5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၅၊ ၂၀၁၇
M-Media

– လာမယ့်ရက်ပိုင်းအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို လာရောက်လည်ပတ်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာစစ်တပ်အကြီးအကဲနဲ့ တွေ့ဆုံဖို့ ရှိနေပြီး၊ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကိုလည်း တွေ့ဆုံအားပေးမယ်လို့ ဗာတီကန်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ မြန်မာနိုင်ငံကိုလာရောက်မယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ကနဦးခရီးစဉ်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ မပါဝင်ပေမယ့် မြန်မာနိုင်ငံက ကာဒီနယ် ချားလ်စ်ဘိုရဲ့ တိုက်တွန်းမှုကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ကာဒီနယ်ဘိုဟာ ခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့လည်း ပုပ်ရဟန်းမင်းကြီးကို တောင်းဆိုထားပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ ဂရက်ဂ်ျ ဘာကီက ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးမလား၊ မသုံးဘူးလားဆိုတဲ့ကိစ္စကို မှတ်ချက်ပေးဖို့ ငြင်းဆိုပြီး၊ ဘင်္ဂလားဒေ့ရှ်ကို ဒီဇင်ဘာ ၂ ရက်နေ့ သွားရောက်ရာမှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့မယ်လို့ အတည်ပြုခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရိုဟင်ဂျာတွေ ထိခိုက်ခံစားနေရတာနဲ့ပတ်သက်ပြီး ယခင်က လူသိရှင်ကြား စာနာကြောင်း ပြောကြားကာ၊ ကျူးလွန်သူတွေကိုလည်း ရှုတ်ချခဲ့တာပါ။

ဂရက်ဂ်ျ ဘာကီကတော့ ရိုဟင်ဂျာဆိုတဲ့စကားလုံးဟာ တားမြစ်ထားတဲ့ စကားလုံးမဟုတ်ဘူးလို့ သတင်းထောက်တွေရဲ့အမေးကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သံဃမဟာနာယက ဆရာတော်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကက်သလစ်ဘာသာဝင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

Ref: Cruxnow

Comments are closed.