5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းရရှိမှုများကို သမ္မတထံ အစီရင်ခံရန် နိုဝင်ဘာ ၁၆ ရက်နေ့ဟု သတ်မှတ်ထားခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်သို့ တိုးမြှင့်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ဦးသူရ (ခေါ်) ဇာဂနာ က ပြော ဆို လိုက်သည်။

ထို့ပြင် ကော်မတီဝင်နှစ်ဦးဖြစ်သည့် အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဥက္ကဋ္ဌ ဟာဂျီ ဦးညွန့်မောင်သျှိန်နှင့် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း တို့အားလည်း တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်း Peace Center တွင် ပြုလုပ်သော အစည်းဝေးအပြီး မီဒီယာ များကို ဦးသူရ က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုက တခါမှ မဖြစ်သေးတဲ့ ကျောက်ဖြူလို နေရာမျိုးမှာလည်း ထပ်ဖြစ်တော့ အစီရင်ခံစာကို အနည်းငယ်
နှောင့်နှေးရတာပါ” ဟု လေးလကျော်ကြာ အစီရင်ခံစာ နှောင်နှေးရမှုကို ဦးသူရ က ရှင်းပြသည်။

သို့သော် ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် သြဂုတ်လမှ နိုဝင်ဘာလ ၁၆ ရက်နေ့အတွင်း စုံစမ်းရရှိသမျှကိုမူ ကြားဖြတ် အစီရင်ခံအဖြစ် သမ္မတထံ တင်သွင်းနိုင်မည်ဟုလည်း သိရှိရသည်။

အဖွဲ့ဝင်နှစ်ဦးဖြစ်သော အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဟာဂျီ နှစ်ဦးတို့အား သမ္မတရုံး အမိန့်ဖြင့် အဖွဲ့ဝင်အဖြစ်မှ နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီအဖွဲ့ကိုယ်တိုင်က သမ္မတကြီးက ဖွဲ့စည်းပေးထားတဲ့အဖွဲ့ ဖြစ်တယ်။ ကျနော်တို့ တွေ ရဲ့ ကော် မရှင် တာဝန်က ရပ်စဲခြင်းက သမ္မတရုံးကနေ ကျနော်တို့ကို အကြောင်းကြားတာ။ ဘာ့ကြောင့် ဆိုတာ ကို ကျနော်တို့ ကိုယ်တိုင်လည်း မသိရသေးဘူး။ ကျနော်တို့လည်း သိချင်နေတယ်” ဟု ဦးသူရ က ပြောသည်။

သို့သော် စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်ကမူ “အဓိကကတော့ ဘာကြောင့် ဘယ်လိုဆိုတာထက် သူတို့နှစ်ယောက်အနေနဲ့က ဒီကော်မရှင်ထဲမှာပါပေမယ့် သူတို့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းနဲ့ သူတို့ လုပ်နေတာနဲ့က သိပ်ကိုက်ညီမှု မရှိတဲ့အတွက်ကြောင့်လို့ ကျနော်တို့လည်း အဲလောက်ပဲ သိထားတယ်” ဟု မီဒီယာများကို ပြောဆိုသွားသည်။

ထိုသို့ သြဂုတ်လ ၁၇ ရက်နေ့ သမ္မတရုံး ထုတ်ပြန်ကြေညာချက်ဖြင့် ဖွဲ့စည်းပေးလိုက်သော အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် အစ္စလာမ်သာသနာရေး ဆိုင်ရာ ကောင်စီဌာနချုပ်မှ ကိုယ်စား လှယ်များ မပါဝင်တော့ဘဲ အခြားမူဆလင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခြားကိုယ်စား လှယ် များ စုစုပေါင်း ၂၅ ဦးသာ ကျန်ရှိတော့သည်။

ထိုသို့ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးအား ရပ်စဲလိုက်ခြင်းနှင့်ပတ်သက်၍ သမ္မတရုံး ဝက်ဆိုက်နှင့် နိုင်ငံပိုင် သတင်း စာများ တွင် ယနေ့ချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ မကုန်မီက အကြမ်းဖက်မှုများ ဒုတိယအကြိမ် ဖြစ်ပွားမှုများအား သွားရောက် စုံစမ်းရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းထားသော်လည်း လုံခြုံရေး အခြေအနေအရ သွားရောက်ခွင့် မရသေးကြောင်း သိရှိရသည်။

ထိုကော်မရှင်အနေနှင့် ရခိုင်ပြည်တွင် ရုံးဖွင့်အခြေစိုက် စုံစမ်းရန်လည်း စီစဉ်နေကြောင်း ဦးဇာဂနာ က ပြော ဆို ထား သည်။

