6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၆၊ ၂၀၁၇
M-Media

ခရစ်ယာန် ၆၀ ကျော်ကို IS လက်မှ ကယ်တင်ပေးခဲ့သည့် နူရ်ဒင် လွတ်ကမန်

– မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေက ညီအစ်ကိုဖြစ်ပြီး အခြားဘာသာဝင်တွေကို တတ်နိုင်သမျှ ကူညီကယ်တင်ပေးဖို့ အစ္စလာမ်က သွန်သင်တယ်လို့ ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့မှာ ခရစ်ယာန် ၆၄ ယောက်ကို IS အကြမ်းဖက်သမားတွေလက်ထဲကနေ သက်စွန့်ဆံဖျား ကယ်ထုတ်ပေးခဲ့တဲ့ အစ္စလာမ့်ဓမ္မပညာရှင် နူရ်ဒင် လွတ်ကမန်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော် မက္ကာနဲ့ ကိုင်ရိုတို့မှာ (အစ္စလာမ်အကြောင်း) လေ့လာသင်ယူခဲ့ပါတယ်။ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေဟာ ညီအစ်ကိုတွေဖြစ်တယ်လို့ သင်ရတယ်။ ကျွန်တော်တို့အနေနဲ့ အခြားဘာသာဝင်တွေကို ကာကွယ်ရမှာဖြစ်ပြီး ဒါဟာ လူသားဝါဒရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ကုရ်အာန်က သွန်သင်ပါတယ်” လို့ လွတ်ကမန်က ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုပြည်နယ်မှာ မွေးဖွားခဲ့တဲ့ လွတ်ကမန်ဟာ အခုအချိန်မှာ အသက် ၆၁ နှစ်ရှိနေပြီး အစ္စလာမ့်ဓမ္မနဲ့ တရားရေးပညာကို မက္ကာက Umm al-Qura တက္ကသိုလ်မှာ သင်ယူခဲ့တာပါ။

လွတ်ကမန်ဟာ မာရာဝီမြို့က မြို့မိမြို့ဖတစ်ဦးဖြစ်ပြီး ဇွန်လအတွင်း IS အကြမ်းဖက်သမားတွေရဲ့ မြို့ကို စီးနင်းတိုက်ခိုက်မှုဟာ ရက်အနည်းငယ်သာ ကြာမြင့်မယ်လို့ သူက ထင်ခဲ့ပါတယ်။

အနီးအနားက ခရစ်ယာန်တွေကိုလည်း လွတ်ကမန်က သူ့အိမ်မှာ ခိုလှုံခွင့်ပေးခဲ့ပြီး တစ်ပတ်အတွင်းမှာ မြို့အတွင်း ပိတ်မိနေတဲ့ ခရစ်ယာန် ၇၀ လောက်ဟာ သူ့အိမ်ရောက်လာပါတယ်။ တိုက်ပွဲတွေက တစ်ဖြည်းဖြည်း ပြင်းထန်လာပြီး လွတ်ကမန်တို့လူစုဟာလည်း အစားအစာ ပြတ်တောက်တော့မယ့် အခြေအနေအထိ ရောက်လာခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ လွတ်ကမန်ဟာ IS တွေကြားထဲကနေ ဖောက်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခရစ်ယာန်အမျိုးမီးတွေကို မွတ်စလင်အမျိုးသမီးတွေ ၀တ်ဆင်လေ့ရှိတဲ့ ခြုံထည်တွေကို ၀တ်ဆင်ပေးပြီး အမျိုးသားတွေကိုတော့ ကလေးတွေချီကာ မိသားစုပုံစံမျိုး ဖန်တီးပေးခဲ့ပါတယ်။ နောက်ပြီး IS တွေကို လှည့်စားဖို့အတွက် ‘အလ္လာဟုအက္ကဘရ်’ (အလ္လာအရှင်မြတ်သည် ကြီးမြတ်တော်မူသည်) ဆိုတဲ့ စကားလုံးကို ကျယ်ကျယ်အော်ဆိုဖို့ သူက ညွှန်ကြားခဲ့ပါတယ်။

လွတ်ကမန်တို့အုပ်စုဟာ လမ်းမှာ IS အကြမ်းသမားတွေနဲ့ တွေ့ခဲ့ပေမယ့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံးမှာ ခရစ်ယာန် ၆၄ ဦးကို ဘေးလွတ်ရာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

လွတ်ကမန်ရဲ့ ဒီလုပ်ရပ်အတွက် ဖိလစ်ပိုင်ပြည်သူတွေက သူရဲကောင်းတစ်ယောက်လို့ ချီးကျူးခဲ့ကြပေမယ့် သူကတော့ ဒီလိုမခံယူဝံ့ကြောင်း၊ အသက်တစ်ချောင်းကို ကယ်တင်ခြင်းဟာ လူသားအားလုံးကို ကယ်တင်ခြင်းဖြစ်တယ်ဆိုတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ဆိုဆုံးမမှုအတိုင်း ကယ်တင်ခဲ့သာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူရဲကောင်းတစ်ယောက်လို လုပ်ခဲ့တာမဟုတ်ဘူး။ မာရာဝီမှာ ပြဿနာတွေဖြစ်တော့ ကျွန်တော်က အိမ်မှာရှိတယ်။ အိမ်နားမှာ လက်သမားတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေအဖြစ် လုပ်နေတဲ့ ခရစ်ယာန်တွေရှိတာကြောင့် ဓားစားခံမဖြစ်အောင် သူတို့ကို ကျွန်တော့်အိမ်ခေါ်လာဖို့ ကျွန်တော့် ကောင်လေးတွေကို ခိုင်းခဲ့တာပါ။ ကျွန်တော် သူရဲကောင်းမဟုတ်ပါဘူး။ ကျွန်တော်လုပ်ခဲ့သလိုပဲ ပြဿနာတွေဖြစ်နေပေမယ့် ခရစ်ယာန်လုပ်သားတွေကို မစွန့်ပစ်ခဲ့တဲ့ အခြားမွတ်စလင်အလုပ်ရှင်တွေလည်း အများကြီး ရှိပါတယ်”

မာရာဝီမြို့ကို IS အကြမ်းဖက်သမားတွေ စီနင်းသိမ်းပိုက်ထားတာဟာ ၃ လရှိလာပြီဖြစ်ပြီး ဖိလစ်ပိုင်အစိုးရကလည်း ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ တိုက်ပွဲတွေကြောင့် အခုအချိန်အထိ အနည်းဆုံး အကြမ်းဖက်သမား ၅၆၂ ဦး သေဆုံးပြီး၊ စစ်တပ်ဖက်ကတော့ ၁၂၈ ဦး ကျဆုံးခဲ့ပါတယ်။ အရပ်သားသေဆုံးမှုကတော့ ၄၅ ဦး ရှိပါပြီ။

Ref: Alarabiya

Comments are closed.