5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၇၊ ၂၀၁၇
M-Media

– ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ သတိပေးမှုတွေကြားထဲကနေပဲ ထရမ့်ဟာ ဂျေရုစလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း မနေ့မှာ တရားဝင်ကြေငြာလိုက်ပြီး အမေရိကန်သံရုံး ဂျေရုစလင်ကိုရွှေ့ပြောင်းရေး လုပ်ငန်းကို စတင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါဟာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအပေါ် အမေရိကန်အစိုးရဲ့ ဆယ်စုနှစ်နဲ့ချီရှိခဲ့တဲ့ ရပ်တည်ချက် အပြောင်းအလဲဖြစ်ပြီး ထရမ့်က နှစ်ဖက်ငြိမ်းချမ်းရေးအတွက် နည်းလမ်းဟောင်းက အလုပ်မဖြစ်တဲ့အတွက် နည်းလမ်းသစ်ကို ပြောင်းလဲရခြင်းလို့ ပြောကြားခဲ့ပါတယ်။

အရှေ့ဂျေရုစလင်အပါအ၀င် ကုလက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားတဲ့ ဒေသတွေကိုအစ္စရေးက ၁၉၆၇ ခုနှစ်နောက်ပိုင်း တစ်စတစ်စ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်ဖို့ ဆောင်ရွက်လာပါ။

အစ္စရေးက နိုင်ငံတကာသံရုံးတွေဟာ ဂျေရုစလင်မှာ တစ်ခုမှမရှိဘဲ ဂျေရုစလင်မြို့ကို အစ္စရေးက စိုးမိုး အုပ်ချုပ်နေမှုကို ထရမ့်ရဲ့ ဒီပြောကြားချက် ထွက်မလာခင်အထိ အမေရိကန်အပါအ၀င် ကမ္ဘာ့ဘယ်နိုင်ငံကမှ အသိအမှတ် မပြုပါဘူး။

ထရမ့်က သူ့အနေနဲ့ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုတာဟာ နှစ်ဖက် အငြင်းပွားနေတဲ့ နယ်စပ်ကိစ္စအပေါ် အဆုံးအဖြတ်ပေးတာမျိုးမဟုတ်ဘဲ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား အငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အ၀ အသုံးချသွားမယ်လို့လည်း ဆိုပါတယ်။

ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ထရမ့်ကို ရှုတ်ချလိုက်ပြီး ပါလက်စတိုင်းခေါင်းဆောင်ပိုင်းအနေနဲ့ အငြင်းပွားဖွယ် ဒီဆုံးဖြတ်ချက်ကို လက်ခံမှာမဟုတ်ကြောင်း၊ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တာကြောင့် အမေရိကန်ဟာ အစ္စရေး-ပါလက်စတိုင်း ပြဿနာမှာ ကြားဝင်ညှိနှိုင်းပေးသူ မဟုတ်တော့ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းဆွေးနွေးပွဲမှာ ပါလက်စတိုင်းဖက်က ညှိနှိုင်းဆွေးနွေးရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ ဆအဘ် အီရီကတ်က ထရမ့်ဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးပစ်လိုက်တာဖြစ်ပြီး ဒေသတွင်း ၀ရုန်းသုန်းကားဖြစ်အောင်၊ တိုက်ခိုက်မှုတွေဖြစ်လာအောင် လုပ်ဆောင်လိုက်တာလို့ ဝေဖန်ခဲ့ပါတယ်။

“ဒေသတွင်း အလယ်အလတ်တွေအားလုံးကို ဖျက်ဆီးလိုက်တာဖြစ်ပြီး အစွန်းရောက်တွေကို တွန်းအားပေးလိုက်တာပါ။ ဒါဟာ အမေရိကန်သမ္မတတွေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အန္တရာယ်အရှိဆုံး ဆုံးဖြတ်ချက်ပါပဲ” လို့ အီရီကတ်က ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမေရိကန်ဟာ ယုံကြည်လို့မရတဲ့ နိုင်ငံဖြစ်အောင် ထရမ့်က လုပ်ဆောင်လိုက်တာလို့လည်း ညှိနှိုင်းရေးမှူးက ဆိုပါတယ်။

ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုတာဟာ ဒေသတွင်း အခြေအနေတွေကို ပိုမိုဆိုးရွားစေလိမ့်မယ့်လို့ အရှေ့အလယ်ပပိုင်းခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေက ထရမ့်ကို သတိပေးခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

ပါလက်စတိုင်းပြည်သူတွေကို ဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ၃ ရက်တာ အကြီးအကျယ် ဆန္ဒပြရေးကို ယမန်နေ့မှာ စတင်ခဲ့ပါတယ်။

Ref: Aljazeera

Tags: ,

Comments are closed.