5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၂၊ ၂၀၁၇
M-Media

– ဇူလိုင်လ ၃ ရက်နေ့က လန်ဒန်တံတား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဗလီတစ်လုံး၏ရှေ့တွင် ဗုံးအတုထားကာ ခြိမ်းခြောက်ခဲ့သူတစ်ဦးကို စကော့တလန်က ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်ဟု သိရသည်။

စကော့တလန်နိုင်ငံအရှေ့ပိုင်း ပီဇလီမြို့မှ အသက် ၃၁ နှစ်အရွယ် ဂျိမ်စ်း ပါလ်မာရ်ဆိုသူဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တစ်ရက် ဇွန်လ ၄ ရက်နေ့တွင် ဂက်စ်ဘူးနှစ်ဘူးကို ၀ါယာကြိုးများ၊ သစ်သားများဖြင့် ဗုံးပုံစံပြုလုပ်ကာ ပလက်စတစ်အိတ်ထဲထည့်၍ ၀တ်ပြုဆုတောင်းသည့်သူများ ရှိနေသည့်အချိန် ပီဇလီဂျာမေဗလီရှေ
့တွင် သွားချထားခြင်းဖြစ်သည်။

အိတ်ထဲတွင် ခြိမ်းခြောက်စာတစ်စောင်လည်း ပါလ်မာရ်က ထည့်သွင်းထားခဲ့သည်။

ဝတ်ပြုပြီးနောက် ထွက်လာသူများမှာ အဆိုပါ အထုပ်ကို မြင်သွားခဲ့ပြီး လုံခြုံရေးကင်မရာမှတစ်ဆင့် ကြည့်ရှုပြီးနောက် ပါလ်မာရ်မှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

တရားရုံးကြားနာမှုတွင် ပါလ်မာရ်က ‘ဗုံးပေါက်ကွဲကာ မီးလောင်တော့မည်၊ ဒဏ်ရာရတော့မည်၊ အဆောက်အဦးများ ပျက်ဆီးတော့မည်ဆိုသည့် ကြောက်လန့်မှုဖြစ်စေရန်’ အဆိုပါ ဗုံးအတုကို ချထားခြင်းဖြစ်သည်ဟု ထွက်ဆိုကာ အပြစ်ရှိကြောင်း ၀န်ခံခဲ့သည်။

Ref: The Gazette

Comments are closed.