5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၉၊ ၂၀၁၇
M-Media

သံသယရှိသူပေါင်း ၁၀၀ ကျော်ပါဝင်သည့် စစ်ဆေးမှုအတွင်း ထိုင်းစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen မှာ လူကုန်ကူးမှု၊ လာဘ်စားမှုနှင့်ပတ်သက်၍ စွဲချက်မြောက်များစွာအတွက် ယနေ့တွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ တရားသူကြီးများက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

– ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူကုန်ကူးမှုတွင် ပါဝင်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက စစ်ဆေးမှုအတွင်း ဗိုလ်ချုပ်ကြီးတစ်ဦးမှာ အပြစ်ရှိသည်ဟု တရားသူကြီးများက ယနေ့တွင် ဆုံးဖြတ်လိုက်သည်။

သံသယရှိသူပေါင်း ၁၀၀ ကျော်ပါဝင်သည့် စစ်ဆေးမှုအတွင်း ထိုင်းစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen မှာ လူကုန်ကူးမှု၊ လာဘ်စားမှုနှင့်ပတ်သက်၍ စွဲချက်မြောက်များစွာအတွက် ယနေ့တွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရ၍ တရားသူကြီးများက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တရားမ၀င်လူကုန်ကူးမှု၏ ဂိုဏ်းချုပ်ဖြစ်သည်ဟု ယူဆရသော Pajjuban Aungkachotephan မှာလည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ Pajjuban Aungkachotephan မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဆာတွန်ပြည်နယ်မှ ထင်ရှားသည့် စီးပွားရေးသမားနှင့် နိုင်ငံရေးသမားဟောင်းလည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရိုဟင်ဂျာအလောင်း ၃၆ ခု မြှုပ်နှံထားသည့်နေရာများကို တွေ့ရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူ ၁၀၀ ကျော်တွင် မြန်မာနိုင်ငံသားများ၊ ထိုင်းရဲတပ်ဖွဲ့ဝင်များ၊ ဒေသတွင်းနိုင်ငံရေးသမားများ ပါဝင်သည်။

ထိုကဲ့သို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာများကို တွေ့ရှိမှုမှာ မြန်မာနိုင်ငံတွင် ဖိနှိပ်မှုများကြောင့် ထွက်ပြေးလာရသည့် ရိုဟင်ဂျာများအား လူကုန်ကူးကာ မလေးရှားသို့ ပို့ပေးရာ၌ ပြန်ပေးငွေရရန် တောထဲတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ကွန်ယက်များကို ပေါ်ထွက်လာစေခဲ့သည်။

ထိုင်းအစိုးရမှာ ယခုနှစ်အစမှစ၍ ထိုကိစ္စအတွက် တရားစွဲဆို စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထိုအမှုအား ဦးဆောင်ကိုင်တွယ်နေသည့် ထိုင်းရဲတပ်ဖွဲ့မှ ဗိုလ်ချုပ် Paween Pongsirin က ထိုင်းနိုင်ငံမှ ထင်ရှားသည့်ပုဂ္ဂိုလ်များမှာ ထိုပြဿနာနှင့် ဆက်စပ်နေသည်ကို တွေ့ရှိရပြီးနောက် ၎င်းတို့က မိမိအား သတ်ပစ်ချင်နေသည့်အတွက် ကြောက်ရွံ့နေသည်ဟု ပြောဆိုကာ သြစတေးလျသို့ ထွက်ပြေးလာပြီးနောက် ထိုအမှုမှာ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ထိုင်းအာဏာသိမ်းအစိုးရကမူ မိမိတို့အဖြင့် နိုင်ငံ၏ အဓိကလုပ်ငန်းအဖြစ် ဦးစားပေးကာ လူကုန်ကူးမှုကို တိုက်ဖျက်သွားမည်ဟု ပြောကြားထားသည်။

Ref: Aljazeera

Comments are closed.