5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ပါဆန်ဂရင်းဘူတာမှာ ပိုက်နဲ့ ဗုံးခွဲခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အဟ်မဒ် ဟာဆန်

မတ် ၂၆၊ ၂၀၁၈
M-Media

– အကြမ်းဖက်လုပ်ရပ်တွေ၊ ကမ္ဘာမြေကြီး ပျက်ဆီးရာပျက်ဆီးကြောင်း လုပ်ရပ်တွေဟာ အစ္စလာမ်သာသနာရဲ့ သင်ကြားမှုကို ဆန့်ကျင်ချိုးဖောက်တာဖြစ်တယ်လို့ ဗြိတိန်တရားသူကြီးက IS ထောက်ခံသူတစ်ဦးကို အမိန့်ချရာမှာ ဆုံးမပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပါဆန်ဂရင်းဘူတာမှာ ပိုက်နဲ့ ဗုံးခွဲခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အဟ်မဒ် ဟာဆန်ဆိုသူကို သောကြာနေ့က ထောင်ဒဏ် ၃၄ နှစ် ချမှတ်ခဲ့တဲ့အချိန်မှာ တရားသူကြီး ချားလ်စ် ဟာဒန်ကေ့ဗ်က ဒီလို သြ၀ဒါပေးခဲ့တာဖြစ်ပြီး ကုရ်အာန်ကျမ်းစာကို နားလည်အောင် လေ့လာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“မင်းအနေနဲ့ လာမယ့်နှစ်တွေအတွင်း ထောင်ထဲမှာ ကုရ်အာန်ကို လေ့လာဖို့ အချိန်အများကြီး ရမှာပါ။ ကုရ်အာန်နဲ့ အစ္စလာမ်ဟာ ဘာသာရေးအစွန်းရောက်မှုအပါအ၀င် အစွန်းထွက်တာ မှန်သမျှကို တားမြစ်ထားတယ်။ ခဏတာ ဧည့်သည်တစ်ယောက်အဖြစ် လာနေတဲ့ လူသားတွေဟာ ‘လောကကြီးရဲ့ ဥပဒေ’ အပေါ် ချိုးဖောက်တာမျိုးကို အစ္စလာမ်က တားမြစ်ထားတယ်။ အကြမ်းဖက်ဝါဒကိုလည်း အစ္စလာမ်က တားမြစ်ပါတယ်’

‘ကမ္ဘာကြီး ပျက်ဆီးရာပျက်ဆီးကြောင်း ဖြစ်စေတဲ့’ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်တာကို အဆိုးယုတ်ဆုံး ရာဇ၀တ်မှုအဖြစ် အစ္စလာမ်က သတ်မှတ်ထားတယ်ဆိုတာ ကုရ်အာန်နဲ့ တမန်တော် မုဟမ္မဒ်ရဲ့ သြ၀ါဒတော်တွေမှာ တွေ့ရကြောင်း၊ ယူကေဥပဒေကလည်း ဒီလုပ်ရပ်ကို တားမြစ်ထားကြောင်း တရားသူကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ် အသက် ၁၆ နှစ်အရွယ်မှာ ဒုက္ခသည်အဖြစ် အီရတ်ကနေ ယူကေကို ရောက်ရှိခဲ့တဲ့ အဟ်မဒ် ဟာဆန်က သူဟာ IS အကြမ်းဖက်အဖွဲ့အပေါ် ထောက်ခံသူ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

သူရဲ့ ပိုက်ဗုံးခွဲမှုကြောင့် လူ တစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၃၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.