5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၉၊ ၂၀၁၇
M-Media

– အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး အထင်မှားအမြင်မှားဖြစ်နေတာတွေကို ဖယ်ရှားဖို့၊ နိုင်ငံအတွင်းက မွတ်စလင်လူ့အဖွဲ့အစည်းကို ပြတ်သားတဲ့ ဦးဆောင်မှုပေးဖို့အတွက် ဗြိတိန်တစ်ဝှမ်းက ထိပ်တန်း ရှေ့ဆောင်အီမာမ်တွေဟာ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ကောင်စီတစ်ခု ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။

ဗြိတိန်က ထင်ရှားတဲ့ ရှေ့ဆောင်အီမာမ်တွေထဲက တစ်ဦးဖြစ်သူ ကာရီ အာဆင်မ်က လက်ရှိဖွဲ့စည်းမယ့် အဖွဲ့အသစ်ဟာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေကို မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း၊ ဗြိတိန်မွတ်စလင်တွေ မျှော်လင့်နေတဲ့ ဦးဆောင်မှုကောင်းကိုပေးကာ အားလုံးကိုကိုယ်စားပြုတဲ့အသံကို ထုတ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“မွတ်စလင်တွေဟာ သူတို့ရဲ့ ဘာသာရေးအမှတ်သညာ၊ အမျိုးသားရေးအမှတ်သညာတွေအတွက် ဂုဏ်ယူနေကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုမှာ တရားဓမ္မဆိုင်ရာ တိကျတဲ့လမ်းညွှန်ချက်တွေကို လုံလုံလောက်လောက် မရရှိပါဘူး” ဟု အာဆင်မ်က ဆိုသည်။

ဗြိတိန်က မွတ်စလင်လူ့အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုနိုင်မယ့် ဒီအဖွဲ့ဟာ ပြဿနာတွေ ဖြေရှင်းရေးအတွက် အစိုးရကို အကြံဉာဏ်တွေ ပေးမှာဖြစ်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းမှာရှိနေတဲ့ အမြင်အမျိုးမျိုးအတွက် ခိုင်လုံတိကျတဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်ပေးသွားဖို့လည်း ရှိနေပါတယ်။

“အဓမ္မလက်ထပ်ခိုင်းတာမျိုး၊ အမျိုးသမီးတွေ လိင်အင်္ဂါဖြတ်ပစ်တာမျိုး၊ ဂုဏ်သိက္ခာအတွက် သတ်ဖြတ်တာမျိုးတွေလို လူမှုနိုင်ငံရေးပြဿနာတွေအတွက် ရှင်းလင်းတဲ့အဖြေမျိုး ပေးသွားဖို့ ဖြစ်ပါတယ်။ ဒီကျင့်သုံးမှုတွေဟာ အစ္စလာမ်က သတ်မှတ်ထားတာမဟုတ်ဘဲ လူမျိုးစုနောက်ခံတွေကနေ မွတ်စလင်လူအဖွဲ့အစည်းထဲ စိမ့်ဝင်လာတဲ့ဓလေ့ထုံးတမ်းတွေသာ ဖြစ်ပါတယ်” လို့လည်း အာဆင်မ်က ပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာ အစ္စလာမ်သာသနာဟာ ဗဟိုထိန်းကျောင်းမှုမျိုး မရှိဘဲ ဗလီဝတ်ကျောင်းတော်တွေကလည်း လွတ်လပ်စွာ လည်ပတ်နေကြတာပါ။ အာဆင်မ်ကတော့ အခုဖွဲ့စည်းမယ့် အဖွဲ့အသစ်ဟာ ဆွန်နီမွတ်စလင်နိုင်ငံတွေမှာ ရှိနေတဲ့ နိုင်လုံးဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေလို ဖြစ်မှာဖြစ်ပြီး အစိုးရရဲ့ ၀င်ရောက်စွက်ဖက်မှု ရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ရှိနေတဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းကိုလည်း ဒီအဖွဲ့အသစ်မှာ သွတ်သွင်းသွားမှာဖြစ်ပါတယ်။

Ref: The Guardian

Comments are closed.