5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၀၊ ၂၀၁၈
M-Media

အောက်တိုဘာလက ဆော်ဒီ အဏ္ဍ၀ါအားကစားအဖွဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခံရသည့် မင်းသား အဘ်ဒူလာ ဘင် ဆာအွဒ်ဖြစ်ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၏ ခါးပိုက်ဆောင်တပ်ဖွဲ့က ဇန်န၀ါရီ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

– တော်ဝင်မင်းသား ၁၁ ဦးအား ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဆော်ဒီအာဏာပိုင်များ၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲသည့်အမြင်မျိုးကို ပြောကြားခဲ့သည့် မင်းသားတစ်ပါးကို ဆော်ဒီက ရာထူးမှ ဖယ်ရှားကာ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

အောက်တိုဘာလက ဆော်ဒီ အဏ္ဍ၀ါအားကစားအဖွဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခံရသည့် မင်းသား အဘ်ဒူလာ ဘင် ဆာအွဒ်ဖြစ်ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၏ ခါးပိုက်ဆောင်တပ်ဖွဲ့က ဇန်န၀ါရီ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အစိုးရက တော်ဝင်အသိုင်းအ၀ိုင်းအတွက် စားရိတ်လျှော့ချမှုကို မကျေနပ်၍ ဆန္ဒပြသောကြောင့် ဆော်ဒီမင်းသား ၁၁ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆော်ဒီအစိုးရက ပြီးခဲ့သည်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

တက်ကြွလှုပ်ရှားသူများကမူ တော်ဝင်မိသားစုများအား ပစ်မှတ်ထားဖမ်းဆီးခြင်း၊ အိမ်ရှေ့မင်းသားဟောင်း မိုဟာမက် ဘင် နာယက်ဖ် ပျောက်ဆုံးနေခြင်းတို့အား ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာများတွင် ရေးသားခဲ့ကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အဘ်ဒူလာ ဘင် ဆာအွဒ်၏ အသံသွင်းထားမှုတွင် ဖမ်းဆီးခံရသည့် မင်းသား ၁၁ ဦးမှာ မတရားစွပ်စွဲခံရခြင်းဖြစ်ကြောင်း၊ ရာထူးမှ ဖယ်ရှားခံသည့် ဆွေမျိုးတစ်ဦးနှင့်အတူ နန်းတော်သို့ မင်းသားများက လိုက်သွားစဉ် ၀င်ရောက်ခွင့်မပေးသည့်အတွက် အစောင့်များနှင့် ရန်ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

အဆိုပါအသံသွင်းထားသည့်ဖိုင် ထုတ်ပြန်ခဲ့ပြီးနောက် ဆော်ဒီ အားကစားဆိုင်ရာ အာဏာပိုင်အဖွဲ့က အဘ်ဒူလာအား ရာဖူးမှ ချက်ချင်း ဖယ်ရှားခဲ့သည်။

လက်ရှိတွင် အဘ်ဒူလာကို ရီယာ့ဒ်တောင်ဘက်ရှိ အကျဉ်းထောင်တွင် အခြား ဖမ်းဆီးခံ ဆွေတော်မျိုးတော်များနှင့်အတူ ချုပ်နှောင်ထားသည်ဟု ဆော်ဒီဝဘ်ဆိုက်အများအပြားက ဖော်ပြခဲ့သည်။

Ref: Aljazeera

Comments are closed.