5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၈၊ ၂၀၁၈
M-Media

ဂျေရုစလင်သံရုံးဖွင့်ပွဲ တက်ရောက်မည့်သူများကို အမေရိကန်ထုတ်ပြန်
============
မေလ ၁၄ ရက်နေ့ ဂျရုစလင်က အမေရိကန်သံရုံးဖွင့်ပွဲအခမ်းအနားကို ၅ ဦးပါတဲ့ အဖွဲ့တစ်ခု တက်ရောက်မယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ သမ္မထရမ့်ဟာ ဒီဇင်ဘာလက အမေရိကန်သံရုံးကို တလ်အဗီးကနေ ဂျေရုစလင်ကို ပြောင်းရွှေ့မယ်လို့ ကြေငြာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။ သံရုံးဖွင့်ပွဲအခမ်းအနားကို ထရမ့်ကိုယ်တိုင် တက်ရောက်မှာမဟုတ်ဘဲ သမီးဖြစ်သူ အိုင်ဗန်ကာ၊ သားမက် ဂျာရဒ် ကက်ရှ်နာ၊ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်၊ အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ်ဖရီဒ်မန်း၊ ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း သံတမန် ဂျေဆန် ဂရင်းဘလက်တို့အဖွဲ့ လာရောက်မှာ ဖြစ်ပါတယ်။

ပေါ်လစ်ဗျူရို အဖွဲ့ဝင်တစ်ဦးကို ခြစားမှုဖြင့် တရုတ်က ထောင်တစ်သက်ချ
============
ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်း အရာရှိဟောင်း ဆွန်ဂျန်ချိုင်ကို ခြစားမှုနဲ့ တရုတ်က ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချလိုက်ပါတယ်။ သူဟာ ပေါ်လစ်ဗျူရိုအဖွဲ့တစ်ဦးဖြစ်ပြီး တိုင်းပြည်ကို အုပ်စိုးနေတဲ့ အဖွဲ့ဝင် ၇ ဦးပါ ပေါ်လစ်ဗျူရို ဦးဆောင်ကော်မတီအထိ တက်လှမ်းနိုင်မယ်လို့ တစ်ချိန်က ရေပန်းစားခဲ့သလို၊ သမ္မတ ရှီကျင့်ဖျင်ကို ဆက်ခံမယ့်သူအဖြစ်လည်း တစ်ပြေးခဲ့ပါတယ်။ ပြစ်ဒဏ်အပြင် သူရယူထားတဲ့ နိုင်ငံပိုင်ပစ္စည်းတွေ အားလုံးကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

ဘိုကိုဟရမ်လက်မှ ဓားစားခံ ၁၀၀၀ ကျော်ကို နိုက်ဂျီးရီးယား ကယ်ထုတ်
=============
ဘိုကိုဟရမ် အကြမ်းဖက်သမားတွေရဲ့ လက်ထဲကနေ ဓားစားခံ ၁၀၀၀ ကျော်လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ နိုက်ဂျီးရီးယားစစ်တပ်က မနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အိမ်နီးချင်း ကင်မရွန်း၊ ချဒ်နဲ့ နိုင်ဂျာနိုင်ငံက တပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆင်ခဲ့တာဖြစ်ပြီး ကယ်တင်လာနိုင်သူတွေထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ဘိုကိုဟရမ်က အဓမ္မစုဆောင်းထားလို့ လက်နက်ကိုင်နေရတဲ့ အမျိုးသားတစ်ချို့ကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။

မသန့်ရှင်းသည့်ရေကြောင့် ကမ္ဘောဒီးယားတွင် လူ ၁၃ ဦး သေဆုံး
============
ကမ္ဘောဒီးယားနိုင်ငံ ကရာတိုင်ပြည်နယ်မှာ တူးမြောင်းတစ်ခုက မသန့်ရှင်းဘူးလို့ ယူဆရတဲ့ရေကို သောက်သုံးမှုကြောင့် အနည်းဆုံး ၁၃ ဦးသေဆုံးပြီး လူ ၂၀၀ လောက် ဆေးကုသမှု ခံနေရပါတယ်။ အာဏာပိုင်တွေကတော့ အဲဒီဒေသအတွင်းက တူးမြောင်းတွေ၊ စမ်းချောင်းတွေက ရေတွေကို သောက်သုံးမှုမပြုဖို့ သတိပေးထားပါတယ်။ သေဆုံးသူတွေနဲ့ ဆေးကုသမှုခံနေရသူတွေထဲမှာ အဲဒီရေနဲ့ချက်ထားတဲ့ ဆန်အရက်ကို သောက်သုံးသူတွေလည်း ပါဝင်ပြီး သေဆုံးသူအများစုဟာ အသက်အရွယ်ကြီးသူတွေ ဖြစ်ပါတယ်။

Ref: CNA, Aljazeera

Comments are closed.