6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၄၊ ၂၀၁၇
M-Media

– ယူကေမြို့တော် လန်ဒန်အရှေ့ပိုင်းတွင် အက်စစ်ဖြင့်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူအများအပြားမှာ မျက်နှာတွင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရမှုများ ရှိခဲ့ကာ ရဲတပ်ဖွဲ့ကမူ ဆယ်ကျော်သက် ၂ ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။

ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က တိုက်ခိုက်သူ ၂ ဦးမှာ ဆိုင်ကယ်ဖြင့် မိနစ် ၉၀ အတွင်း နေရာ ၅ ခု၌ လူများကို အက်စစ်ဖြင့် ပက်ခဲ့ကြောင်း၊ ၎င်းတို့၏ ဆိုင်ကယ်များ အခိုးခံရမှုကြောင့် ထိုကဲ့သို့ တိုက်ခိုက်ခြင်း ဖြစ်ပုံရကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်ခံရသူများတွင် ၁ ဦးမှာ ဘ၀တစ်ခုလုံးကို ထိခိုက်နိုင်သည့် ဒဏ်ရာမျိုး ရရှိထားသည်ဟုလည်း ဆိုသည်။

ထိုတိုက်ခိုက်မှုအတွက် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ၂ ဦးကို လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဇွန်လအတွင်းကလည်း လန်ဒန်အရှေ့ပိုင်းတွင် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၀မ်းကွဲညီအမတစ်ဦးမှာ မွေးနွေးပွဲကျင်းပပြီးအပြန်တွင် အက်စစ်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

Ref : The Guardian

Tags:

Comments are closed.