5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၃၊ ၂၀၁၇
M-Media

– အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အစ္စရေးရဲနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ပါလက်စတိုင်း သေနတ်သမား ၃ ဦးမှာ အလ်အက်ဆာဗလီအနီးရှိ ဂိတ်ပေါက်ဝတစ်ခုတွင် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ပြီးနောက် ထွက်ပြေးခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ သေနတ်သမားအားလုံး သေဆုံးသွားခဲ့သည်ဟု အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထို့နောက် အစ္စရေးရဲတပ်ဖွဲ့က ဗလီဝတ်ကျောင်းတော်ကို ပိတ်ပစ်ခဲ့ကာ သောကြာနေ့ဝတ်ပြုမှုမလုပ်ရန် တားမြစ်ခဲ့သည်။ သေနတ်သမားများမှာ စက်သေနတ် ၂ လက်၊ ပစ္စတို တစ်လက်နှင့် ဓားတစ်ချောင်းပါဝင်သည်ဟုလည်း အစ္စရေးရဲတပ်ဖွဲ့က ဆိုသည်။

အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်တွင် အပတ်စဉ် သောကြာနေ့တိုင်း ပါလက်စတိုင်းပြည်သူ သောင်းချီ ၀တ်ပြုလေ့ရှိပြီး ယခုကဲ့သို့ အစ္စရေးက ဗလီအား ပိတ်ပင်မှုမှာ နှစ်များစွာအတွင်း ပထမဆုံးဖြစ်ကာ တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

ထို့ပြင် အစ္စရေမှာ ဂျေရုစလင် မြို့ဟောင်းအတွင်းသို့ ၀င်ရောက်ခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။

“သောကြာနေ့ဝတ်ပြုမှုကို ပိတ်ပင်တာဟာ မမျှတတဲ့ လုပ်ဆောင်ချက်ပါ။ အလ်အက်ဆာဗလီမှာ အခြေအနေသစ်တစ်ရပ်ဖန်တီးဖို့ စောစောပိုင်းက ဖြစ်ခဲ့တာတွေကို အစ္စရေးက အမြတ်ထုတ်နေတာပါ” ဟု အလ်အက်ဆာဗလီမှ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူ ရှိခ် အိုမာရ် ကက်စ်ဝါနီက ပြောကြားခဲ့သည်။

သီးခြားအဖြစ်အပျက်တစ်ခုအဖြစ် အစ္စရေးတပ်ဖွဲ့ဝင်များမှာ ၎င်းတို့သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဘက်သလီဟမ်တောင်ဘက် ဒုက္ခသည်စခန်း စီးနင်းမှုအတွင်း အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို ယနေ့တွင် ပစ်သတ်ခဲ့သည်။

အစ္စရေးတပ်ဖွဲ့များနှင့် ဂျူးအခြေချနေထိုင်သူများက အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာမှစ၍ ဖြစ်ပွားခဲ့သော တင်းမာမှုများတွင် အစ္စရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခတ်ခဲ့သည့် ပါလက်စတိုင်းစတိုင်းအရေအတွက်မှာ ယခုအချိန်အထိ ၂၅၄ ဦး ရှိလာပြီဖြစ်သည်။

အစ္စရေးကမူ အများစုမှာ ၎င်းတို့အား တိုက်ခိုက်သူများဖြစ်သည်ဟု ပြေကြားထားသည်။ ထိုကာလအတွင်း ပါလက်စတိုင်းတိုက်ခိုက်သူများကြောင့် အစ္စရေး ၄၃ ဦး၊ အမေရိကန်ခရီးသွား ၂ ဦးနှင့် ဗြိတိန်ခရီးသွား တစ်ဦးတို့ သေဆုံးခဲ့သည်။

Ref: Aljazeera

Tags:

Comments are closed.