5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၈၊ ၂၀၁၈
M-Media

– ဆော်ဒီအမျိုးသမီးတွေဟာ ဇွန်လ ၂၄ ရက်နေ့ကနေစပြီး ကားမောင်းနိုင်ပြီလို့ ဆော်ဒီ မော်တော်ယာဉ်ဆိုင်ရာဌာနက ညွှန်ကြားရေးမှူး မိုဟာမက် အလ်-ဘက်ဆာမီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

“အမျိုးသမီးတွေ စတင်ကားမောင်းနိုင်ဖို့အတွက် လိုအပ်တာအားလုံးကို လုပ်ဆောင်ပြီးပါပြီ” လို့ အစိုးရရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဘက်ဆာမီက ဆိုပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ဆော်ဒီဘုရင်က အမိန့်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးတွေ ကားမောင်းမှု ပိတ်ပင်ထားတာကို ဖယ်ရှားလိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။

အသက် ၁၈ နှစ်နဲ့အထက် အမျိုးသမီးတွေ လိုင်စင်လျှောက်ထားနိုင်ဖို့အတွက် ဆော်ဒီက စီစဉ်ပေးခဲ့ပြီး နိုင်ငံတစ်ဝှမ်း မြို့ကြီးတွေမှာ အမျိုးသမီးတွေအတွက် ကားမောင်းသင်တန်းကျောင်းတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

နိုင်ငံရပ်ခြားမှာ ကားမောင်းလိုင်စင်ရထားတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ဒေသတွင်းလိုင်စင်ကို ပြန်လည်လျှောက်ထားဖို့လိုတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ ကားမောင်းခွင့်ပိတ်ပင်ထားတာကို ဖယ်ရှားတဲ့အစီအစဉ်မှာ အသက် ၃၂ နှစ်အရွယ် မိုဟာမက် ဘင် ဆလ်မန်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

Ref: Alarabiya

Comments are closed.