6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၆၊ ၂၀၁၈
M-Media

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (၀ဲ) နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင် (ယာ)

– မနက်ဖြန် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ နယ်စပ်မျဉ်းကို လမ်းလျှောက် ဖြတ်ကျော်လာမှာဖြစ်ပြီး ဒါဟာ ၁၉၅၃ ခုနှစ် နှစ်နိုင်ငံစစ်ပွဲပြီးကတည်းက နယ်စပ်ဖြတ်ကျော်လာတဲ့ ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ နယ်စပ်မှာ ဒေသစံတော်ချိန် မနက် ၉ နာရီခွဲမှာ တွေ့ဆုံကြမှာဖြစ်ပြီး နျူလက်နက် စွန့်လိုတယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ လတ်တလော ပြောကြားမှုကိစ္စအပေါ်မှာ အဓိကထား ဆွေးနွေးကြမှာပါ။

ဒီဆွေးနွေမှုမှာ မြောက်ကိုရီးယားဖက်က နျူလက်နက်စွန့်ုမယ်ဆိုတဲ့ သဘောတူညီချက်မျိုးရဖို့ ခက်ခဲတယ်လို့ တောင်ကိုရီးယားက ပြောကြားထားပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ နျူနဲ့ ဒုံးကျည်နည်းပညာဟာ တစ်ဟုန်ထိုး တိုးတက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“နျူကင်းစင်ဖို့အတွက် စိတ်ဆန္ဒ ဘယ်လောက်ရှိလဲဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်နှစ်ဦးဟာ သဘောတူညီချက် ဘယ်အဆင့်အထိ ရနိုင်လဲဆိုတာက ခက်ခက်တဲ့ကိစ္စ ဖြစ်ပါတယ်” လို့ တောင်ကိုရီးယားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဆွတ်က ပြောကြားခဲ့ပါတယ်။

ကင်ဂျုံအန်က သူ့အနေနဲ့ နျူလက်နက်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ရပ်တန့်လိုက်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကတော့ ချီးကျူးခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကလည်း နှစ်စဉ်ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိပ်သီးအစည်းအဝေးတွေ လုပ်နေစဉ်အတွင်း ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဇွန်လမှာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Ref: BBC

Comments are closed.