5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၃၊ ၂၀၁၇
M-Media

– မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က လတ်တလောအပြစ်အပျက်တွေဟာ ရေတိုမှာ ဖြေရှင်းဖို့ မဖြစ်နိုင်သေးတဲ့ ဒုက္ခသည်ပြဿနာလို အင်အားတောင့်တဲ့ စစ်တပ်နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအကြား ဆက်ဆံရေးဆိုတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအပေါ် အာရုံစိုက်မှုကို ဖြစ်စေပါတယ်။

ဒီပြဿနာ စတင်ကတည်းက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုပဲ နိုင်ငံတကာက ဝေဖန်သူတွေက အပြစ်တင်ကြပါတယ်။

ဒါကာအခြေစိုက် စာရေးဆရာ ဂျာကော့ဘ် ဂျူဒါက စက်တင်ဘာ ၇ ရက်နေ့က New Yourk Times မှာ ရေးသားထားတဲ့ သူ့ရဲ့ သဘောထားအမြင်မှာ ‘အောင်ဆန်းစုကြည်နှင့် သူမ၏ ဗိုလ်ချုပ်များ’ လို့ ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က ပေးအပ်ထားတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ပြန်လည်ရုပ်သိမ်းသင့်
တယ်လို့ ဖော်ပြထားကာ ‘နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် သူမရဲ့ လုပ်ဆောင်နိုင်မှုမှာ – နိုင်ငံရဲ့ စစ်တပ်ကို ကြီးကြပ်ရေး အခန်းကဏ္ဍပါတယ်’ လို့ ရေးသားထားပါတယ်။

သဘာရှိတဲ့ နီခိုလက်စ် ကရစ်တော့ဖ်လို စာရေးဆရာတစ်ယောက်ကတောင်မှ စက်တင်ဘာ ၉ ရက်နေ့ နယူးယောက်တိုင်းက ဆောင်းပါးတစ်ခုမှာ ‘ချစ်ခင်ရသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွာတွေမီးရှို့ခံရပြီး၊ အမျိုးသမီးတွေ အဓမ္မကျင့်ခံရကာ၊ ကလေးငယ်တွေ သတ်ဖြတ်ခံရတဲ့ လူမျိုးစုလိုက်
သုတ်သင်ရှင်းလင်းမှုကို ကြီးကြပ်နေတယ်’ လို့ အစချီ ရေးသားခဲ့ပါတယ်။ တစ်ပတ်အကြာမှာ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒုက္ခသည်ပြဿနာကို တုန့်ပြန်ရေး ‘နောက်ဆုံးအခွင့်အရေးတစ်ခုသာ’ ရှိတော့တယ်လို့ သတိပေးခဲ့ပါတယ်။

ဒါပေမယ့် ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်မင်းကိုယ်ချင်း ကိုယ့်လက်ကိုယ်ခြေ စစ်တပ်အပေါ် အာဏာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ စစ်တပ်က ရှိနေပါတယ်။ အခုနှစ် သြဂုတ်လမတိုင်ခင်ကတည်းက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ခံနေရချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလမှာ သြစတြီးယားနဲ့ ဂျာမနီ၊ ဇွန်လမှာ ရုရှား၊ ဇူလိုင်လမှာ အိန္ဒိယနဲ့ သြဂုတ်လမှာ ဂျပန်တို့ကို သွားရောက်ခဲ့ပါတယ်။

အဲဒီသွားရောက်မှု တစ်ခုချင်းစီတိုင်းမှာ ကောဇောနီခင်းပြီး ကြိုဆိုမှုကို ရရှိခဲ့သလို ရိုဟင်ဂျာအရေးသာမကဘဲနိုင်ငံမြောက်ပိုင်းက ကချင်၊ ပလောင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေအကြောင်းကို ဟတောင်မဟခဲ့ပါဘူး။

မြန်မာနိုင်ငံက အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး သဘောသဘာဝ၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အမှန်တကယ်မှာ ဘယ်လိုပါဝါမျိုး ရရှိထားလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ပြင်ပကမ္ဘာက တော်တော်လေး နားမလည်မှုတွေရှိနေတယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ထောက်ပြပါတယ်။

ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်းအစိုးရဖွဲ့နိုင်ရေး ဦးတည်ခဲ့တဲ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲဟာ ပိုပြီး လစ်ဘရယ်ကျတဲ့ နိုင်ငံရေးခေတ်သစ်တစ်ခုရဲ အစလို့ တစ်ချို့က ရှုမြင်ခဲ့ကြပါတယ်။

နောက်ဆက်တွဲအဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ မီဒီယာလွတ်လပ်ခွင့်ကို မကြုံစဖူးပေးလာတာ၊ နိုင်ငံရေးအခမ်းအနားတွေကို လုပ်ခွင့်ပေးလာတာတွေကြောင့် ဥရောပသမဂ္ဂရဲ့ External Action Service အကြီးအကဲ ရောဘတ်ကိုပါက အဲဒီလိုဆောင်ရွက်ချက်တွေဟာ ‘မြန်မာနိုင်ငံရဲ့ ဘာလင်တံတိုင်းအခိုက်အတံ့’ လို့ သမုတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

အရင် စစ်အစိုးရကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ကို မြန်မာနိုင်ငံရဲ့ မီခေးလ် ဂိုဘာရှက်ဗ်လို့ ချီးကျူးတာမျိုးတွေရှိခဲ့ပြီး တစ်ချို့ကလည်း သူဦးဆောင်တဲ့ ‘ပြုပြင်ပြောင်းလဲရေးသမား’ တွေနဲ့ စစ်အာဏာရှင်အဖွဲ့ဟောင်းက ‘သဘောထားတင်းမာသူတွေ’ အကြား အာဏာအားပြိုင်မှု ရှိတယ်လို့ ပြောကြားခဲ့ကြပါ
တယ်။

အဲဒီအချိန်ကတည်းကစလို့ မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရတာဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အင်နဲ့အားနဲ့ အသွင်ကူးပြောင်းတာမျိုးမဟုတ်ဘဲ လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေ အပါအ၀င် အာဏာအတွက် အရေးပါတဲ့ အစိတ်အပိုင်းအားလုံးကို စစ်တပ်က ထိန်းချုပ်ကာ ရွေးကောက်ခံအစိုးရက ကျန်းမာရေး၊
ပညာရေး၊ စိုက်ပျိုးရေး ပေါ်လစီတွေ၊ နိုင်ငံခြားရေးပေါ်လစီ တစ်စိတ်တစ်ပိုင်းကို တာဝန်ယူရတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း နိုင်ငံရေးစနစ်တစ်ခု ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို စစ်တပ်ရဲ့ ကြီးကြပ်မှုအောက်မှာ ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ် မေလမှာ သမာသမတ်ကင်းတဲ့ ပြည်သူဆန္ဒခံယူပွဲလုပ်ပြီးတဲ့နောက် အတည်ပြု ပြဌာန်းခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမဆုံးအခန်း အခြေခံမူတွေထဲက တစ်ခုမှာ ‘နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆာင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်’ လို့ ဖော်ပြထားပါတယ်။

အခြေခံဥပဒေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေအပါအ၀င် အရေးပါတဲ့ အာဏာအစိတ်အပိုင်းအားလုံး စစ်တပ်ကိုပေးထားပြီး၊ နယ်စပ်လုပ်လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ အားလုံးဟာလည်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကိုယ်စားလှယ်တွေအတွက် သတ်မှတ်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုပြုပြင်မှုမျိုးမဆို လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း မဲပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

