5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၇၊ ၂၀၁၇
M-Media

– ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းက ကလေးငယ် ၈ သောင်းကျော်ဟာ အဟာရပြတ်လပ်မှုကြောင့် ကိုယ်အလေးချိန်ကျဆင်းကာ သေဆုံးမယ့်အန္တရာယ်ရှိနေပြီး၊ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ ဒီပြဿနာကို နောက်တစ်နှစ်အတွင်းမှာ ဖြေရှင်းပေးဖို့လိုနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြော
ကားလိုက်ပါတယ်။

ကျေးရွာတွေမှာ လုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုတွေကို အခြေခံကာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ရိုဟင်ဂျာတွေဟာ အစားအသောက် အကြပ်အတည်းနဲ့လည်း ရင်ဆိုင်နေရကြောင်း၊ မောင်တောခရိုင်မှာဆိုရင် အစားသောက်ပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ဖြစ်နေကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ခရိုင်အတွင်း အိမ်ထောင်စုတွေရဲ့ ၄ ပုံ ၁ ပုံမှာ အရွယ်ရောက်တဲ့ အမျိုးသမီးတစ်ဦးသာ ရှိနေပြီး စစ်တပ်က ပြုလုပ်ခဲ့တဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းကြောင့် အမျိုးသားတွေဟာ ထွက်ပြေးသွားကြကာ အဲဒီအိမ်ထောင်စုတွေဟာ ဆိုးဆိုးရွားရွား ငတ်မွတ်ခေါင်းပါးမှုအခြေအနေ ဖြစ်တယ်လို့ WFP ရဲ့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

အသက် ၂ နှစ်အောက် ဘယ်ကလေးမှ အနိမ့်ဆုံးလိုအပ်တဲ့ အဟာရတွေ မရရှိဘဲ လူပေါင်း ၂၂၅၀၀၀ လောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်တမ်းကောက်ယူမှုမှာ တွေ့ခဲ့ရပါတယ်။

“အသက် ၅ နှစ်အောက်ကလေးငယ် ခန့်မှန်းခြေ ၈၀၅၀၀ လောက်ဟာ နောက်ထပ် ၁၂ လကြာရင် ဆိုးဆိုးဝါးဝါး အစာရပြတ်လပ်မှုကြောင့် ဆေးကုသပေးရမယ့် အနေအထားမျိုးကို တွေ့နေရပါတယ်” လို့ အစီရင်ခံစာကဆိုပြီး မြန်မာနိုင်ငံက WFP ရဲ့ ပြောရေးဆိုခွင့်ရှိသူက အဟာရပြတ်လပ်မှုကြောင့် ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းမှုဟာ ကိုယ်ခံအားကို ထိခိုက်စေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“၂၀၁၆ ခုနှစ် နှောင်းပိုင်းကတည်းက လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေ၊ အကြမ်းဖက်နှိမ်နှင်းမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် အဲဒီဒေသတွေမှာ စားနပ်ရိက္ခာ ဖူလှုံရေးဟာ တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုတာ စစ်တမ်းက အတည်ပြုနိုင်ခဲ့ပါတယ်” လို့ WFP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

WFP ရဲ့ စစ်တမ်းကောက်ယူမှုအတွင်း အကြမ်ဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသတွေက ဈေးထက်ဝက်နီးပါးလောက်ဟာ လုံးဝမဖွင့်နိုင်တာ၊ အပြည့်အ၀ မဖွင့်နိုင်တာမျိုးတွေ ဖြစ်နေပြီး အစားသောက်ဈေးတွေကလည်း အတက်အကျ မြန်နေကြောင်း၊ ပရိုတိန်းဓာတ် အများဆုံးပါဝင်ပြီး ဈေးပေါပေါနဲ့ရနိုင်တဲ့ ငါးခြောက်တောင်မှ ရှားပါးနေကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာက နယ်ခြားစောင့်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရခိုင်တိုင်းရင်းသားတွေကို အစိုးရအစီအစဉ်နဲ့ ကယ်ထုတ်တာ၊ ထောက်ပံ့တာတွေလုပ်ခဲ့ပေမယ့် ရိုဟင်ဂျာမွတ်စလင်တွေကတော့ ဒီလို ကယ်ဆယ်ရေးအကူအညီတွေ ရရှိခဲ့ခြင်း မရှိပါဘူး။

Ref: The Guardian

Comments are closed.