1 week ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 weeks ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
4 weeks ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
4 weeks ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
1 month ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
1 month ago
ရိုးရာ လက်ဝှေ့ အဖွဲ့ချူပ် ပြက္ခဒိန်တွင် ထွန်းထွန်းမင်း ဓါတ်ပုံ ချန်ထားခံရ
2 months ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ ဖိတ်ကြားလွှာ (ရန်ကုန်)
2 months ago
ရွှေတိဂုံစေတီ ဝတ္တကမြေအတွင်း ဘာသာခြားများကို ဈေးရောင်းခွင့် ကန့်သတ်ထားခြင်း မရှိဟုဆို
2 months ago
ပြည်မြို့ ဆေးရုံကြီးအတွက် သိန်း(၁၂၀၀) တန်ဖိုးရှိ ကျောက်ကပ်ဆေးစက် (၅) လုံး လှူဒါန်း
2 months ago
ဘာသာခြားများကိုသတ်ရန် ခြိမ်းခြောက်လှုံ.ဆော်သူကို ထောင် ၈ ရက်ပြစ်ဒဏ်ချ

ဇူလိုင် ၁၇၊ ၂၀၁၇
M-Media

စစ်အာဏာရှင်လက်ထက်က မြန်မာနှင့် မြောက်ကိုရီးယားဆက်ဆံရေးမှ ပုံရိပ်တစ်ခု

– မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အချိန်မှာ မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးက မိမိတို့အနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်အသွယ်မရှိဘူးလို့ ဒီနေ့မှာ ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။

မြောက်ကိုရီးယားကို ၀ိုင်းပယ်ရေး သေချာအောင်ဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ သံအမတ် ဂျိုးဆက်ပ်ယန်ရဲ့ ဒီခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ ဒီနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။

ယန်ဟာ စင်ကာပူက အစည်းအဝေးတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ တက်ရောက်ခဲ့ပြီး အဲဒီအစည်းအဝေးကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ယန်လာရောက်မှုဟာ အရင်က မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေရှိခဲ့တဲ့ မြန်မာစစ်တပ်အနေနဲ့ အခုအချိန်မှာလည်း ဆက်လက်ပြီး ဆက်ဆံနေလားဆိုတာနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မှုကို ဖော်ပြနေတာလည်းဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ယန်ဟာ မြန်မာနိုင်ငံမှာ ဘာတွေဆွေးနွေးမယ်ဆိုတာကိုတော့ အမေရိကန်က အကြောင်းမကြားထားဘူးလို့ ဆိုပါတယ်။

“အစကတည်းက သိပ်ပြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒါပေမယ့် သူဟာ မြောက်ကိုရီးယားဆိုင်ရာ အထူးသံအမတ်ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်”

မြောက်ကိုရီးယားနဲ့ပတ်သက်လို့ ကုလက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက လိုက်နာနေကြောင်းလည်း အမြဲတမ်းအတွင်းဝန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့နှစ်နိုင်ငံက ပုံမှန်ဆက်ဆံရေးပဲ ရှိပါတယ်။ ကျွန်တော်နားလည်သလောက်ဆိုရင် စစ်တပ်အချင်းချင်း ဆက်ဆံရေးမျိုး မရှိပါဘူး။ လုံးဝပါပဲ”

မြောက်ကိုရီးယားကို ပိုပြီး ၀ိုင်းပယ်ထားဖို့ အမေရိကန်က မေလမှာ အရှေ့တောင်အာရှနိုင်ငံတွေကို တောင်းဆိုခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုပြီးတဲ့နောက်ပိုင်း ဒီကိစ္စကို ပိုပြီးတော့ အားထုတ်ကြိုးပမ်းလာပါတယ်။

Ref: Reuters

Comments are closed.