5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၉၊ ၂၀၁၈
M-Media

ပွဲကြည့်စင်က ပရိတ်သတ်တွေရဲ့ လက်ခုပ်သြဘာသံတွေ ထွက်လာတဲ့ အချိန်မှာပဲ အလ်မီရ် ကာပစ်တစ်ယောက် ကစားကွင်းမှာ လဲကျသွားပြီး၊ ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ်။

– ပွဲကြည့်စင်က ပရိတ်သတ်တွေရဲ့ လက်ခုပ်သြဘာသံတွေ ထွက်လာတဲ့ အချိန်မှာပဲ အလ်မီရ် ကာပစ်တစ်ယောက် ကစားကွင်းမှာ လဲကျသွားပြီး၊ ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ်။

အသက် ၃၈ နှစ်အရွယ် ဘော့စနီးယားသား ကာပစ်ဟာ ပြီးခဲ့တဲ့လက အဘူဒါဘီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ အော်လ်ထရာ ဟဲဗီးဝိတ်တန်းမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဘော့စနီးယား ဟာဇီဂိုဗီနာအလံကို လွှမ်းခြုံထားပြီး ဆုယူစင်မြင့်ထက်မှာ ရပ်နေတဲ့ ကာပစ်တစ်ယောက် အတိုင်းမသိ ၀မ်းသာပျော်ရွှင်နေပါတယ်။

“ယုံတောင်မယုံနိုင်ဘူးဗျာ။ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ်” လို့ ကာပစ်က ပြောကြားခဲ့ပါတယ်။

နှစ်ပေါင်းများစွာ မဆုမနစ် ကြိုးပမ်းအားထုတ်မှု၊ ဇွဲ၊ လုံ့လ ၀ိရိယတွေရဲ့အကျိုးကို ကာပစ်တစ်ယောက် ခံစားခဲ့ရတာ ဖြစ်ပါတယ်။

“ကမ္ဘာ့ ဂျူဂျစ်ဆုနယ်ပယ်မှာ ချန်ပီယံဖြစ်ဖို့နဲ့ master belt ရနိုင်ဖို့ဆိုတဲ့ ကျွန်တော့်ရဲ့အိပ်မက် အမှန်တကယ်ဖြစ်လာပြီပေါ့”

အောက်ခြေကစ

ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်တဲ့ ကာပစ်ဟာ ကမ္ဘာ့စင်မြင်ပေါ်ရောက်ဖို့အတွက် အချိန်အတော်ကြာ ကြိုးစားလျှောက်လှမ်းခဲ့ရတာ ဖြစ်ပါတယ်။

မြို့ငယ်လေး ဗာနိုဗီချီမှာ မွေးဖွားခဲ့တဲ့ ကာပစ်ရဲ့ငယ်ဘ၀ဟာ ဘော့စနီးယားစစ်ပွဲကာလနဲ့ ကြုံခဲ့ရပြီး ခက်ခက်ခဲခဲ ဖြန်သန်းခဲ့ရပါတယ်။

ဆားဘီးယားစနိုက်ပါရဲ့လက်ချက်ကြောင့် ဖခင်ဖြစ်သူ ကွယ်လွန်ချိန်မှာ ကာပစ်ဟာ အသက် ၁၃ နှစ်သာ ရှိပါသေးတယ်။

မိခင်ဖြစ်သူနဲ့ နေရတဲ့အချိန် လခြမ်းနီအဖွဲ့ကလှူဒါန်းတဲ့ အစားအသောက်တွေကို လိုင်းစီယူခဲ့ရတဲ့ အဖြစ်အပျက်ကိုလည်း သူက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

မကြာခဏ အစာရေစာပြတ်လပ်မှုကြောင့် လူတော်တော်များများဟာ လမ်းပေါ်က သစ်ရွက်တွေကို စားပြီး အသက်ဆက်ခဲ့ရပါတယ်။

“ကျွန်တော်တို့ အသက်ရှင်သန်ဖို့၊ ဆက်လက်တည်ရှိနေဖို့အတွက် တော်တော်လေးကို ရုန်းကန်ခဲ့ရတာဗျ”

