5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၆၊ ၂၀၁၈
M-Media

Cornerstone Community အသင်းတော်ကို တည်ထောင်သူဖြစ်ပြီး ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာလည်းဖြစ်တဲ့ ယန်တက်ယုံက မနေ့မှာ မွတ်စလင်ခေါင်းဆောင်တွေကို ပြန်လည်တောင်းပန်လိုက်ပြီး မစ္စတာလူကို နောက်ထပ် စင်ကာပူကို ဖိတ်ခေါ်မှာမဟုတ်တော့ဘူးလို့ ကတိပြုခဲ့ပါတယ်။

– နိုင်ငံရပ်ခြားက တရားဟောဆရာတွေကို ဖိတ်ကြားတဲ့အခါ ဂရုတစ်စိုက်ရှိကြဖို့ စင်ကာပူ နိုင်ငံလုံးဆိုင်ရာ ဘုရားကျောင်းများကောင်စီ (NCCS) က ခရစ်ယာန်ဘုရားကျောင်းတွေကို မနေ့မှာ သတိပေးလိုက်ပြီး အမေရိကန် တရားဟောဆရာတစ်ဦး စင်ကာပူကို လာရောက်ကာ အငြင်းပွားဖွယ် တရားဟောမှုနောက်ပိုင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက Cornerstone Community အသင်းတော်က စီစဉ်ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ အမေရိကန်တရားဟောဆရာ မစ္စတာ လူအိန်ဂျယ်ဟာ အစ္စလာမ်ဆန့်ကျင်ရေးစကားတွေ ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းထွက်ခဲ့တာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် စင်ကာပူရဲတပ်ဖွဲ့က မစ္စတာလူကို စင်ကာပူပြန်လာဖို့ ပန်ကြားထားပါတယ်။

Cornerstone Community အသင်းတော်ကို တည်ထောင်သူဖြစ်ပြီး ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာလည်းဖြစ်တဲ့ ယန်တက်ယုံက မနေ့မှာ မွတ်စလင်ခေါင်းဆောင်တွေကို ပြန်လည်တောင်းပန်လိုက်ပြီး မစ္စတာလူကို နောက်ထပ် စင်ကာပူကို ဖိတ်ခေါ်မှာမဟုတ်တော့ဘူးလို့ ကတိပြုခဲ့ပါတယ်။

NCCS ရဲ့ ဥက္ကဌ Rennis Ponniah နဲ့ အထွေထွေအတွင်းရေးမှူး Ngoei Foong Nghian တို့က လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေငြာချက်မှာ မစ္စတာ အိန်ဂျယ်ကြောင့် ဖြစ်ခဲ့တဲ့ အငြင်းပွားဖွယ်ကိစ္စကို အလေးအနက်ထားဖို့ ဖော်ပြထားပါတယ်။

မစ္စတာယန်ရဲ့ တောင်းပန်မှုကို ကြားရတဲ့အတွက် ၀မ်းသာမိတယ်လို့ NCCS က ဆိုပါတယ်။

“အခမ်းအနားတွေမှာ နိုင်ငံရပ်ခြားက တရားဟောဆရာတွေကို ဖိတ်ခေါ်တဲ့အခါ တော်တော်သတိထားသွားမယ်လို့ သူ့အသင်းတော်ကပေးတဲ့ ကတိက၀တ်ကို ကျွန်တော်တို့ ကြိုဆိုပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မွတ်စလင်ခေါင်းဆောင်တွေ၊ စင်ကာပူ အစ္စလာမ်သာသနာရေးရာကောင်စီ (MUIS) တို့က အကြီးအကဲတွေရဲ့ သတိထားတုန့်ပြန်မှုအတွက် ကျေးဇူးတင်တယ်လို့လည်း NCCS က ပြောကြားခဲ့ပါတယ်။

“ဆရာတော်ယန်ရဲ့ တောင်းပန်မှုကို သူတို့ရဲ့လက်ခံမှုဟာ သဘောထားကြီးမှုကို ပြသလိုက်တာ ဖြစ်ပြီး ကျွန်တော်တို့တိုင်းပြည်က ဘာသာစုံလူမျိုစုံ သဟဇာတဖြစ်မှုအတွက် နမိတ်ကောင်းတစ်ခုပါ။ မရည်ရွယ်ဘဲနဲ့ ထိခိုက်နာကျင်စရာ ဖြစ်သွားပေမယ့် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေဟာ သဘောထားကြီးကြီးထားကာ ရင့်ကျက်စွာနဲ့ ဒီကိစ္စကို ကိုင်တွယ်ပြီး စိတ်မကောင်းစရာတွေ နက်ရှိုင်းလာတာမျိုး၊ ပြန့်နှံ့တာမျိုးမဖြစ်အောင် လုပ်နိုင်တာဟာ တကယ့်ကို အံ့သြစရာပါပဲ”

နိုင်ငံအတွင်းက ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေးကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ဂရုစိုက်မှု၊ သတိထားမှုတွေ လိုအပ်တယ်လို့လည်း နိုင်ငံလုံးဆိုင်ရာ ဘုရားကျောင်းများကောင်စီက ထည့်သွင်းသတိပေးခဲ့ပါတယ်။

Ref: CNA

Comments are closed.