5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၄၊ ၂၀၁၇
M-Media

– ကက်ရှ်မီးယားဒေသတွင် အမှတ်အသားမရှိသာ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ အနည်းဆုံး ၂၀၈၀ အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အိန္ဒိယ လူ့အခွင့်အရေးကော်မရှင်က ကက်ရှ်မီးယားအစိုးရကို အမိန့်ပးလိုက်သည်ဟု သိရသည်။

ကရှ်မီးယား လူ့အခွင့်အရေးအဖွဲ့ APDP က အိန္ဒိယနှင့် ပါကစ္စတန်တို့ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှိမီးယားဒေသကို ပိုင်းခြားထားသော ထိန်းချုပ်ရးမျဉ်း (LoC) တစ်လျှောက်ရှိ ပွန့်ခ်ျခရိုင်နှင့် ရာဂျူရီခရိုင်တို့တွင် အမှတ်အသားမပြုထားသော မြေပုံ ၃၈၄၄ ခုကို တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယ လူ့အခွင့်အရေးကော်မရှင်ကို ပြောကြားခဲ့သည်။

ကော်မရှင်က အမှတ်အသားမပြုထားသော မြေပုံ ၂၀၈၀ ရှိကြောင်း အသိအမှတ်ပြုခဲ့ပြီး လူပျောက်ရှာဖွေနေသည့် မိသားစုဝင်များ၏ DNA စစ်ဆေးချက်နှင့် အလောင်းများ၏ စစ်ဆေးချက်များ နှိုင်းယှဉ်ခြင်း အပါအ၀င် စုံစမ်းစစ်ဆေးမှုအားလုံးကို ၆ လအတွင်း အပြီးအစီးဆောင်ရွက်ပေးရန် ကရှ်မီးယားအစိုးရကို တောင်းဆိုခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့် မြေပုံများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အစိုးရကို ညွှန်းကြားခဲ့ပြီး ကော်မရှင်က တာဝန်ပေးထားသော အထူးစုံစမ်းရေးအဖွဲ့က ကရှ်မီးယားမြောက်ပိုင်းတစ်လျှောက် ၃၈ နေရာ၌ အမည်မသိအလောင်း ၂၇၃၀ မြှုပ်နှံထားကြောင်း တင်ပြခဲ့သည်။

APDP က ဆယ်စုနှစ်များစွာကြာမြင့်လျက်ရှိသော ကက်ရှ်မီးယား ပဋိပက္ခအတွင်း လူပေါင်း ၈၀၀၀ ခန့် ပျောက်ဆုံးနေသည်ဟု ဆိုပြီး၊ အစိုးရတပ်ဖွဲ့များမှာ လူသတ်မှုများကို ဖုံးကွယ်ရန်အတွက် တိုက်ပွဲများဖန်တီးနေကြောင်း စွပ်စွဲခဲ့သည်။

အိန္ဒိယနိုင်ငံရှိ ဂျာမူးနှင့် ကက်ရှ်မီးယားပြည်နယ်တို့တွင် တွေ့ရှိရသော အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့်နေရာများအား စုံစမ်းရန် ကော်မရှင်၏တောင်းဆိုမှုကို ထိုအဖွဲ့က ကြိုဆိုခဲ့သည်။

Ref : Aljazeera

Tags:

Comments are closed.