5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၇၊ ၂၀၁၇
M-Media

နှုတ်ထွက်သွားခဲ့သည့် ပါကစ္စတန် တရားရေးဝန်ကြီး ဇာဟစ် ဟာမစ်

– လွှတ်တော်အမတ်များ ကျမ်းကျိန်မည့် စာအုပ်တွင် စာကားလုံးအပြောင်းအလဲလုပ်မှုကြောင့် ဆန္ဒပြခံနေရသည့် ပါကစ္စတန် တရားရေးဝန်ကြီး ဇာဟစ် ဟာမစ်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီး အစိုးရနှင့် ပြည်သူလူထုကြား တင်းမာမှုမှာလည်း အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

ထိုကိစ္စမှာ သာသနာကို ညှိုးနွမ်းအောင်လုပ်သည်ဟု ဆိုကာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် ပြည်သူများမှာ ယခုလ အစောပိုင်းကစ၍ မြို့တော် အစ္စလာမ်မာဘတ်ရှိ အဝေးပြေးလမ်းမများပေါ်တွင် ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် စနေနေ့က ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများကြောင့် အနည်
းဆုံး လူ ၅ ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင် အများစုအပါအ၀င် ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အစိုရနှင့် ဆန္ဒပြကိုယ်စားလှယ်များကြား ယမန်နေ့က ရရှိသည့် သဘောတူညီချက်တွင် တရားရေးဝန်ကြီး နှုတ်ထွက်ပေးရေး၊ နိုဝင်ဘာ ၈ ရက် သပိတ်စတင်သည့်အချိန်မှစ၍ ဖမ်းဆီးထားသူများအား ၃ ရက်အတွင်း ပြန်လွှတ်ပေးရေး၊ ဆန္ဒပြမှုအတွင်း ပျက်ဆီးသွားသည့် ပြည်သူပိုင် အဆောက်အဦးများ၊ တစ်ဦးချင်ပိုင် အေ
ဆာက်အဦးများအတွက် အစိုးရက လျော်ကြေးပေးရေးတို့ ပါဝင်သည်။

စနေနေ့က ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့၏ နှိမ်နှင်းမှုနှင့် ပတ်သက်၍ အစိုးရက စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လည်း သဘောတူညီခဲ့ကြသည်။

ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် TLP ပါတီခေါင်းဆောင် ရစ်ဇ်ဗီက ၀န်ကြီး ဟာမစ်အား ဘာသာရေးအရ ၀ိုင်းကျဉ်သည့် ဓမ္မသတ်မျိုး ထုတ်ပြန်ခြင်းမပြုရန် သဘောတူခဲ့သည်။

ပါကစ္စတန်တွင် သာသနာ ညှိုးနွမ်းစေသည့် ကိစ္စမှာ အထိအခိုက်မခံသော ကိစ္စမျိုးဖြစ်ပြီး ထိုကဲ့သို့ စွပ်စွဲမှုများကြောင့် တိုက်ခိုက်မှုများ၊ လူအုပ်ဖြင့် အကြမ်းဖက်မှုများလည်း မကြာခင် ဖြစ်ပွားလေ့ရှိသည်။

Ref: Aljazeera

Tags:

Comments are closed.