5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၄၊ ၂၀၁၈
M-Media

ဂျပန်ကလပ်သို့ ပြောင်းသွားသည့် အင်နီယေစတာ

ဝင်းဂါးလက်ထက်အတွင် အသင်းတိုးတက်မှုမရှိဟု အာဆင်နယ်တိုက်စစ်မှူး ယူဆ
============
အာဆင်ဝင်းဂါးရဲ့ နောက်ဆုံးနှစ်တွေမှာ အသင်းဟာ တိုးတက်မှုမရှိဘူးလို့ အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နည်းပြအပြောင်းအလဲဖြစ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ ဆီးဗီးလားနည်းပြဟောင်း အူနိုင် အမ်မရီကို နည်းပြသစ်အဖြစ် မနေ့က ခန့်အပ်ခဲ့ပါတယ်။ အူဘာမီယန်က အသင်းမှာ အပြောင်းအလဲတစ်ခုကို လိုအပ်ခဲ့ပြီး နည်းပြသစ်နဲ့ အသင်းဟာ လတ်ဆတ်လာမှာဖြစ်ကြောင်း၊ အမ်မရီဟာ နည်းပြကောင်းတစ်ယောက်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာကွင်းလယ်လူဟောင်း ဂျပန်ကလပ်ကို ပြောင်းရွှေ့
=================
ဘာစီလိုနာအသင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လမ်းခွဲခဲ့တဲ့ အင်နီယေစတာဟာ ဂျပန် ထိပ်သီးကလပ် Vissel Kobe နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် အင်နီယေစတာဟာ ဘာစီလိုနာမှာ ၂၂ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလားပေါင်း ၃၂ လုံးကို ရရှိခဲ့ပါတယ်။ လက်ရှိ Kobe အသင်းမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း လူးကက်စ်ပိုဒေါ့စကီးလည်း ကစားနေပါတယ်။ အင်နီယေစတာက အသင်းတော်တော်များများ သူ့ကို ကမ်းလှမ်းခဲ့ပေမယ့် Kobe အသင်းက သူ့ကို ယုံကြည်မှုရှိတာကြောင့် ဂျပန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Kobe မှာ အင်နီယေစတာဟာ တစ်နှစ်လုပ်ခ ကန်ဒေါ်လာ သန်း ၃၀ လောက် ရမှာဖြစ်ပါတယ်။

ဆာလာဟ်ကိုခေါ်ရန် ဘာစီလိုနာကို ရီဗယ်ဒို တိုက်တွန်း
==========
လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ဘာစီလိုနာအသင်းအတွက် မွေးဖွားလာတာဖြစ်တယ်လို့ ဘာကာကွင်းလယ်လူဟောင်း ရီဗယ်ဒိုက ပြောကြားလိုက်ပါတယ်။ အန်ဖီးလ်မှာ ခြေစွမ်းပြနေတဲ့ ဆာလာဟ်ကို ရီးယဲလ်က ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေတာပါ။ ရီဗယ်ဒိုကတော့ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ဆာလာဟ်ဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့လိုပဲ သူ့ရဲ့ခြေစွမ်းကို နောက်ထပ် ၁၀ နှစ်လောက် ထိန်းထားနိုင်မှာဖြစ်ကြောင်း၊ ဘာစီလိုနာအသင်းအနေဖြင့် မရအရ ခေါ်ယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: BBC, Goal

Comments are closed.