လုံးဝမမှု

ဘယ်အရာကိုမဆို အန်တုကျော်လွှားမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ ကာပစ်ရဲ့ အားကစားသမားဘ၀အထိ ပါလာခဲ့ပြီး ဒီစိတ်ဓာတ်ကြောင့်ပဲ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘော့စနီးယားမှာ ဂျူဂျစ်ဆုလို အားကစားမျိုးအတွက် နိုင်ငံတော်က အားပေးတာ၊ ငွေကြေးပံ့ပိုးပေးတာတွေ တော်တော်နည်းပါတယ်။

နေ့စဉ် လေ့ကျင့်နိုင်ဖို့ ကာပစ်နဲ့ အခြား ဂျူဂျစ်ဆု အားကစားသမားတွေဟာ မြို့တော် ဆာရာယေဗိုမှာ နေရာတစ်နေရာ ငှားရမ်းခဲ့ပါတယ်။

စကွဲယားမီတာ ၈၀ ကျယ်ဝန်းတဲ့ အဲဒီ အဆောက်အဦး ကြမ်းပြင်မှာ ၂ စင်တီမီတာလောက်သာထူတဲ့ ကောဇောတစ်ခု ခင်းထားပြီး ကျောကုန်းတွေ၊ ဒူးခေါင်းတွေ အသုံးပြုကာ ပြိုင်ဘက်ကို လှဲချရတဲ့ ဂျူဂျစ်ဆုကစားနည်းအတွက် သင့်လျော်မှုမရှိတဲ့ အနေအထားပါ။ အဲဒီလို ကြမ်းခင်းမျိုးကြောင့် အားကစားသမားတွေဟာ မကြာခ
ဏဆိုသလို ဒဏ်ရာတွေ ရကြပါတယ်။

ဒါပေမယ့် ဘယ်လို ပြဿနာမျိုးကမှ သူတို့ကို မတားဆီးနိုင်ပါဘူး။ ယူအေအီးမှာကျင်းပတဲ့ ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့တွက် သူငယ်ချင်းတွေက ကာပစ်ကို ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။

“ဘော့စနီးယားဟာ ဥပဒေပိုင်း၊ လူမှုရေးပိုင်းနဲ့ အားကစားပိုင်း စသဖြင့် တော်တော်များများ ဖရိုဖရဲဖြစ်နေတဲ့ တိုင်းပြည်တစ်ခုပါ။ ဆိုးရွားပြီး လူရှုပ်နေတဲ့အခြေအနေမျိုးမှာ ဘယ်လိုလေ့ကျင့်လို့ရမလဲဆိုတဲ့ စိုးရိမ်မှုတွေလည်း ကျွန်တော်တို့ကစားသမားတွေမှာ ၀င်လာပါတယ်။ ကျွန်တော်တို့ဟာ ရှိတာလေးနဲ့ပဲ ကောင်းမွန်အောင် လေ့ကျင့်ခဲ့ရတာပါ”

ကာပစ်ရဲ့ ကြံ့ခိုင်ရေးနည်းပြဖြစ်တဲ့ ဖူအဒ် မူဂျိုဗစ်က စိန်ခေါ်မှုဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဟာ ဘာမှမရတဲ့အတွက် စောဒကတက်နေမယ့်လူစားမျိုး မဟုတ်ပါဘူး။ ပိုက်ဆံပေးပြီး ၀ယ်လို့မရတဲ့ ရွှေဆုတွေ (အဘူဒါဘီမှာ) ရှိနေတယ်။ အားကစားလောကမှာ ကြုံရလေ့ရှိတဲ့ စွန့်လွှတ်စတေးမှု၊ အားထုတ်ကြိုးပမ်းမှုတွေနဲ့ လေ့ကျင့်မှုတွေကို ကျော်ဖြတ်တယ်။ အနာခံမှ အသာစံရမယ်ဆိုတဲ့ စကားပုံတစ်ခုလည်း ရှိတယ်လေဗျာ”

