5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၁၊ ၂၀၁၇
M-Media

လက်စ်ဗီးဂက်စ်ပစ်ခတ်မှု ပုံရိပ်တစ်ခု

– ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် လက်စ်ဗီးဂက်စ်မြို့က ဂီတပွဲတစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ လူ ၅၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ စက်သေနတ်နဲ့ တစ်နာရီလောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး လူ ၅၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန်ရဲတပ်ဖွဲ့ကတော့ ဒီလူဟာ တစ်ယောက်တည်းလုပ်တာ ဖြစ်တဲ့အ
တွက် အကြမ်းဖက်မှုမဟုတ်ဘူးလို့ ပြောပါတယ်။ လူသတ်သမားဟာ ခရစ်ယာန်တစ်ယောက်ပါ။ သူဟာ မွတ်စလင်တစ်ယောက်သာ ဖြစ်မယ်ဆိုရင် ရဲတပ်ဖွဲ့က ဒီလိုလေသံထွက်မယ်လို့ထင်သလား။ ကျွန်တော်ကတော့ မထင်ပါဘူး။

ဒီလူသတ်သမားနဲ့ နောက်ကွယ်ကလှုံ့ဆော်မှုအကြောင်းတွေကို သိပ်များများစားစားမသိရတာကြောင့် အကြမ်းဖက်လုပ်ရပ်လို့ ကောက်ချက်မချတာလားကို ဆန်းစစ်ဖို့ လိုအပ်လာပြီး၊ အကြမ်းဖက်ဝါဒအပေါ် လူတွေ ဘယ်လိုသဘောပေါက်ကြသလဲဆိုတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရပါတော့မယ်။

အဘိဓာန်မှာ အကြမ်းဖက်ဝါဒကို ‘နိုင်ငံရေးရည်ရွယ်ချက် အထမြောက်စေရန် အထူးသဖြင့် အရပ်သားတွေအပေါ် တရားဥပဒေကို ကျော်လွန်သည့် ခြိမ်းခြောက်တိုက်ခိုက်မှု’ လို့ ဖွင့်ဆိုပါတယ်။ ဒီဖွင့်ဆိုချက်ကို ကြည့်မယ်ဆိုရင် တိုက်ခိုက်မှု တော်တော်များများကို အကြမ်းဖက်ဝါဒအဖြစ် သတ်မှတ်လို့ ရပါတယ်။ လူမျိုးရေး ပဋိ
ပက္ခတွေကလည်း တရားဥပဒေကို ကျော်လွန်ကာ အရပ်သားတွေအပေါ် ခြိမ်းခြောက်လိုတဲ့ ရည်ရွယ်ချက်၊ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင်တာကြောင့် ဒီဖွင့်ဆိုချက်နဲ့ အံကိုက်ပါပဲ။

ဒါပေမယ့် အဲဒီလို လူမျိုးရေးတိုက်ခိုက်မှုတွေကို အများစုက အကြမ်းဖက်ဝါဒအဖြစ် မရှုမြင်ကြပါဘူး။ ၁၉၈၄ ခုနှစ် အိန္ဒိယမှာ ဆစ်ခ်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုကို အဓိကရုဏ်းလို့ ခေါ်ခဲ့တယ်။ မူဇက်ဖါနာဂါမှာ မွတ်စလင်တွေအပေါ် တိုက်ခိုက်မှုကိုလည်း အဓိကရုဏ်းလို့ပဲ ပုံဖေါ်ခံခဲ့ရပါတယ်။ ဘာဘရီဗလီကြီးကို ဟိန္ဒူတွေ ဖြိုချကာ မွမ်ဘိုင်းမှာ ရာနဲ့ချီတဲ့မွတ်စလင်တွေကို သတ်ဖြတ်မှုဟာလည်း အဓိကရုဏ်းပါပဲ။ အဲဒီအဖြစ်အပျက်တွေကို လက်စားချေတဲ့ မွတ်စလင်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကိုတော့ အကြမ်းဖက်ဝါဒလို့ ခေါ်ခဲ့ကြပါတယ်။ ၂၀၀၂ ခုနှစ် အဟ်မတ်ဒါဘတ်က နာရိုဒါ ပါတီယာမှာ မွတ်စလင် ၉၇ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုက အဓိကရုဏ်းဖြစ်ပြီး၊ အဲဒီတစ်နှစ်တည်းမှာပဲ အဟ်မတ်ဒါဘတ်က အက်စ်ဟာဒမ်မှာဖြစ်တဲ့ ဟိန္ဒူ ၃၀ အသတ်ခံရမှုကိုတော့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ဆိုပါတယ်။

