5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ၊ ၈ ၊ ၂၀၁၂
M-Media
သတင်း- ထွန်းတောက်

ပြီးခဲ့တဲ့ ဇူလိုင်လက  ကျောက်တောမြို့မှ ရိုဟင်ဂျာ အဖိုးအိုတယောက်ကို အကြမ်းဖက်သူဟု မတရားစွပ်စွဲနှိပ်စက်ပြီး ထောင်သို့ပို့ခဲ့ရာ အဆိုပါအဖိုးအိုမှာ နိုဝင်ဘာ ၇ ရက် ၂၀၁၂ ခုနှစ် စစ်တွေအချုပ်တွင် နှိပ်စက်ခံဒဏ်ရာများဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရှိပါသည်။

ဖြစ်ပွားပုံမှာ  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် (၉.၇.၁၂) နေ့တွင်  ရှူကူရ်ကြီး (ဘ) ဦးနူဇီမာမက် အသက် (၆၇)နှစ် သည် အထက်ပိုက်သည် ကျေးရွာ မှ ၀ါးကင်းကျေးရွာသို့ မြို့ပေါ်မှဖြတ်ပြီး သွား၍မရသောကြောင့် တောင်ကြားလမ်းမှ သွားရာ ရခိုင်အကြမ်းဖက်သမား တစ်စုက ရိုဟင်ဂျာအဖိုးအိုအား ဖမ်းဆီးပြီး လူမဆန်မစွာ ရိုက်နှက်နှိပ်စက်ပြီးနောက်  ရခိုင်အကြမ်းဖက်သမားများ၏ တုတ်၊ဓားများ၊ ဓါတ်ဆီပုလင်းများကို  ရိုဟင်ဂျာအဖိုးအို၏ ရှေ့တွင်ထားပြီး ဓာတ်ပုံများ ရိုက်ကာ အကြမ်းဖက်ရန် လာသည့်ဟု စွပ်စွဲပြီး ကျောက်တော်မြို့နယ် ရဲစခန်း သို့ပို့ဆောင်ခဲ့ပါသည်။  ကျောက်တော်ရဲစခန်းမှ တဆင့် စစ်တွေအချူပ်သို့ ထပ်မံ ပို့ဆောင်ခဲ့ပါသည်။

မတရား ဖမ်းဆီးခံထားရသော ရိုဟင်ဂျာလူမျိုး ရှူကူရ်ကြီး သည် ရိုက်နှက်ခံရသော ပြင်းထန်သော ဒဏ်ရာဖြင့် (၇.၁၁.၁၂)နေ့တွင် စစ်တွေအချူပ်ထဲတွင် ကွယ်လွန် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

Leave a Reply