5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၁၊ ၂၀၁၈
M-Media

ဟာဆန်ရူဟာနီ

– ကိုယ်ကျင့်တရားနဲ့ အိနြေ္ဒသိက္ခာကိုမြှင့်တင်ရေး၊ မကောင်းမှုတွေကနေ တားဆီးရေးမှာ အကြမ်းပတမ်းနည်းလမ်းနဲ့ ဆောင်ရွက်တာမျိုးဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။

ပုဝါဆောင်းထားတာ စနစ်မကျတဲ့ အီရန်အမျိုးသမီးငယ်တစ်ဦးကို ဘာသာရေးရဲမေတွေက ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်တဲ့ ဗီဒီယိုတစ်ခု ကြသာပတေးနေ့ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့သွားခဲ့ပြီးနောက်ပိုင်း ဘာသာရေးရဲတွေအပေါ် အီရန်ပြည်သူတွေက ဝေဖန်မှုတွေ မြင့်တက်လာချိန် ရူဟာနီက ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

“လူတွေကို အိနြေ္ဒသိက္ခာ မြှင့်တင်ပေးဖို့၊ မကောင်းမှုကနေ တားမြစ်ဖို့ဆိုရင် လမ်းပေါ်ကိုသွား လည်ပင်းဖမ်းကိုင်ပြီး လုပ်ရမယ်လို့ တစ်ချို့တွေက ပြောကြတယ်။ အိနြေ္ဒသိက္ခာကို လေးစားတန်ဖိုးထားတတ်လာဖို့ ဆောင်ရွက်ရာမှာ အကြမ်းပတမ်းနည်းတွေက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” လို့ အစိုးရတာဝန်ရှိသူတွေကိုပေးတဲ့ မိန့်ခွန်းမှာ ရူဟာနီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဘာသာရေးပုလိပ်တွေရဲ့ အဓိကတာဝန်ဟာ ပြည်သူတွေ သီလပျက်စေတဲ့၊ သမာဓိအားနည်းစေတဲ့ အပြုအမူတွေ ဆောင်ရွက်မှုကနေ တားဆီးဖို့ ဖြစ်ပါတယ်။

အီရန်ပြည်ထဲရေးက ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပေမယ့် အမျိုးသမီးဟာ ရဲတွေကို ဆဲရေးလိုက်တာကြောင့် ဒီလိုဖြစ်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရှေးရိုးစွဲတစ်ချို့က ဆိုရှယ်မီဒီယာ ကျယ်ပြန့်လာမှုကို မလိုလားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရူဟာနီက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“မိုဘိုင်းဖုန်းတွေဟာ အိနြေ္ဒသိက္ခာကိုမြှင့်တင်ဖို့၊ မကောင်းမှုတွေကနေ တားမြစ်ဖို့ နည်းလမ်းပါ။ တစ်ချို့လူတွေက ဘာ့ကြောင့် မိုဘိုင်းဖုန်းတွေ၊ ဆိုရှယ်မီဒီယာတွေကို သဘောမကျလဲဆိုတာ ကျွန်တော် မသိပါဘူး။ လူတွေ သတင်းအချက်အလက် ရရှိသွားမှာကို သူတို့ သဘောမကျတာ ဖြစ်မှာပါ။ လူတွေ ဘာမမှ မသိရင် ညဖက် အေးအေးဆေးဆေး အိပ်ကျလိမ့်မယ်လို့ သူတို့ ထင်နေတာ ဖြစ်ပါလိမ့်မယ်။ သတင်းအချက်အလက် ရရှိခွင့်ဟာ ပြည်သူ့အခွင့်အရေးပါ။ ဝေဖန်ခွင့်ဟာ ပြည်သူ့အခွင့်အရေးပါ”

ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်ဖို့ တိုက်တွန်းမှုတွေဟာ အီရန်နိုင်ငံမှာ မြင့်တက်လာခဲ့ပြီး ရူဟာနီကတော့ ဒါတွေကိုဖွင့်ထားဖို့ဟာ စီးပွားရေးအတွက် အရေးကြီးကြောင်း၊ ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော်လှန်ရေး ဖြစ်ပွားမှုဟာ အာဏာရှင်က ပြည်သူအပေါ် မလေးစားမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“(၁၉၇၉ ခုနှစ်ကတည်းက) ကျွန်တော်တို့ရဲ့အပြုအမူတွေ ဆိုးရွားခဲ့မယ်ဆိုရင် ဒီတော်လှန်ရေးဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိမှာမဟုတ်တော့ပါဘူး။ တော်လှန်ရေးရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူတွေကိုလေးစားဖို့၊ သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဖြစ်ပါတယ်”

ရူဟာနီအာဏာရခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ဘာသာရေးပုလိပ်တွေကို အီရန်က မြို့ကြီးတွေမှာ သိပ်မတွေ့ရတော့ဘဲ ရဲတပ်ဖွဲ့အကြီးအကဲကလည်း ပြည်သူတွေ တရားဓမ္မဘောင်အတွင်း နေထိုင်ရေးအတွက် အပြစ်ပေးတာထက် ပညာပေးမှုကိုသာ ပိုပြီး အာရုံစိုက်လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ပြောကြားခဲ့ပါတယ်။

Ref: Arab News

Tags:

Comments are closed.