ဒုတိယတစ်ချက်က ‘အရပ်သားတွေကို ပစ်မှတ်ထားမှု’ ပါ။ ဂျာမူးနဲ့ ကက်ရှ်မီးယားမှာ ဖြစ်ပွားခဲ့တဲ့ အဓိကတိုက်ခိုက်မှုတွေဟာ စစ်သားတွေကို ပစ်မှတ်ထားတာဖြစ်ပြီး အရပ်သားတွေကို မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကိုလည်း အကြမ်းဖက်တိုက်ခိုက်မှုလို့ ခေါ်တွင်ပါတယ်။ အမေရိကန်ဥပဒေမှာ အကြမ်းဖက်ဝါဒကို ‘နိုင်ငံရေး သို့မဟုတ် လူမှုရေးဆိုင်ရာ ရည်ရွယ်ချက်အတွက် အစိုးရ သို့မဟုတ် ပြည်သူလူထု၊ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုကို ခြိမ်းခြောက် အကျပ်ကိုင်ရန် လူများ သို့မဟုတ် အဆောက်အဦးများကို အကြမ်းဖက်မှု သို့မဟုတ် တရားလက်လွတ် အင်အားအသုံးပြုမှု’ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။

ဒီဖွင့်ဆိုချက်ကလည်း အဘိဓာန်က ဖွင့်ဆိုချက်နဲ့ သိပ်မကွာပါဘူး။ အထက်မှာပြောခဲ့သလိုပဲ လက်စ်ဗီးဂက်စ် သေနတ်သမားအကြောင်းနဲ့ နောက်ကွယ်က လှုံ့ဆော်မှုတွေကို များများစားစား မသိရပါဘူး။ ဒီဖွင့်ဆိုချက်ပေါ်မူတည်ပြီး – သူ့ရဲ့ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ ရည်ရွယ်ချက်ကို မသိရတာကြောင့် ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က ယူဆတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အိန္ဒိယက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို POTA လို့ခေါ်ပြီး ၂၀၀၂ ခုနှစ်မှာ ဗဂ်ျပါယီအစိုးရက ရေးဆွဲပြဌာန်းခဲ့တာပါ။ အိန္ဒိယက ဥပဒေ တော်တော်များများလိုပဲ တော်တော်ကိုစနစ်မကျဘဲ စကားလုံးတွေကလည်း ဖောင်းပွနေပါတယ်။ အဲဒီဥပဒေမှာ ‘အကြမ်းဖက်ဝါဒ’ ဆိုတာကို