စစ်တပ်ဟာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ဒေသကိစ္စတွေကို အစိုးရကိုကျော်ပြီး ထိန်းချုပ်ထားပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAD) ဟာ ပြည်ထဲရေးလက်အောက်မှာရှိပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်ကနေ ခရိုင်၊ မြို့နယ်တွေအထိ ဒေသအစိုးရ ၀န်ထမ်းတွေအားလုံးကို ပြည်ထဲရေးက ခန့်အပ်တာဖြ
စ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလမှာ အာဏာရကာ ၅၄ နှစ်အတွင်း စစ်တပ်မဟုတ်တဲ့ အစိုးရအဖွဲ့ကို ပထမဆုံး ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ်က အရေးပါတဲ့ ၀န်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေကို ချုပ်ကိုင်ထားဆဲပါ။ NLD က ၀န်ကြီးတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေမှာ ရုပ်ပြအဆင့်ထက် နည်းနည်းပိုတဲ့ နေအထားသာ ရှိနေပါတယ်။ အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးမှာ အရင်အာဏာရှင်အစိုးရလက်ထက်က ထားရာနေ၊ စေရာသွားခဲ့တဲ့
စစ်တပ်ကခန့်အပ်ထားသူတွေသာ များနေပြီး အရပ်သားတွေ ထိန်းချုပ်တဲ့ အစိုးရအဖွဲ့အစည်းတွေကို အာဏာလွှဲပြောင်းမှုဟာ အမှန်တကယ်မှာ မဆိုစလောက်သာရှိတယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။

ဒါပေမယ့် ဒါတွေကြောင့် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လာရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေမျိုး ဖြစ်နေတယ်လို့ မဆိုလိုပါဘူး။ ဝေဖန်သူတွေက သူမဟာ စစ်တပ်နဲ့ ထိပ်တိုက်တွေ့တာမျိုးမရှိဘဲ ရခိုင်ပြည်နယ်ကိုသွားပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ဒေသအစိုးရနဲ့ တွေ့ဆံ
ုကာ မြန်မာ့နိုင်ငံရေး ရေစီးကြောင်းမှာ အကန့်အသတ်နဲ့ရှိနေတဲ့ အရပ်သားအစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ချဲ့ထွင်နိုင်တယ်လို့ ထောက်ပြကြပါတယ်။

အစွန်းရောက် ရခိုင်အမျိုးသားရေးဝါဒီတွေအများစုဖြစ်တဲ့ အစိုးရအဖွဲ့ဝင်တွေကို သူမ ကြိုက်ချင်မှ ကြိုက်မှာပါ။ ဒါပေမယ့် ဒီလိုသွားရောက်ခြင်းအားဖြင့် မြန်မာအစိုးရယန္တရားမှာ အရပ်သားအစိတ်အပိုင်းတစ်ခု ရှိနေတယ်ဆိုတာ ပြည်သူလူထုကို ချပြလိုက်သလို ဖြစ်မှာဖြစ်ပါတယ်။

မွတ်စလင်၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဟိန္ဒူတွေလို အကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရတဲ့ လူ့အဖွဲ့အစည်းအားလုံးကလူတွေနဲ့ ဆေးရုံမှာ သူမ သွားရောက်တွေ့ဆုံနိုင်တယ်။ ဒီထက်ပိုပြီး ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ အခြား လူမှုကိစ္စတွေအကြာင်း နိုင်ငံပိုင်ရုပ်သံကနေ အပတ်စဉ် မိန့်ခွန်းပြောနိုင်ပါတယ်။

ဒါပေမယ့် ၂၀၁၆ ခုနှစ်ကတည်းကစလို့ သူမရဲ့ ဦးဆောင်မှုနဲ့ပတ်သက်ပြီး သူ့ကို ထောက်ခံသူတွေအကြားမှာတောင် ပဟေဠိဖြစ်လာတာတွေ ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲအတွက် သူမကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေထံကနေ ဖယ်ခွာပြီး သူမဟာ နေပြည်တော်မှာ တစ်သီးတစ်သန့် နေလာရတယ်။ ဆိုးရွား
လာတဲ့ ရိုဟင်ဂျာကိစ္စကို ညှာတာမှုမရှိတဲ့ စစ်တပ်ကို ကိုယ်တွယ်စေတဲ့ သူမရဲ့ ပေါ်လစီကြောင့် နိုင်ငံတကာ လေးစားမှုကလည်း ဆိုးဆိုးဝါးဝါးကို ပျက်ဆီးသွားပါတယ်။

