5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၊ ၂၀၁၇
M-Media

– အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဘရွန်စ်ဘိုရိုဒေသတွင် သေနတ်သမားတစ်ဦးက ချေမှုန်းရေးရိုင်ဖယ်ဖြင့် ဆေးရုံတစ်ခုအတွင်းသို့ ၀င်ရောက်ပစ်ခတ်မှုကြောင့် ဆရာဝန်တစ်ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကုတင် ၁၀၀၀ ဆန့် Bronx-Lebanon ဆေးရုံတွင် ယမန်နေ့ နေ့လည် ၂ နာရီ ၅၅ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်သမားမှာ ဆေးရုံတွင် အလုပ်လုပ်ခဲ့ဖူးသည့် ဆရာဝန်ဟောင်းဖြစ်ကာ ၎င်းကိုယ့်ကိုယ် သေနတ်ဖြင့် ပစ်၍ သတ်သေသွားသည်။

မြို့တော်ဝန် ဘီလ် ဒဲလ် ဘလာစီယိုက ပစ်ခတ်မှုမှာ အကြမ်းဖက်လုပ်ရပ်မဟုတ်ဘဲ လုပ်ငန်းခွင်နှင့် ပတ်သက်၍ မကျေနပ်မှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဒဏ်ရာရသူ တော်တော်များများမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့က သေနတ်သမားမှာ ဆရာဝန်များဝတ်သည့် အဖြူရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး ရိုင်ဖယ်ကိုလည်း ၎င်း၏ဘေးနားတွင် တွေ့ရကြောင်း၊ ပစ်ခတ်မှုမှာ ဆေးရုံ၏ ၁၆ ထပ်နှင့် ၁၇ ထပ်တို့တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သတင်းဌာနများက သေနတ်သမားမှာ အသက် ၄၅ နှစ်အရွယ် ဟင်နရီ ဘယ်လိုဆိုသူဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အဆိုပါဆေးရုံ၏ ထုတ်ပယ်ခံရမှုမှ လွတ်ကင်းရန်အတွက် နှုတ်ထွက်သွားခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။

အမေရိကန်တွင် ဆေးရုံသို့ ၀င်ရောက်ပစ်ခတ်မှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း ပုံမှန်လိုလို ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစတွင် ဘော့စတွန်ဆေးရုံတွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ဖလောရီဒါ ဆေးရုံ၌ တစ်ကြိမ် သေနတ်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

Ref : BBC

Tags:

Comments are closed.