– မည်သူမဆို (က) အိန္ဒိယ၏ စည်းလုံးညီညွတ်မှု၊ သွေးစည်းမှု၊ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ခြိမ်းခြောက်ရန်၊ ပြည်သူလူထု သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုအား ကြောက်လန့်စေရန် ရည်ရွယ်၍ ဗုံးသော်၎င်း၊ ဒိုင်းနမိုက်သော်၎င်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းသော်၎င်း၊ မီးလောင်စေတတ်သော ပစ္စည်းသော်၎င်း၊ သေနတ်သော်၎င်း၊ သေစေနိုင်သော သို့မဟုတ် အဆိပ်အတောက်ဖြစ်စေနိုင်သော လက်နက်သော်၎င်း၊ အဆိပ်အတောက်ဖြစ်စေသောဓာတ်ငွေ့ သို့မဟုတ် ဓာတုဗေဒပစ္စည်းသော်၎င်း အသုံးပြု၍ ပြုလုပ်သော- (ဇီဝ သို့မဟုတ် အခြား) အန္တရာယ်ဖြစ်စေသော သဘာဝရှိသည့် မည်သည့်ပစ္စည်းဖြင့်မဆို၊ အခြားမည်သည့်နည်းလမ်ဖြင့်မဆို ပြုလုပ်သော၊- ထိုနည်းလမ်းမျိုး၊ ပစ္စည်းမျိုးဖြင့် လူတစ်ဦး သို့မဟုတ် လူအများအား အသက်ဆုံးရှုံးစေသော၊ ထိခိုက်ဒဏ်ရာရစေသော သို့မဟုတ် ထိုသို့ဖြစ်ရန် အလားအလာရှိသော၊- အဆောက်အဦးများကို ဆုံးရှုံးစေသော၊ ပျက်ဆီးစေသော၊ ဖျက်ဆီးသော၊ လူအဖွဲ့အစည်းရပ်တည်ရန် အရေးပါသည့် ထောက်ပံ့မှုများ၊ ၀န်ဆောင်မှုများကို ဖျက်ဆီးသော – အိန္ဒိယနိုင်ငံ ကာကွယ်ရေးအတွက် အသုံးပြုသော သို့မဟုတ် အသုံးပြုရန် ရည်ရွယ်သော သို့မဟုတ် အိန္ဒိယအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ သို့မဟုတ် ၎င်းတို့ လက်အောက်ခံ အဖွဲ့အစည်းများ၏ အခြားသော ရည်ရွယ်ချက်များနှင့် သက်ဆိုင်နေသော အဆောက်အဦးများ သို့မဟုတ် ကိရိယာတန်ဆာပလာများကို ဖျက်ဆီးသော မည်သည့်လုပ်ရပ်ကိုမဆို ပြုလုပ်ခြင်း၊ အစိုးရ သို့မဟုတ် အခြားသူများကို မောင်းထုတ်ရန် မည်သူ့ကိုမဆို ထိန်းသိန်းခြင်း၊ ထိုသူ့အား သတ်ဖြတ်ရန် ခြိမ်းခြောက်ခြင်း သို့မဟုတ် ဒဏ်ရာအနာတရဖြစ်စေခြင်းတို့ ဖြစ်သည်။

ဒါတင်မကသေးဘဲ (ခ) မှာလည်း

– ၁၉၆၇ ခုနှစ် တရားမ၀င်လှုပ်ရှားမှုများ (တားဆီးရေး) အက်ဥပဒေအရ တရားမ၀င်ဟု ကြေငြာထားသည့် အဖွဲ့စည်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်ခြင်း၊ သို့မဟုတ် ထိုအဖွဲ့တွင် ဆက်လက်ပါဝင်နေခြင်း သို့မဟုတ် ထိုအဖွဲ့ ရည်ရွယ်ချက်များ အထမြောက်စေမည့် မည်သည့်လုပ်ရပ်ကိုမဆို အကူအညီဖြစ်စေသော၊ မြှင့်တင်ပေးသော လုပ်ရပ်ကို မိမိသဘောဆန္ဒအလျောက် ဆောင်ရွက်ခြင်း၊ ထိုနည်းတူစွာ တရားမ၀င်လက်နက်၊ ခဲယမ်း၊ ပေါက်ကွဲစေတပ်သည့်ပစ္စည်းများ သို့မဟုတ် ပျက်ဆီးမှု ကြီးမားစေသည့် ကိရိယာ၊ တန်ဆာပလာများ လက်ဝယ်ထားရှိခြင်း၊ လူ့အသက်ဆုံးရှုံးစေသော သို့မဟုတ် မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေခြင်း သို့မဟုတ် မည်သည့် အဆောက်အဦးကိုမဆို ဆိုးဆိုးဝါးဝါး ပျက်ဆီးစေခြင်း၊ အကြမ်းဖက်မှုတစ်ခုကို ကျူးလွန်ခြင်းတို့ဖြစ်သည်။

အဲဒီဥပဒေမှာ အရေးကြီးတဲ့ စကားလုံးတွေက ‘စည်းလုံးညီညွတ်မှု၊ သွေးစည်းမှု၊ လုံခြုံရေးနှင့် အချုပ်အခြာအာဏာ’ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေ စည်းလုံးမှု ပြိုကွဲမှာကို ကျွန်တော်တို့ရဲ့ စိုးရိမ်မှု- အခြေအမြစ်မရှိတဲ့ စိုးရိမ်မှု – က အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုလုံးရဲ့ အသက်ဖြစ်ပါတယ်။ ဒါပေမယ့် RDX၊ C14 နဲ့ အခြား ခေတ်ပေါ် ဖောက်ခွဲရေးပစ္စည်းတွေ မဟုတ်ဘဲနဲ့ (အကြမ်းဖက်ဝါဒမှာ မသုံးဘဲ သတ္တုတွင်းမှာသာသုံးတဲ့) ဒိုင်းနမိုက်လို ထူးထူးခြားခြားစကားလုံးကို ဘာ့ကြောင့် ထည့်သွင်းထားလဲဆိုတာ မသိရပါဘူး။ ဒါဟာ ဥပဒေကို ရေးဆွဲတဲ့ အစိုးရအဖွဲ့ဝင်ရဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပတ်သက်တဲ့အသိဟာ ဘောလီးဝုဒ်ရုပ်ရှင်ကပေးတဲ့ အသိေ
လာက်သာ ရှိပုံပါပဲ။