သူမရဲ့ရုံး ၀ဘ်ဆိုက်နဲ့ Facebook အကောင့်တွေက အငြင်းပွားဖွယ် ထုတ်ပြန်ချက် အများစုဟာ သူမရေးတာမဟုတ်ဘဲ သူမရဲ့ အကြံပေးတွေထဲကတစ်ဦးဖြစ်တဲ့ ဦးဇော်ဌေးနဲ့ သူ့အဖွဲ့က ရေးတာဖြစ်ပါတယ်။ ဦးဇော်ဌေးဟာ စစ်တပ်အရာရှိဟောင်းဖြစ်ပြီး ဦးသိန်းစိန်လက်ထက်မှာလည်း အကြံပေးတာဝန်ကို ထမ်းဆောင်ခဲ့ဖူး
ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အမတ်ဖြစ်လာခဲ့သလို၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း သူမရဲ့ပါတီဟာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်။ ဒါဟာ ‘ကမ္ဘာ့အဆိုးဝါးဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက တစ်ခု’ လို့ တစ်ချိန်က သူမေ
ပြာခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်တယ်လို့ စောဒကတက်လို့ ရပါတယ်။

ဇွန်လမှာ ၇၂ နှစ်ပြည့်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်မှာ အချိန်သိပ်မရှိတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်မရှိဘဲနဲ့ NLD ပါတီဟာ ၂၀၂၀ ခုနှစ်ရွးကောက်ပွဲမှာ ၂၀၁၅ ခုနှစ်တုန်းကလို ပြည်သူလူထုကြီးရဲ့ တစ်ခဲနက်ထောက်ခံမှုမျိုး ထပ်ရဖို့ အလားအလာ မရှိပါဘူး။ နိုင်ငံရေးမှာ သူမ မပါဝင်နိုင်တော့တဲ့အခါကျရင် လွှဲပေးဖို့အတွက် NLD ထဲက တက်ကြွတဲ့ မျိုးဆက်သစ်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်
ဒါမှမဟုတ် ပါတီရဲ့ ဇယာထောင်းခေါင်းဆောင်ပိုင်းက ပြင်ဆင်ထားတာမျိုးလည်း မရှိပါဘူး။

ဒါ့ကြောင့် စစ်တပ်နဲ့ သူတို့ရဲ့ နိုင်ငံရေးကျောထောက်နောက်ခံ အင်အားစုတွေ အလွယ်တကူ အမြတ်ထုတ်အသုံးချနိုင်မယ့် ပါတီတွင်း အာဏာလစ်ဟာမှုကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် လစ်လျူရှုထားတယ်ဆိုတဲ့ အနေအထားပါ။

ရေရှည်မှာ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးအပေါ် သက်ရောက်မှုတစ်ခု ရှိလာပြီး စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အစလည်းဖြစ်လာမယ့် အစိုးရနဲ့ ပြည်သူလူထုအတွင်းမှာ အရပ်သားအာဏာပိုင်တွေရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာမယ့် လုပ်ငန်းစဉ်မျိုး သူမ လုပ်နိုင်ပေမယ့် အခုအချိန်အထိ အစပျိုးတာမျိုး မရှိသေးပါဘူး။

ဒါပေမယ့် မြန်မာနိုင်ငံ အနေအထားမှာ ‘ဘာလင်တံတိုင်းအခိုက်အတံ့’ (ပေါင်းစည်းရေးအခိုက်အတံ့) ဆိုတာ မရှိပါဘူး။ တကယ်လက်တွေ့မှာ ဒီလိုဖြစ်လာဖို့အတွက် မျိုးဆက်တစ်ခုလောက်ကြာနိုင်ပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်မျိုး တော်တော်များများ ဖြစ်လာအောင်လည်း လုပ်ရပါလိမ့်မယ်။

Ref : Asia Times

(Asia Times တွင် ဘာတေးလ် လင်တနာရေးသာသည့် The ties that bind Suu Kyi’s hands ဆောင်းပါးကိုလေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါအကြောင်းအရာများသည် ဆောင်းပါးရှင်၏ ယူဆချက်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)

Comments are closed.