5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၆၊ ၂၀၁၈
M-Media

– ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ YPG အား ထောက်ပံ့ပေးသည့် မည်သူမဆို မိမိတို့၏ ပစ်မှတ်ဖြစ်လာမည်ဟု တူရကီ ဒုတိယ၀န်ကြီးချုပ် ဘီကီရ် ဘော့ဇ်ဒဂ်က ပြောကြားလိုက်ပြီး အမေရိကန်ကို သွယ်ဝိုက်၍ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ကာ့ဒ်တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ဆီးရီးယားမြောက်ပိုင်းမှ အက်ဖ်ရင်မြို့ကို မြေပြင်တပ်များဖြင့် ၀င်ရောက်တိုက်ခိုက်နေသည့် တူရကီမှာ အနီးအနားရှိ မန်ဘစ်ဂ်ျမြို့ကိုပါ ထပ်မံတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ယမန်နေ့တွင် ဒုတိယ၀န်ကြီးချုပ်၏ ယခုသတိပေးမှု ပေါ်ထွက်ာခြင်းဖြစ်သည်။

အက်ဖ်ရင်မြို့ အရှေ့ဖက် ကီလိုမီတာ ၁၀၀ ခန့်တွင် တည်ရှိသည့် မန်ဘစ်ဂ်ျမြို့တွင် IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ခဲ့သည့် YPG ကို အကူအညီပေးနေသော အမေရိကန်စစ်သား ၂၀၀၀ ခန့် တပ်စွဲထားသည်။

အမေရိကန်အနေဖြင့် တူရကီနှင့် ရင်ဆိုင်ရမှုကို ရှောင်ရှားလိုပါက အကြမ်းဖက်သမားများကို ကူညီပေးမှုအား ရပ်ဆိုင်းရမည်ဟု ဘော့ဇ်ဒဂ်က တူရကီ သတင်းဌာန A Haber သို့ ပြောကြားခဲ့သည်။

“အကြမ်းဖက်အဖွဲ့အစည်းကို တိုက်ခိုက်နေတဲ့ သူတွေဟာ ဒီတိုက်ပွဲမှာ ပစ်မှတ်ဖြစ်လာမှာပါ။ တူရကီနဲ့ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားချင်ရင် အမေရိကန်အနေနဲ့ သူတို့ရဲ့ စစ်သားတွေ၊ တပ်အစိတ်အပိုင်းတွေဟာ မြေပြင်မှာ အကြမ်းဖက်သမားတွေကို ပံ့ပိုးပေးနေလားဆိုတာ သုံးသပ်ဖို့လိုပါတယ်”

၎င်း၏ စကားများအတွက် အမေရိကန်ဖက်မှ မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။

မန်ဘစ်ဂ်ျမြို့ရှိ အမေရိကန်မဟာမိတ်တပ်က မိမိတို့စစ်သားများအနေဖြင့် တိုက်ခိုက်ခံရလျှင် ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တူရကီအနေဖြင့် အမေရိကန်တပ်များကို ရွှေ့ပေးရန် ပြောကြားမှုများ မီဒီယာ၌ တွေ့ရကြောင်း သို့သော်လည်း ထိုကိစ္စအား စဉ်းစားနေလားဆိုသည်ကို မသိရှိရသေးကြောင်း ယမန်နေ့တွင် ပြောကြားခဲ့သည်။

တူရကီမှာ ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ YPG ကို ပြီးခဲ့သည့်တစ်ပတ်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး စစ်ဆင်ရေးစတင်ကတည်းက ကာ့ဒ်တိုက်ခိုက်ရေးသမား ၃၀၀ ကျော်ကို လက်နက်ဖြုတ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

Ref: Aljazeera

Tags: ,

Comments are closed.