POTA ရဲ့ ဒီ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ အားလုံးကို ခြုံငုံထားပေမယ့်၊ အမြင်ကျဉ်းနေသလို၊ ဖော်ပြချက်ကောင်းပေမယ့် တွေးတောချိန်ဆမှု မပါဝင်ပါဘူး။ အိန္ဒိယနိုင်ငံက ဥပဒေတော်တော်များများဟာ လျော့တိလျော့ရဲနဲ့ သိမ်းကျုံးရေးဆွဲထားတဲ့အတွက် ဒီလိုဥပဒေဖွင့်ဆိုချက်မျိုးဟာ ကျွန်တော့်အတွက်တော့ အထူးအဆန်း မ
ဟုတ်ပါဘူး။ ဘာပြစ်မှုမှ မကျူးလွန်ရင်လည်း တမီလ်နာဒူးပြည်နယ်မှာ ‘အရက်ပုန်းရောင်းသူ၊ မူးယစ်ဆေးသုံးသူ၊ သစ်ခိုးခုတ်သူ၊ လူဆိုးဓားပြ၊ လမ်းစည်းကမ်းဖောက်ဖျက်သူ၊ လိင်ပိုင်းဆိုင်ရာ စော်ကားသူ၊ လုယက်သူ၊ ဗီဒီယိုခိုးကူးသူ တားဆီးရေး အက်ဥပဒေ’ နဲ့ လူတစ်ယောက်ကို ရုံးမတင်ဘဲ တစ်နှစ်လောက် ဖမ်းချုပ်ထားနိုင်ပါတယ်။

လူတစ်ယောက်ဟာ အနာဂတ်မှာ ပြစ်မှုကျူးလွန်နိုင်တယ်လို့ သံသယဖြစ်ခံရပြီဆိုတာနဲ့ အမှန်တကယ် ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ အစိုးရက ထောင်ချနိုင်ပါတယ်။ လူတစ်ယောက်ဟာ နောင်တစ်ချိန်မှာ ဗီဒီယိုခိုးကူးတော့မယ်ဆိုတာ အစိုးရက ဘယ်လိုသိတာလဲ မပြောတတ်ပါဘူး။ ဗေဒင်နက္ခတ်တတ်ကျွမ်းသူတွေကို ခန်
့အပ်ထားလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အချုပ်ဆိုရရင် အကြမ်းဖက်ဝါဒကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ တကယ့်လော့ဂျစ် အစစ်အမှန်ကို အားလုံး သိထားဖို့ လိုပါတယ်။ ဘာသာဗေဒ ပညာရှင်နဲ့ စာရေးဆရာ နိုအမ် ချွမ်စကီးက ကမ္ဘာတစ်ဝှမ်း အမေရိကန်တွေရဲ့ ရက်စ်မှုနဲ့ပတ်သက်ပြီး “ကျွန်တော်တို့လုပ်ရင် ဒါက အကြမ်းဖက်တိုက်ဖျက်ရေးပါ။ သူတို့လုပ်ရင်တော့ အကြမ်း
ဖက်ဝါဒပါပဲ” လို့ ပြောခဲ့ဖူးပါတယ်။

ဒီလိုပါပဲ (အိန္ဒိယမှာ) ကျွန်တော်တို့ (ဟိန္ဒူတွေ) လုပ်ရင် အဓိကရုဏ်းဖြစ်ပြီး မွတ်စလင်တွေလုပ်မယ်ဆိုရင်တော့ အကြမ်းဖက်ဝါဒပါပဲ။

Ref: Outlook India

(Outlook India တွင် ဆောင်းပါးရှင် အာကာပတေးလ် ရေးသားသည့် When We Do It, Its A Riot. When Muslims Do It, It Is Terrorism ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါ အကြောင်းအရာများသည့် ဆောင်းပါးရှင်၏ ယူဆချက်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)

Comments are closed.