5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၅၊ ၂၀၁၈
M-Media

– ၁၄ ရာစုက မွတ်စလင်ဘုရင်တစ်ပါးနှင့် ဟိန္ဒူဘုရင်မတစ်ဦးတို့အကြောင်း ရိုက်ကူးထားသည့် Padmaavat ရုပ်ရှင်ကို ရုံတင်ပြသမှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ဟိန္ဒူ လက်ယာစွန်းရောက်များက ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အာဏရ BJP ပါတီ ကြီးစိုးသည့် ပြည်နယ်များတွင် ထိုရုပ်ရှင်နှင့်ပတ်သက်၍ ကာရ်နီ ဆီနာ မျိုးနွယ်က ဆန့်ကျင်မှုရှိသောကြောင့် လုံခြုံရေး တိုးမြှင့်ထားရသည်။

ရုပ်ရှင် ရုံတင်သည့် ယနေ့တွင် ရာဂျက်စတန်နှင့် ဘီဟာရ်ပြည်နယ်များ၌ ကာရ်နီ ဆီနာ လူမျိုးများမှာ ဓားများကိုင်ဆောင်ကာ လျှောက်သွားခြင်း၊ တာယာများ မီးရှို့ခြင်း၊ ဘတ်စ်ကားများကို နှောက်ယှက်ခြင်း၊ ဆိုင်များကို ဖျက်ဆီးခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

၁၄ ရာစုက သမိုင်းကြောင်းကို ရိုက်ကူးထားသည့် အဆိုပါရုပ်ရှင်ကို ဒီဇင်ဘာတွင် ရုံတင်ရန် စီစဉ်ထား သော်လည်း ဆန္ဒပြမှုများကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး တရားရုံးချုပ်၏ ခွင့်ပြုချက် ယနေ့တွင် ရုံတင်ခြင်းဖြစ်သည်။

နယူးဒေလီဆင်ခြေဖုံးတွင် ကျောင်းကားတစ်စီးကို ဟိန္ဒူ လက်ယာသမားများက တိုက်ခိုက်ခဲ့ခြင်းကြောင့် အာဏာပိုင်များမှာ စာသင်ကျောင်းများကို ပိတ်ပစ်ခဲ့ရသည်။

ရဲတပ်ဖွဲ့ကမူ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ၁၈ ဦးကို ဖမ်းဆီးထားသည်ဟု ထုတ်ပြန်ခဲ့သည်။

ဆူပူမှုများကြောင့် အိန္ဒိယအစိုးရမှာ ပြည်နယ်အချို့၌ ရုပ်ရှင်ရုံများတွင် လုံခြုံရေးကို တိုးမြှင့်ချထားခဲ့သည်။

အင်္ဂါနေ့လည်း ဂူဂျာရတ်ပြည်နယ်တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က လူအုပ်အား သေနတ်ဖြင့် ပစ်ခဲ့ပြီးနောက် အဆိုပါ လူအုပ်မှာ ဆိုင်ကယ်များအား မီးရှို့ခြင်း၊ ရုပ်ရှင်ရုံများကို ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့သည်။

Ref: Aljazeera

Tags:

Comments are closed.