ယခုကဲ့သို့ ဟာဂျီ ဦးညွှန့်မောင်ရှိန်နှင့် ဟာဂျီ ဦးတင်မောင်သန်းး ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ရခြင်းမှာ မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ် အမှတ် ၈၃ ပါ ဟာဂျီဦးတင်မောင်သန်း၏ အင်တာဗျူး ဖြေဆိုမှုကြောင့် ဖြစ်နိုင်ကြောင်းလည်း အများစုက ထင်ကြေးပေး သုံးသပ်ထားသည်။

အင်တာဗျူးတွင် ဟာဂျီဦးတင်မောင်သန်း အင်တာဗျူးဖြေကြားချက် အပြည်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 ရခိုင်ပြည်နယ်အရေးမှာ အစိုးရမှာ ကူညီစောင့်ရှောက်ပေးဖို့ လုံလောက်တဲ့ အင်အားမရှိဘူး။ အင်အားနည်းနေတယ်လို့ မဆိုနိုင်ပါဘူး။ လုံခြုံရေးအဖွဲ့တွေက လုံခြုံရေး တာဝန်တွေကို ပြည့်ပြည့်၀၀ ထမ်းဆောင်ခွင့်မရလို့ အခြေအနေတွေကို မအုပ်မိ မထိန်းမိတာလို့ပဲ ကျွန်တော်ကတော့ မြင်တယ်။ သမ္မတကြီးက စိတ်ကောင်းစေတနာကောင်းနဲ့ ဆောင်ရွက်ပေးနေတာတွေကို သိပါတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ အကျိုးသက်ရောက်မှုမရှိဘူး။ အောက်ခြေမှာ တာဝန်ခံပြီး အကောင်အထည်ဖော်နေတဲ့ လူတွေက မှန်မှန်ကန်ကန်နဲ့ တရားဥပဒေ စိုးမိုးရေးကို ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် ၀န်ထမ်းကျင့်ဝတ်သိက္ခာနဲ့ အလုပ်မလုပ်ကြဘူး။ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့လူတွေအားလုံးက အကြမ်းဖက်သမားတွေ မဟုတ်ကြပါဘူး။ ပြည်နယ်အစိုးရက အကြမ်းဖက်တဲ့လူတွေကို မထိန်းဘူး။ ၀န်ကြီးချုပ် ဦးလှမောင်တင်နဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း အပါအ၀င် ပြည်နယ်အစိုးရအဖွဲ့ကပါ အကြမ်းဖက် လူတစ်စုကို မလွန်ဆန်နိုင်တဲ့သဘော၊ အကြမ်းဖက် ကွန်ရက် အောက်ကို ရောက်ရှိနေတဲ့ သဘောရှိတယ်။ မထိန်းနိုင်ဘူးဆိုရင် နိုင်ငံတကာမှာ ကိစ္စတစ်ခုကို တာဝန်မယူနိုင်တဲ့ ပုဂ္ဂိုလ် အစိုးရများဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်ကြပါတယ်။ သူတို့လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်သင့်ပါတယ်။ အခု (၅)လ ကျော်ကြာတဲ့အထိ ဒီဒေသမှာ တရားဥပဒေစိုးမိုးရေးကို ဘာကြောင့်မလုပ်နိုင်တာလဲ။

တကယ် ဒီကိစ္စမှာ ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် ဥပဒေနဲ့အညီ အရေးယူလိုက်ရင် ဒီပြဿနာတွေ ပြေလည်သွားမယ်။ ဥပဒေနဲ့အညီ အရေးမယူဘဲ ပစ်ထားတဲ့အခါကျတော့ တိုင်းပြည်လည်း သိက္ခကျလှပါဘိ။ ရအောင်ထိန်းပါပဲလို့ ပြောချင်ပါတယ်။

ဒီကိစ္စကို ဖြေရှင်းဖို့အတွက် တရားဥပဒေစိုးမိုးရေးကို လုံးဝတာဝန်ယူနိုင်မှုမရှိတဲ့ လက်ရှိပြည်နယ်အစိုးရထွက်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ပြည်နယ်အစိုးရသစ်ပြန်ဖွဲ့ပါ။ ဒါမှမဟုတ်ရင် ပြည်ထောင်စုအစိုးရကပဲ တိုက်ရိုက်အုပ်ချုပ်ပါလို့ အကြံပြုတိုက်တွန်းပါတယ်။

မဇ္ဈိမ & M-Media

Leave a Reply