5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၈၊ ၂၀၁၇
M-Media

– အမုန်းဓာတ်ခံဖြင့် အမျိုးသမီးများအား လိုက်လံသတ်ဖြတ်နေမှုကို ဆန့်ကျင်သည့်အနေဖြင့် မက္ကဆီကို ပြည်သူများမှာ ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

နိုင်ငံအလယ်ပိုင်း ပူအဘ်လာပြည်နယ်တွင် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး မာရာ ဖာရ်နန်ဒါ ကက်စတီလာ အသတ်ခံရမှုနောက်ပိုင်းတွင် ယခုကဲ့သို့ ဆန္ဒပြမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ကက်စတီလာမှာ တက္ကဆီအငှားဆော့ဖ်ဝဲ Cabify ကို အသုံးပြုကာ ကားစီးသွားပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ကျော်ကြာ ပြီးခဲ့သည့် သောကြာနေ့ကမှ ၎င်း၏ အလောင်းကို ပြန်တွေ့ခဲ့သည်။

ရဲတပ်ဖွဲ့က ကက်စတီလာမှာ ယာဉ်မောင်း၏ သတ်ဖြတ်ခြင်းခံကို ခံခဲ့ရသည်ဟု ယုံကြည်ကြောင်း၊ အဆိုပါယာဉ်မောင်းကို လူသတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် မက္ကဆီကိုပြည်သူများ၊ အရပ်ဖက်အဖွဲ့စည်းများမှာ အမုန်းဓာတ်ခံဖြင့် အမျိုးသမီးများ သတ်ဖြတ်မှုကို ဆန့်ကျင်သည့်ဆန္ဒပြမှုကို ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

ထောင်ပေါင်းများစွာသော ပြည်သူများမှာ ‘နောက်ထပ်အဖြစ်မခံ’ ‘ငါတို့ရဲ့ အမှားမဟုတ်’ ဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ချီတက်ခဲ့ကြသည်။

“အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုဟာ ပျောက်မသွားဘဲ မက္ကဆီကိုမှာ နေ့စဉ်လိုလို ဖြစ်နေပါတယ်။ ကျွန်မတို့ဟာ မာရာတစ်ယောက်တည်းအတွက် ချီတက် ဆန္ဒပြတာမဟုတ်ပါဘူး။ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတွေအားလုံးအတွက်ပါ” ဟု လူ့အခွင့်အရေးအဖွဲ့ Amnesty International ၏ မက္ကဆီကိုဆိုင်ရာ ဒါရိုက်တာ တာနီယာ ရီနေယမ်က ပြောကြားခဲ့သည်။

ပူအဘ်လာပြည်နယ်တစ်ခုတည်းတွင် ယခုနှစ်အစပိုင်းကတည်းက သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီး အရေအတွက်မှာ အနည်းဆုံး ၈၃ ဦးရှိနေသည်။

အစိုးရ၏ ကိန်းဂဏန်းများအရ အသက် ၁၅ နှစ်ကျော် အမျိုသမီးများ၏ ၆၆ ရာခိုင်နှုန်းမှာ အနည်းဆုံး လိင်ပိုင်းဆိုင်ရာ တစ်ကြိမ်စော်ကားခံရသည်ကို တွေ့ရကြောင်း ရီနေယမ်က ဆိုသည်။

Ref: Aljazeera

Tags:

Comments are closed.