2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၈၊ ၂၀၁၇
M-Media

ရာဇာ တင်ဆက်သည်

(အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

– အီလက်ထရောနစ်အခြေပြုပဲဖြစ်ဖြစ် စက္ကူအခြေပြုပဲဖြစ်ဖြစ် သတင်းအချက်အလက် ဆက်သွယ်ဆောင်ရွက်မှုဟာ အန္တရာယ်များတဲ့ လုပ်ငန်းတစ်ခုပါ။ ကိုယ့်ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ မလိုသူတွေလက်ထဲ ရောက်မသွားအောင်လို့ သတင်းအချက်အလက်တွေကို ပုံဖျက်ထားရပြီး၊ လက်ခံမယ့်သူက ဒီနည်းလမ်းကို သိမှသာ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီလို သတင်းအချက်အလက်တွေ ပုံဖျက်ပေးပို့မှု နာမည်ကျော်ကြားလာတာ ဒုတိယကမ္ဘာစစ်အတွင်းမှာဖြစ်ပြီး ဂျာမန်တွေဟာ သူတို့ရဲ့ သတင်းအချက်အလက်တွေကို ရေဒီယိုကနေ မထုတ်လွှင့်ခင် Enigma လို့ခေါ်တဲ့ လက်နှိပ်စက်လိုစက်တစ်ခုနဲ့ ပုံဖျက်ခဲ့ကြပါတယ်။ အဲဒီ ပုံဖျက်ထားတဲ့ သတင်းအချက်အလက်တွေကို Cipher Bureau က ပိုလန် စကားဝှက်ဖော်သူတွေနဲ့ Bletchley Park က ဗြိတိန်စကားဝှက်ဖော်သူတွေဟာ ပြန်ဖြည်ခဲ့ကြပါတယ်။

၂၀ ရာစုမှာ ဒီ ၀ှက်စာပြဿနာကို ဖြေရှင်းခဲ့ရသူတွေဟာ ၉ ရာစု ဘဂ္ဂဒတ်မြို့က မွတ်စလင်စွယ်စုံရပညာရှင်ကြီး အလ်-ကင်ဒီ (Al-Kindi) ပထမဆုံးချပြခဲ့တဲ့ စကားဝှက်ဖော်နည်းပညာကို လက်ဆင့်ကမ်း သယ်ဆောင်လာကြသူတွေ ဖြစ်ပါတယ်။ အလ်-ကင်ဒီတို့ ခေတ်ကာလက စာပို့ရာမှာ ငှက်တွေကို အသုံးပြုရတာကြောင့် ရေးမယ့်စာဟာ ပေါ့ပါးဖိုလိုအပ်ပြီး၊ အရေးကြီးတဲ့ အကြောင်းအရာတွေကို စကားဝှက်တွေနဲ့ ပေးပို့ကြပါတယ်။ ‘၀ှက်စာများကို ဖော်ထုတ်နည်းဆိုင်ရာကျမ်း’ (Manuscript on Deciphering Cryptographic Messages) စာအုပ်နဲ့ အလ်-ကင်ဒီဟာ စကားဝှက်ရေးနည်း ပညာရပ်ကို တော်လှန်ပြောင်းလဲပစ်ခဲ့ပါတယ်။ သာမန်စကားလုံးတစ်လုံးကို အခြားစာလုံး ဒါမှမဟုတ် သင်္ကေတစ်ခုနဲ့ ဖလှယ်လိုက်မယ်ဆိုရင် စာပိုဒ်ရဲ့ မူရင်းအနေအထား ပြောင်းလဲသွားတာကို သတိပြုမူခဲ့ပြီး ဒီလို စာလုံးအား ပြောင်းလဲတဲ့နည်းလမ်းကို ဒီကျမ်းထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အင်္ဂလိပ်စာပေကို ကြည့်မယ်ဆိုရင် e ဆိုတဲ့စကားလုံးဟာ အင်္ဂလိပ်ဘာသာစကာားမှာ ၁၃ ရာခိုင်နှုန်းလောက်မှာ ပါဝင်နေပြီး အဲဒီ e ကို # ဆိုတဲ့ သင်္ကေတနဲ့ ပြောင်းတဲ့အခါမှာ စကားလုံးအသစ် ၁၃ ရာခိုင်နှုန်းလောက် ထွက်လာမှာဖြစ်ပါတယ်။ စကားဝှက်ဖော်သူတစ်ယောက်ဟာ # ဆိုတာ e ကို ကိုယ်စားပြုတယ်ဆိုတာကို သိနေရင် စာတွေကို ဖော်လို့ရပါပြီ။

