11 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၄၊ ၂၀၁၈
M-Media

– အင်္ဂလန်နိုင်ငံက ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ ဗိသုကာလက်ရာ၊ သမိုင်းကြောင်းအရ အရေးပါမှုတွေကြောင့် ဗြိတိန်ရဲ့ သမိုင်းအမွေအနှစ်စာရင်းမှာ အမြင့်ဆုံးအဆင့် သတ်မှတ်ခံခဲ့ရပြီး ဒီလိုအဆင့်မျိုးရတဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဆာရေးခရိုင် ၀ုကင်းမြို့က ‘ရှားဂျဟန်’ ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး မနေ့က သမိုင်းအမွေအနှစ် ပထမအဆင့် (Grade I) မှာ ထည့်သွင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ဗြိတိသျှဘုရင်မကြီး စိုးစံရာ ဘက်ကင်ဟမ်နန်းတော်နဲ့ အဆင့်တူသွားတာလည်း ဖြစ်ပါတယ်။

၁၈၈၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ဟာ ဗြိတိန်မှာ အစ္စလာမ်ဘာသာဝင်တွေအတွက် ပထမဆုံး အမြဲတမ်းဝတ်ပြုရာနေရာ ဖြစ်ခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော်ကို အော်တိုမန် တူရကီ ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားပြီး ၁၉၈၄ ခုနှစ်မှာ သမိုင်းအမွေအနှစ် ဒုတိယအဆင့် (Grade II) စာရင်းထဲ ပါဝင်ခဲ့တာပါ။

ဗြိတိသျှအစိုးရရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဗလီဝတ်ကျောင်းတော်ရဲ့အဆင့်ကို တိုးမြှင့်ပေးခဲ့သလို၊ အရင်က စာရင်းထဲမပါတဲ့ လန်ဒန်က သက်တမ်းရင့် အခြားဗလီဝတ်ကျောင်းတော် ၂ ခုကိုလည်း အမွေအနှစ်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

“လှပတဲ့ ဒီဗလီဝတ်ကျောင်းတော်တွေကို သမိုင်းအမွေအနှစ်စာရင်းသွင်းခြင်းအားဖြင့် ကျွန်တောတို့ဟာ ၀တ်ပြုရာနေရာတွေရဲ့ အရေးပါမှုကို ထိန်းသိမ်းတာသာမကဘဲ အင်္ဂလန်က မွတ်စလင်လူ့အဖွဲ့အစည်း တွေရဲ့ ကြွယ်ဝတဲ့ သမိုင်းအမွေအနှစ်ကို ချီးမြှောက်တာလည်း ဖြစ်ပါတယ်” ဟု သမိုင်းအမွေအနှစ်ဆိုင်ရာဝန်ကြီး
မီခေးလ် အီလစ်က ပြောကြားခဲ့ပါတယ်။

ရှားဂျဟန် ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင်အီမာမ်ကြီး ဟာဖစ်ဇ် ဟက်ရှ်မီကလည်း အခုလို သမိုင်းအမွေအနှစ်အဆင့်အတန်း တိုးမြှင့်ပေးလိုက်တာဟာ မိမိတို့ဗလီအတွက် ၀မ်းမြောက်စရာကိစ္စသာမကဘဲ ယူကေက မွတ်စလင်အသိုင်းအ၀ိုင်းအတွက် သတင်းကောင်းလည်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီဗလီဝတ်ကျောင်းတော်ဟာ ငြိမ်းချမ်းရေးစကား အစစ်အမှန်တွေကို ဖြန့်ဝေပေးနေပြီး၊ လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေလည်း ပါဝင်နေပါတယ်။ ဒီငြိမ်းချမ်းရေးစကားကို ကျွန်တော်တို့ ဆက်လက် ဖြန့်ဖြူးပေးမှာဖြစ်ပြီး မိမိတို့လူ့အဖွဲ့အစည်း တစ်ခုတည်းအတွက်သာမကဘဲ တစ်နိုင်ငံလုံးအတွက် အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီပေးသွားမှာ ဖြစ်ပါတယ်”

ဒီဗလီဝတ်ကျောင်းတော်ကို ဂျူးမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ ဟန်ဂေရီပညာရှင် ဒေါက်တာ ဂေါ့တ်လစ်ဘ် လစ်တနာက ဦးစီးဆောက်လုပ်တာဖြစ်ပါတယ်။

လစ်တနာဟာ အစ္စတန်ဘူလ်မှာ သူ့ရဲ့ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရပြီး မြို့တွင်းက ဗလီဝတ်ကျောင်းတော်နဲ့တွဲနေတဲ့ မဒ်ရာဆာ စာသင်ကျောင်းမှာ ပညာဆည်းပူးခဲ့တာပါ။ နောက်ပိုင်း အင်္ဂလန်ကို ပြောင်းရွှေ့လာခဲ့ပြီး ၁၈၈၀ ပြည့်နှစ်တွေမှာ Oriental Institute ကို ၀ုကင်းမှာ တည်ထောင်ခဲ့ပါတယ်။

ဗလီဝတ်ကျောင်းတော်အတွက် အိန္ဒိယနိုင်ငံ ဘိုပါလ်မြို့ကို အုပ်စိုးတဲ့ ဘုရင်မ ဘေဂွန် ရှားဂျဟန်က ငွေကြေးလှူဒါန်းပြီး လစ်တနာက ဗလီဝတ်ကျောင်းတော်ကို ဘုရင်မရဲ့အမည် ပေးခဲ့ပါတယ်။ ဒေါက်တာလစ်တနာဟာ သူ အစ္စတန်ဘူလ်မှာရှိနေစဉ်အတွင်း မြင်ခဲ့ရတဲ့ အော်တိုမန်ဗိသုကာလက်ရာတွေကို အတုယူတည်ဆောက်ခဲ့တာဖြစ်ပြီး အိန္ဒိယက နာမည်ကြီး တက်ဂ်ျမဟာလ် အဆောက်အဦးကို အတုခိုးခဲ့တယ်လို့လည်း ပြောစမတ်ရှိပါတယ်။

ရှားဂျဟန် ဗလီဝတ်ကျောင်းတော်ဟာ ဗြိတိန်မွတ်စလင်တွေရဲ့ ဆုံမှတ်တစ်ခုဖြစ်ပြီး အခုအချိန်အထိ လည်ပတ်နေတဲ့ ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။

လန်ဒန် ဂျာမေဗလီဝတ်ကျောင်းတော်နဲ့ မြို့လယ်ကောင် ရီဂျင့်ပါ့က်က အစ္စလာမ့်ယာဉ်ကျေးမှုစင်တာ၊ မြို့အနောက်တောင်ပိုင်းက ဖာဇဲလ် ဗလီဝတ်ကျောင်းတော်တို့လည်း မနေ့မှာ ဒုတိယအဆင့် သမိုင်းအမွေအနှစ်စာရင်း (Grade II) ၀င်ခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံတစ်ဝှမ်းက အဆောက်အဦးပေါင်း ၅ သိန်းနီးပါးမှာ Grade II ၀င်တဲ့ အရေအတွက်ဟာ ၅.၈ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒီအဆင့်ဝင်တဲ့ အဆောက်အဦးတွေကို ဗြိတိသျှအစိုးရက အထူးအရေးပါတဲ့ နေရာတွအဖြစ် သတ်မှတ်ကာ၊ ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပိုမိုလုပ်ဆောင်ပေးပါတယ်။

REf: The National

Comments are closed.