5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၁၊ ၂၀၁၈
M-Media

ဒါလစ်ဇာတ်နိမ့်များ၏ ဆန္ဒပြမှု

– ဟိန္ဒူအစွန်းရောက်များ၏ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကို မကျေနပ်၍ ပြုလုပ်သော ဆန္ဒပြမှုတွင် ပါဝင်သည့် ဒါလစ်ဇာတ်နိမ့် အများအပြားကို အိန္ဒိယအစိုးရက ဥပဒေပ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်။

ဇာတ်မြင့်များ၏ ညှင်းပမ်းနှိပ်စက်မှုများကို ဗြိတိသျှနှင့် ပူးပေါင်းကာ တွန်းလှန်နိုင်ခဲ့သည့် နှစ် ၂၀၀ ပြည့် အခမ်းအနားကို ဇန်န၀ါရီ ၁ ရက်နေ့တွင် ဒါလစ်များက မဟာရက်ရှ်ထရာပြည်နယ် ပူနေးမြို့တွင် ပြုလုပ်ရာ၌ ဟိန္ဒူဇာတ်မြင့် အစွန်းရောက်များက တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ထိုလုပ်ရပ်ကို ဆန့်ကျင်သောအားဖြင့် ဒါလစ်များမှာ ပြည်နယ်တစ်ဝှမ်းတွင် ရက်အတော်ကြာ ဆန္ဒပြခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးနှိမ်နှင်းခဲ့သည်။

ရဲတပ်ဖွဲ့ကမူ အဆိုပါ ဆန္ဒပြမှုနှင့်ပတ်သက်၍ ကလေးငယ် ၂ ဦးအပါအ၀င် ၄၃ ဦးကို ဖမ်းဆီးထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

သို့သော်လည်း ဒါလစ်အဖွဲ့အစည်းများက ဖမ်းဆီးထားသူများမှာ ၁၀၀ ကျော်ရှိပြီး ကလေးငယ် ၁၆ ဦး ပါဝင်သည်ဟု ဆိုသည်။

အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဗိသုကာဖြစ်သည့် နာမည်ကျော် ဒါလစ်ခေါင်းဆောင် Bhimao Ambedkar ၏ မြေးဖြစ်ပြီး တက်ကြွလှုပ်ရှားသူတစ်ဦးသူ ပရာကက်ရှ် အမ်ဘဒ်ကာရ်က ဒါလစ်ထောင်ပေါင်များစွာ ဥပဒေပ ဖမ်းဆီးခံရမည်ကို စိုးရိမ်သည်ဟု ပြောကြားခဲ့သည်။

“ပြည်နယ်ရဲတပ်ဖွဲ့က အခုလုပ်နေတဲ့ ဖော်ထုတ်ဖမ်းဆီးမှုတွေဟာ တရားမ၀င်ပါဘူး။ မတည်ငြိမ်တဲ့ဒေသဖြစ်တယ်လို့ ကြေငြာပြီးမှသာ ဒီလို ဖော်ထုတ်ဖမ်းဆီးမှုတွေကို လုပ်ရတာဖြစ်ပါတယ်။ မွမ်ဘိုင်းကိစ္စက ဒီလိုမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒါဟာ တရားမ၀င်တဲ့လုပ်ရပ်ပါ။ ဒီလို ဥပဒေပလုပ်ရပ်မျိုး တိုင်းပြည်မှာ ဖြစ်စေချင်တာလား၊ ဒါမှမဟုတ် ဥပဒေစိုးမိုးချင်တာလားဆိုတာ ပြည်သူက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်”

ဒါလစ်များကို တိုက်ခိုက်မှုအတွက် ရဲတပ်ဖွဲ့က ဟိန္ဒူအစွန်းရောက် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် မီလင် အက်ဘိုတီနှင့် ဆမ်ဘာဂျီ ဘိုင်ဒီတို့ကို အမှုဖွင့်ထားပြီး ဘိုင်ဒီမှာ အာဏာရ BJP ပါတီနှင့် နီးစပ်ပတ်သက်သူဖြစ်သည်။ ထို့ပြင် ၎င်းမှာ ယခင်က ဟိန္ဒူအမျိုးသားရေး လက်ယာစွန်းအဖွဲ့ RSS ၏ အဖွဲ့ဝင်ဟောင်းလည်းဖြစ်သည်။

ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုကို မကျေနပ်၍ ဆန္ဒပြသူ ဒါလစ်များမှ အချို့မှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရမည်စိုး၍ ပုန်းအောင်နေမှုများလည်း ရှိနေသည်။

Ref: Aljazeera

Tags:

Comments are closed.