ကုန်အာန်ကျမ်းရဲ့ အာရဘီစကားလုံးကို သေသေချာချာ လေ့လာမှုကနေ အလ်-ကင်ဒီဟာ စကားလုံးတွေရဲ့ ၀ိသေသလက္ခဏာတွေ၊ အားတွေကို တွေ့ရှိခဲ့ပြီး စကားဝှက်ရေးနည်းရဲ့ အခြေခံအုတ်မြစ်တွေကို ချပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဥရောပရဲ့ ဉာဏ်သစ်လောင်းအရေးတော်ပုံအတွင်း စကားဝှက်ပညာရှင်တွေဟာ ဒီအခြေခံတွေကို အသုံးပြုပြီး အခြားသော စကားဝှက်နည်းလမ်းတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ စကားဝှက်ဖော်နည်း၊ ကုဒ်ဖြည်နည်းတွေကို အလ်-ကင်ဒီက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀ အရင်ကတည်းက ဖော်ထုတ်ခဲ့ပေမယ့် ‘စကားဝှက်လေ့လာခြင်း’ ဆိုတဲ့ ဘာသာရပ်ဟာ မကြာသေးခင်ကမှ ပေါ်ပေါက်လာတာဖြစ်ပြီး ၁၉၂၀ ခုနှစ်မှာ ၀ီလီယံဖရီဒ်မန်း (William Friedman) ဆိုသူက ပထမဆုံး ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

သာမန် ဗျဉ်းစကားလုံးကို အသုံးပြုတဲ့ ရှေးခေတ်စကားဝှက်တွေ၊ ကုဒ်တွေကို ဖြည်ဖို့အတွက် စကားလုံးရဲ့ အားကို လေ့လာခြင်း (Frequency analysis) ဟာ အခုအချိန်မှာ အခြေခံအချက်တစ်ခု ဖြစ်နေပါတယ်။ ဒါဟာ ဘာသာဗေဒ၊ ကိန်းဂဏန်သင်္ကေတဆိုင်ရာ အသိပညာတွေနဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ စွမ်းရည်ပေါ်မှာ မှီခိုနေပါတယ်။

ခေတ်သစ်စကားဝှက်နည်းတွေက ပိုမိုရှုပ်ထွေးပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် အမေရိကန်နဲ့ ဗြိတိန်တို့ဟာ သတင်းစာတွေထဲမှာ စကားဝှက်ပဟေဠိတွေထည့်တာ၊ ဒီလို စကားဝှက်တွေ အမြန်ဆုံးဖော်နိုင်သူကို ဆုချတဲ့ ပြိုင်ပွဲတွေလုပ်တာမျိုးတွေနဲ့ ပါရမီရှိသူတွေကို ရွေးချယ်ခဲ့ပါတယ်။

“စကားဝှက်ပညာ ပေါ်ပေါက်လာဖို့ဆိုတာ ဘာသာဗေဒ၊ ကိန်းဂဏန်းသင်္ကေတနဲ့ သင်္ချာဆိုတဲ့ ပညာရပ် ၃ ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားတဲ့ အသိုင်းအ၀ိုင်းတစ်ခု လိုပါတယ်။ အလ်-ကင်ဒီရဲ့ လက်ထက်မှာ ဒီလိုအခြေအနေမျိုးရှိခဲ့ပြီး သူကိုယ်တိုင်ကလည်း ဒီ ပညာရပ် ၃ ခုစလုံးနဲ့ အခြားပညာရပ်တွေကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူ ဖြစ်ပါတယ်” (ဒေါက်တာ ဆိုင်မွန် ဆင်း ရေးသားခဲ့ပြီး ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့သည့် The Code Book စာအုပ်မှ)

လေကြောင်းစာပို့စနစ်

၉ ရာစု စွယ်စုံရ မွတ်စလင်ပညာရှင်ကြီး အလ်-ကင်ဒီ

အခုအချိန်မှာ လေကြောင်းစာပို့စနစ်ကို စာထက် ကုန်ပစ္စည်း ပို့ဆောင်ရေးတွေမှာသာ အသုံးပြုကြပါတော့တယ်။ ဒါပေမယ့် အရင်တုန်းက ဒီလို လေကြောင်းစာပို့စနစ်ကို ခိုတွေအသုံးပြုပြီး လုပ်ခဲ့ရတာပါ။

