5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၊ ၂၀၁၈
M-Media

စတီဖင်ဟော့ကင်း၏ ခေါင်းတလားကို ထမ်းလာစဉ်

– ကမ္ဘာ့ အကြီးအကျယ်ဆုံး သိပ္ပံပညာရှင်များထဲမှ တစ်ဦးဖြစ်သည့် ဗြိတိသျှ သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း၏ ဈာပနအခမ်းအနားကို ယမန်နေ့က ကမ်းဘရစ်ခ်ျမြို့တွင် ကျင်ပခဲ့ပြီး လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။

ဈပနအခမ်းအနားတွင် ဟော့ကင်းအတွက် ရေးစပ်ထားသော အာကာသတေးသွား Beyond the Night Sky ကို ဖွင့်ခဲ့ပြီး ဟော့ကင်း၏ ‘အချိန်၏သမိုင်းအကျဉ်း’ စာအုပ်မှ ကဗျာတစ်ပုဒ်နှင့် မှတ်သားဖွယ်ရာများကို ကောက်နှုတ်ဖော်ပြခဲ့သည်။

၎င်း၏ မိတ်ဆွေတစ်ဦးဖြစ်သူ ရီးစ်က အခမ်းအနားတွင် ပလေတိုရေးသားခဲ့သည့် Apology စာအုပ်မှ “The Death of Socrates” (ဆိုကရေးတီးသေဆုံးခြင်း) အခန်းကို ဖတ်ကြားခဲ့သည်။ အသိပညာကိုရှာဖွေခြင်းမှာ မိမိသေဆုံးပြီးနောက်ပိုင်းတွင်လည်း ရှိနေမည်ဆိုသည်ကို အဆိုပါအခန်းတွင် ဖော်ကျူထားသည်။

ဟော့ကင်း၏ ခေါင်းတလားအပေါ်တွင် ကြာပန်းများ၊ နှင်းဆီပန်းများဖြင့် ဆင်ယင်ထားပြီး ၎င်းအလုပ်လုပ်ခဲ့သည့် ကမ်းဘရစ်ဂ်ျတက္ကသိုလ်မှ ဈာပနအခမ်းအနားအဖွဲ့ဝင်များက ခေါင်းတလားကို ထမ်းခဲ့ကြသည်။

ဘုရားကျောင်းမှ ခေါင်းတလားကို ယူဆောင်လာသည့်အချိန်တွင် အပြင်၌စောင့်နေသည့် ပြည်သူများက လက်ခုပ်များတီးကာ ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် ထွက်ရှိခဲ့သည့် The Theory of Everything ရုပ်ရှင်ကားတွင် ပရော်ဖက်ဆာဟော့ကင်းအဖြစ် သရုပ်ဆောင်ခဲ့သည့် မင်းသား အက်ဒီ ရက်ဒ်မိုင်း၊ Space X နှင့် Tesla ပိုင်ရှင် အေလွန်မက်စ်တို့ အပါအ၀င် ဈာပနအခမ်းအနားသို့ ထင်ရှားကျော်ကြားသူတစ်ချို့ တက်ရောက်ခဲ့ကြသည်။

ယခုလအစောပိုင်း ကွယ်လွန်ချိန်အတွက် အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ဟော့င်းမှာ အသက် ၂၁ အရွယ်ကတည်းက အာရုံကြောချို့တဲ့သည့် ရောဂါကို ခံစားခဲ့ရပြီး ဆရာဝန်များက နှစ်အနည်းငယ်သာ အသက်ရှင်နေထိုင်နိုင်မည်ဟု ခန့်မှန်းခဲ့ကြသည်။

သို့သော်လည်း ဟော့ကင်းမှာ အသက် ၇၀ ကျော်အထိ နေထိုင်နိုင်ခဲ့ပြီး ၎င်း၏ သက်တမ်းတစ်လျှောက် အာကာသနှင့် သိပ္ပံဆိုင်ရာ တော်လှန်ပြောင်းလဲမှု အများအပြားကို ဆောင်ရွက်ခဲ့သည်။

Ref: Aljazeera

Tags: ,

Comments are closed.