5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဝါရှင်တန်ပို့စ်။
By and Harrison Akins
၂၃-၁၀-၂၀၁၂

source: http://www.washingtonpost.com/blogs/guest-voices/post/aung-san-suu-kyi-the-rohingya-of-burma-and-the-challenge-of-faith/2012/10/24/31901eda-1e11-11e2-9cd5-b55c38388962_blog.html

“She came she saw, she conquered.” အမေရိကန်ကွန်ကရက်ရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူခဲ့စဉ်မှာတော့ သူမက လိုက်လျောဖော်ရွေနေတဲ့ ကန်ထိပ်သီးနိုင်ငံရေးခေါင်းဆောင်တွေနဲ့အတူ ရင်ပေါင်တန်းခဲ့တာ ဂုဏ်ယူဖွယ်ပါ။ သူမက ကမ္ဘာ့အာရုံစူးစိုက်မှုကို ဖမ်းစားထားတာတင်မဟုတ်ဘဲ ကမ္ဘာ့အချစ်တော်လည်း ဖြစ်ခဲ့သူပါ။ ဂျွန်မက်ကိန်းကဆိုရင် သူရဲ့ကိုယ်ပိုင်သူရဲကောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ပါလို့တောင် ပြောဆိုခဲ့ပါတယ်။

အမေရိကန်တက္ကသိုလ်ကို ဂုဏ်ပြုဒေါက်တာဘွဲ့ယူဖို့ လာရောက်တော့လည်း သူမရဲ့ပုံရိပ်က ကျွန်တော်တို့အတွက် စွမ်းအားပြင်းခဲ့သေးတာပေါ့။ သူမကတော့ လွတ်လပ်ခြင်းအတွက်  ဟစ်တိုင်၊ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်။ ဒါတွေတင်မက ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားများအတွက်ရော၊ လူနည်းစု တိုင်းရင်းသားများအတွက်ပါ ဆန္ဒဖော်ထုတ်နိုင်ဖို့ စမ်းပေါက်တစ်ခုဖြစ်ပါတယ်။ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေကတော့ မြန်မာပြည်ရဲ့ ဖိနှိပ်တဲ့အစိုးရလက်ထက်မှာ အချိန်ကြာမြင့်စွာ ဖြတ်သန်းကျင်လည်ခဲ့ရတာပါ။

သူမကတော့ နိုင်ငံရေးခေါင်းဆောင်အဖြစ်သာမက ဗုဒ္ဓဘာသာဝင်များရဲ့ ကရုဏာတရားအတွက်လည်း ဟစ်တိုင်ဖြစ်နေပါသေးတယ်။ ဒါ့ပြင် အဖိနှိပ်ခံတွေရဲ့ မဟာမိတ်ဆိုလည်း ဟုတ်ပါတယ်။ ဗုဒ္ဓကတော့ သူ့သာသနာရဲ့ သဘောသဘာဝမှာ ကိုယ်ချင်းစာတရားသည် ဗဟိုချက်မဖြစ်တယ်၊ တပါးသူရဲ့ ဂုဏ်သိက္ခာကို လေးစားရမယ်ဆိုတဲ့အချက်တွေကို ထိထိမိမိ ဟောပြောခဲ့ပါတယ်။

ဒါပေမယ့် ဒေါ်စုကြည်ကတော့ မြန်မာပြည်က လူ့အခွင့်အရေးဆိုင်ရာ အရေးအကြီးဆုံး ပြဿနာရပ်ကြီးအပေါ်မှာ လုံးဝနုတ်ဆိတ်နေတာကတော့ စိတ်ဝင်စားဖွယ်ဖြစ်နေဆဲပါ။ အဲဒီလူ့အခွင့်အရေးပြဿနာရပ်ကြီးကတော့ ရိုဟင်ဂျာများရဲ့ ဒုက္ခဗျာပါဒတွေပါပဲ။