ပြီးခဲ့တဲ့ ၃ နှစ်လုံးလုံး ကာပစ်ကို လေ့ကျင့်ပေးခဲ့တဲ့ မူဂျိုဗစ်က ကာပစ်ဟာ “တော်တော့်ကို လုံလ၀ိရိယရှိသူ စည်းကမ်းသေ၀တ်သူ၊ လေ့ကျင့်သားပြည့်သူ” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ့ရဲ့ အားသာချက်တစ်ခုက ဇွဲ၊ လုံ့လ၊ ၀ိရိယဖြစ်ပြီး ဒါနဲ့ပတ်သက်ရင် ခေါင်းမာတယ်လို့တောင် ပြောလို့ရပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်တာက သူ့ရဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး ရွှေတံဆိပ်ကတော့ သူ့အတွက် အပိုဆုပါ”

အရှုံးကနေ ပြန်မထနိုင်တာက ရှက်စရာ

အီဂျစ်နဲ့ ဆီးရီးယားတို့မှာ အာရဘီစကားကို လေ့လာခဲ့တဲ့ ကာပစ်ဟာ အားကစားဖက်မရောက်ခင်မှာ စာအုပ်ဘာသာပြန်သူတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပြီး အွန်လိုင်းကနေ ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေကို ကုရ်အာန်ကျမ်းစာ သင်ကြားပေးနေပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်အရင်က ကာပစ်ဟာ အီဂျစ်ရဲ့ နာမည်ကျော်တက္ကသိုလ် အလ်-အဇ်ဟာရ်ကနေ ဘွဲ့ရခဲ့ပြီး၊ ကုရ်အာန်ကျမ်းစာတစ်အုပ်လုံးကို အာဂုံဆောင်ထားနိုင်သူလည်း ဖြစ်ပါတယ်။

အားကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက် ဘာသာတရားက တစ်စိတ်တစ်ဒေသ ပါဝင်တယ်လို့လည်း သူက ဆိုပါတယ်။

“အခွင့်အလမ်း နည်းနည်းသာရှိပေမယ့် စိတ်ဓာတ်ခိုင်မာပြီး၊ မှန်ကန်တဲ့ အားထုတ်မှု၊ ရည်မှန်းချက်တွ ရှိပြီဆိုရင် ကြီးမားတဲ့အောင်မြင်မှုတွေ ရတယ်ဆိုတဲ့ စိတ်ဓာတ်ခွန်းအားတစ်ခုကို တမန်တော်တွေရဲ့ ထေရုပ္ပတ္တိတွေအကြောင်း ဖတ်ရာကနေ ကျွန်တော် ရရှိခဲ့ပါတယ်”

အခုနှစ်ဇူလိုင်လမှာ ကာပစ်တစ်ယောက် ဘရာဇီလ်းကိုသွားပြီး Gracie မိသားစုထံကနေ master belt ရယူမှာ ဖြစ်ပါတယ်။ Gracie မိသားစုဟာ ဘရာဇီးလ် ဂျူဂျစ်ဆုပညာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တဲ့ နာမည်ကျော်မိသားစု ဖြစ်ပါတယ်။

ကာပစ်က ဘော့စနီးယားလူငယ်တွေကို အခုလို အမှာစကားပါးခဲ့ပါတယ်။

“တိုးတက်မြင့်မားအောင် ကြိုးစားဆောင်ရွက်ဖို့ဟာ ကိုယ်ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်”

“ကြိုးစားသူတွေဟာ နောက်ဆုံးမှာ အောင်မြင်တာပါပဲ။ နှစ်ပေါင်းများစွာ ကြိုးစားပြင်ဆင်ခဲ့ပြီး အဘူဒါဘီမှာ ကျွန်တော် ဒီလိုအောင်ပွဲရခဲ့မှုက သက်သေပါ။ ကိုယ့်ထက်ပိုတော်တဲ့ နိုင်ငံတွေ၊ အားကစားသမားတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ဆုတံဆိပ်ကိုတော့ ဘော့စနီးယား ဟာဇီဂိုဗီနာကသာ ရရှိခဲ့ပါတယ်”

“ဘ၀မှာ အရှုံးဆိုတာကို မျှော်လင့်ထားရမယ်။ ကျရှုံးတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး။ လဲကျရာကနေ ဘယ်လိုပြန်ထရမလဲဆိုတာကို မသိတာက ရှက်စရာပါ”

Ref: Aljazeera

Comments are closed.