5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၅၊ ၂၀၁၇
M-Media

– ကမ္ဘာကြီးပူနွေးလာမှုကို မထိန်းနိုင်ပါက ဥရောပတိုက်တွင် အပူလှိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ ယခုရာစုနှစ်အကုန်တွင် တစ်နှစ် ၁၅၂၀၀၀ အထိ ရှိလာမည်ဟု သုတေသနပညာရှင်များက The Lancet Planetary Health ဂျာနယ်တွင် သတိပေးပြောကြားလိုက်သည်။

အဆိုပါ သေဆုံးသူအရေအတွက်မှာ အထူးသဖြင့် ဥရောပတောင်ပိုင်းတွင် ပိုမိုမြင့်တက်ဖွယ်ရှိနေပြီး လက်ရှိ တစ်နှစ် လူတစ်သန်းတွင် ၁၁ ဦး ရှိနေရာမှ၊ ၇၀၀ အထိ မြင့်တက်လာဖွယ်ရှိနေသည်ဟု ဆိုသည်။

အနာဂတ်တွင် ရာသီဥတုနှင့်ဆက်နွယ်သည့် သေဆုံးမှု ၉၉ ရာခိုင်နှုန်းတွင် အများစုမှာ အပူလှိုင်းကြောင့် ဖြစ်လာမည်ဖြစ်ပြီး လက်ရှိ တစ်နှစ်၂၇၀၀ ခန့် သေဆုံးနေရာမှ သက္ကရာဇ် ၂၁၀၀ တွင် ၁၅၁၀၀၀ ကျော်အထိ ရောက်လာဖွယ်ရှိနေသည်။

“ကမ္ဘာကြီးပူနွေးလာမှုကို သင့်လျော်ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ချက်ချင်း တားဆီးတာမျိုး မလုပ်ဘူးဆိုရင် ဥရောပသား သန်း ၃၅၀ လောက်ဟာ အခုနှစ် ရာစုအကုန်မှာ နှစ်စဉ် အန္တရာယ်ရှိတဲ့ ရာသီဥတု ဆိုးဝါးမှုနဲ့ တွေ့ကြုံလာနိုင်ပါတယ်” ဟု ဂျာနယ်တွင် ဖော်ပြထားသည်။

သုတေသနပညာရှင်များမှာ ဥရောပ ၂၈ နိုင်ငံနှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်တို့၌ ရာသီဥတုနှင့် ဆက်စပ်သော ကိစ္စရပ်များကို ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကြာ လေ့လာဆန်းစစ်ခဲ့ပြီး အဆိုပါ ကာလအတွင်း တစ်နှစ်လျှင် ဥရောပတိုက်၏ လူဦးရေ ၅ ရာခိုင်နှုန်းဖြစ်သော လူပေါင်း ၂၅ သန်းမှာ ရာသီဥတုဆိုးဝါးမှုကို ခံရသော်လည်း ၂၁၀၀ ခုနှစ်တွင် တစ်နှစ် လူပေါင်း ၃၅၁ သန်းခန့် ခံစားရဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။

အဆိုပါခံစားရမှုတွင် ရာသီဥတုဆိုးရွားသည့် အဖြစ်အပျက်များကြောင့် ရောဂါဘယများ၊ ဒဏ်ရာအနာတရများနှင့် သေဆုံးမှုများ ဖြစ်သည်ဟု ပညာရှင်များက ထည့်သွင်း ပြောဆိုခဲ့သည်။

Ref: Aljazeera

Comments are closed.