လက်ရှိ ဒီမိုအသွင်ပြောင်း ဦးသိန်းစိန်အစိုးရကလည်း ဒီရိုဟင်ဂျာတွေရဲ့ ပြဿနာရပ်ကို ပုံသဏ္ဌာန်မပြောင်း ပေးရုံမက ၂၀၁၂ ဇူလိုင်လမှာ ရိုဟင်ဂျာတွေကို အသိအမှတ်မပြု၊ သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကို လည်း အသိအမှတ်မပြု၊ သူတို့ကို ကုလမဟာမင်းကြီးရုံးဆီ လွှဲပြောင်း ပေးအပ်လိုကြောင်း ဖော်ပြထားတဲ့ ကြေငြာချက်တောင် ထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာမှာတော့ ဗုဒ္ဓဘာသာရဟန်းတွေဟာ ဗုဒ္ဓရဲ့ သွန်သင်ချက်ကို ဆန့်ကျင်ပြီး အန္တီရိုဟင်ဂျာ ဆန္ဒပြပွဲတွေတောင် ကျင်းပပြီး ဦးသိန်းစိန်ရဲ့ အဆိုကို ထောက်ခံခဲ့ကြပါတယ်။ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီကိုလည်း ပြည်တွင်း ရုံးစိုက်ပြီး အထောက်အပံ့ပေးရေးကိစ္စမှာ မြန်မာအစိုးရက ပိတ်ဆို့ဟန့်တားခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ မငြိမ်သက်သေးလို့ဘဲဖြစ်ပါတယ်။

မြန်မာလူထုရဲ့ ရာနှုန်း ၃၀ လောက်ကတော့ ဗမာမဟုတ်တဲ့ လူမျိုးခြားတွေပါ။ သူတို့ကတော့ စစ်တပ်အုပ်ချုပ်ရေးအောက်မှာ အဖိနှိပ်ခံပြစ်မှတ်တွေပါ။ ရိုဟင်ဂျာတွေကတော့ သီးခြားခွဲထွက်နေတဲ့ အခြိမ်းခြောက်ခံတွေပါ။

၁၉၆၂ မှာ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပါတယ်။ အောင်ဆန်းရဲ့ အတွင်းအမြင်တွေကို ဖယ်ရှားပြီး မျိုးချစ်စိတ်ဓာတ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံကာ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဆိုတဲ့အယူဆီကို ပြောင်းလဲခဲ့ပါတော့တယ်။ ရိုဟင်ဂျာတွေကတော့ ဗမာလည်းမဟုတ်ဘူး၊ မွတ်စလင်ဆိုပြီးတော့လည်း ကင်ပွန်းအတပ်မခံရဘူး၊ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ မှားယွင်းချွတ်ချော်စွာ နာမည်အတပ်ခံရပါတယ်။

၁၉၇၈ မှာ ဆောင်ရွက်ခဲ့တဲ့ စစ်တပ်ရဲ့ နဂါးမင်းခေါ်တဲ့ လူမျိုးခြားရှင်းလင်းသုတ်သင်မှုစစ်ဆင်ရေးကတော့ တိုင်းပြည်တွင်းက နိုင်ငံသားဖြစ်ရင်ဖြစ်၊ မဟုတ်ရင်တော့ ခိုးဝင်လာသူဆိုတဲ့ ပုဒ်မတပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ရိုဟင်ဂျာတွေကတော့ မုဒိန်းကျင့်ခံရတယ်၊ အကြောင်းပြချက်မရှိဖမ်းဆီးခံရတယ်၊ ဗလီတွေဖျက်ခံရတယ်၊ ရွာတွေအဖျက်ခံရတယ်၊ မြေယာတွေ အလုခံရတယ်။

၁၉၉၁ မှာတော့ ဒုတိယမ္ပိစစ်ဆင်ရေးလုပ်ပြန်ပါတယ်။ နာမည်က ပြည်သာယာစစ်ဆင်ရေး။ ရည်ရွယ်ချက်ကတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း တထေရာတည်းပါ။ ရလဒ်က ရိုဟင်ဂျာပေါင်း ၂ သိန်းလောက်ဟာ ဘင်္ဂါလားဒေ့ရှ်ကို ဒုက္ခသည်တွေအဖြစ် ထွက်ပြေးခဲ့ရပါတယ်။ ယနေ့ကျန်ရစ်တဲ့ ရိုဟင်ဂျာ ၃ သိန်းလောက်ကလည်း စားစရာမရှိ၊ ဆေးအထောက်အပံ့နတ္ထိ။ မွတ်စလင်အဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း ငြင်းဆန်ပယ်ချပစ်ကြပါတယ်။

၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေဆိုတာကတော့ ရိုဟင်ဂျာတွေကို ထိရောက်စွာ နှိမ်နှင်းတဲ့ ဥပဒေပါ။ နိုင်ငံသားဖြစ်ခွင့်မရမှာတော့ ရိုဟင်ဂျာတွေဘ၀ကျောင်းဖို့ဆိုတာ ခက်ခဲသွားပါပြီ။ သူတို့တွေဟာ ရွာအပြင်ထွက်ပြီး ခရီးသွားခွင့်ပိတ်ပင်ခံရတယ်၊ သူတို့ရဲ့ ၀တ်ပြုရာကျောင်းဆောင်တွေ ပြုပြင်ခွင့်မရဘူး၊ ပညာသင်ခွင့် လက်ထပ်ထိမ်းမြားခွင့်ပိတ်ပင်ခံရတယ်။ သူတို့တွေက အဲဒီလိုပိတ်ပင်ခံထားရတာကို ချိုးဖောက်မယ်ဆိုရင် (သူတို့အခွင့်အရေးကို သူတို့အပြစ်မဲ့စွာရယူမယ်ဆိုရင်)  ထောင်ချခံရမယ်၊ ထောင်ထဲမှရိုက်နှက်ခံရမယ်၊ အမျိုးသမီးဆိုရင် ဆက်တိုက်မုဒိန်းကျင့်ခံရမယ်။

အဖေမပေါ်တဲ့ ကိုယ်ဝန်ဆောင်ကတော့ မောင်းထုတ်ခံရမယ်၊ ဒါမှမဟုတ် အန္တရာယ်အများလှတဲ့ ကိုယ်ဝန်ဖျက်ချမှုပုံစံမျိုးနဲ့ ကလေးဖျက်ချခံရမယ်၊ ဒီတော့ အများစုက သေဆုံးကြရပါတယ်။

ရိုဟင်ဂျာတွေကတော့ ခေတ်သစ်ကျေးကျွန်တွေပါပဲ။ သူတို့ကို အဓမ္မစေခိုင်းမှုတွေလည်း ရှိနေပါတယ်။ အမျိုးသမီးတွေကို ဗမာလုံခြုံရေး တပ်သားတွေက ပြည့်တန်ဆာအဖြစ်မတရားသိမ်းသွင်းကြပါသေးတယ်။

မြန်မာအစိုးရရဲ့ တံခါးဖွင့်ဒီမိုကရေစီကတော့ အများကြီးလုပ်ဖို့ ကျန်ပါသေးတယ်။ နယ်လ်ဆင်မင်ဒဲလားလို့ ဆင်တူတဲ့ ဒေါ်စုကြည်ကတော့ ရိုဟင်ဂျာအရေးကိစ္စမှာ ပါဝင်ပြီး ချစ်ခင်ကြည်နူးဖွယ်လူ့အဖွဲ့အစည်းကို တည်ထောင်ပေးသင့်ပါတယ်။ ဒီအထဲမှာ ရိုဟင်ဂျာတွေသာမက တိုင်းရင်းသားလူနည်းစုအားလုံးကိုလည်း ပါဝင်စေရပါမယ်။ သူမက သူမရဲ့ ဗုဒ္ဓဘာသာယုံကြည်ချက်အတိုင်း ကိုယ်ချင်းစာတရားကိုပြသမယ်ဆိုရင် တော့ အားလုံးက သူမနောက်လိုက်ကြမှာပါ။

ရိုဟင်ဂျာတွေကို စနစ်ကျစွာ အန္တရာယ်ပြုနေခြင်းကို ရပ်တန့်မှာသာလျှင် မြန်မာပြည်ကို နိုင်ငံတကာကရော သူ့ရဲ့ပြည်သူတွေကပါ တရားဝင်ဒီမိုနိုင်ငံအဖြစ် မြင်ကြမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအတွက်ပထမခြေလှမ်းကတော့ ရိုဟင်ဂျာများတည်ရှိနေခြင်းကို အသိအမှတ်ပြုပေးရပါလိမ့်မယ်။

Leave a Reply