စာပို့ခိုတွေအကြောင်း ရေးသားထားတဲ့ မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ အဘ်ဒဲလ် ဒါဟီရ် (Ibn Abd al-Dhahir) ရဲ့ စာအုပ်မှာ အဲဒီအချိန်က ဆက်သွယ်ရေးစင်တာကြီးဖြစ်တဲ့ ကိုင်ရိုမြို့က ရဲတိုက် အထပ်ခိုးမှာ ခိုပေါင်း ၁၉၀၀ လောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

မွတ်စလင်ရာဇ၀င်ဆရာတစ်ဦးဖြစ်တဲ့ အလ်-နူဝေရီ (Al-Nuwayri) က ၁၀ ရာစု ဖာတီမိုက်မင်းဆက် ဘုရင်အဇစ် (Aziz) ဟာ လက်ဘနွန်က ချယ်ရီးသီးစားချင်တဲ့ဆန္ဒ ဖြစ်လာတာကြောင့် စာပို့ခိုတစ်ကောင်နဲ့ စာပို့လိုက်တဲ့အခါ ချယ်ရီးသီးတစ်လုံးစီပါဝင်တဲ့ ပိုးအိတ်ကို ခြေထောက်တစ်ဖက်ဆီမှာ ချည်နှောင်ထားတဲ့ ခိုအကောင်ပေါင်း ၆၀၀ လောက် အဇစ်ဆီကို ရောက်လာခဲ့တဲ့ဆိုတဲ့ အဖြစ်အပျက်တစ်ခုအကြောင်းကို ရေးသားခဲ့ပါတယ်။ ကိုယ့်ရဲ့အာသီသကို စာပို့ အသိပေးပြီနောက်ပိုင်း ၃ ရက်အတွင်းမှာပဲ  လေကြောင်းနဲ့ရောက်ရှိလာတဲ့ လက်ဘနွန်က လတ်လတ်ဆတ်ဆတ် ချယ်ရီသီး ၁၂၀၀ ကို ဘုရင်အဇစ်က ပွဲတော်တည်ခဲ့ရပါတယ်။

ဝှက်စာဖော်နည်း

ကျွန်တော်တို့သိတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ စကားဝှက်ကို ဖော်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ အဲဒီ ဘာသာစကားက သာမန်စကားလုံးလေးတွေကို စာတစ်မျက်နှာအပြည့်လောက် ချရေးဖို့ လိုပါတယ်။ ပြီးရင် အဲဒီစာပိုဒ်ထဲမှာ အများဆုံးပါဝင်တဲ့ စာလုံးကို ‘ပထမစာလုံး’၊ ဒုတိယအများဆုံးပါဝင်တဲ့ စာလုံးကို ‘ဒုတိယစာလုံး’ လို့ သတ်မှတ်ပြီး အဲဒီစာမျက်နှာထဲမှာ ပါဝင်တဲ့ စာလုံးအားလုံးကို ရေတွက်ကာ ချရေးလိုက်ပါ။ ပြီးတဲ့နောက် ကိုယ်ဖော်ချင်တဲ့ဝှက်စာထဲမှာ ပထမအများဆုံးပါဝင်တဲ့ သင်္ကေတ၊ ဒုတိယအများဆုံးပါဝင်တဲ့ သင်္ကေတ စသဖြင့် တစ်လုံးချင်းစီ ရွေးထုတ်ပြီး အခုနက မှတ်ထားတဲ့ စာလုံးတွေနဲ့ ဖလှယ်ပါ။ သင်္ကေတတွေ ကုန်သွားတဲ့အခါမှာတော့ ဖော်ချင်တဲ့ စာပိုဒ်ဟာ အဓိပ္ပါယ်ပေါ်လာမှာ ဖြစ်ပါတယ်။

(၉ ရာစု မွတ်စလင်ပညာရှင်ကြီး အလ်-ကင်ဒီက ၎င်း၏ Manuscript on Deciphering Cryptographic Messages ကျမ်းတွင် ရေးသားထားသည့် စကားဝှက်ဖော်နည်း တစ်စိတ်တစ်ပိုင်း)

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

 

Comments are closed.