ၀င်ငွေနိမ့်သော နိုင်ငံများတွင် ရှိနေပြီး၊ ၎င်းတို့ထဲမှ ၄.၉ သန်မှာ ဖွံ့ဖြိုးမှုအနည်းဆုံး တိုင်းပြည်များတွင် ရှိနေသည်။

ဆီးရီးယားနိုင်ငံ၏ လူဦးရေ သုံးပုံနှစ်ပုံဖြစ်သော ၁၂ သန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ကမ္ဘာပေါ်တွင် ထွက်ပြေးရသူအများဆုံး နိုင်ငံဖြစ်နေသည်။

Ref: The Daily Star

Comments are closed.