5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၂၊ ၂၀၁၈
M-Media

– အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ်မှာ NGO တစ်ခုအတွက် အလုပ်လုပ်ပေးနေတဲ့ အမျိုးသမီး အနည်းဆုံး ၅ ဦးကို လူတစ်စုကာ သေနတ်နဲ့ချိန်ကာ အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ပြည်နယ်အတွင်းက စာသင်ကျောင်းတစ်ခုမှာ အင်္ဂါနေ့က လူကုန်ကူး အသိပညာပေးပြဇာတ် ကဖို့ သွားနေတဲ့ အဖွဲ့တစ်ခုကို လက်နက်ကိုင်ထားတဲ့ အမျိုးသားတစ်စုက ပိတ်ဆို့ကာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ကို ပြန်ပေးဆွဲသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အမျိုးသမီး ၅ ဦးကို သေနတ်နဲ့ချိန်ကာ အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ပြီး အမျိုးသားတွေကိုတော့ ရိုက်နှက်ခဲ့ပါတယ်။ အဓမ္မပြုကျင့်မှုကို ဗီဒီယိုရိုက်ကာ ရဲသွားမတိုင်ဖို့အတွက် အဲဒီဗီဒီယိုနဲ့ အကြပ်ကိုင်ခဲ့ပါတယ်။

အဲဒီအမျိုးသမီးတွေဟာ ခရစ်ယာန်သာသနာပြုအုပ်စုတွေက ပံ့ပိုးပေးထားတဲ့ NGO အဖွဲ့ Asha Kiran မှာ အလုပ်လုပ်နေသူတွေ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူစိမ်းတွေကို ရန်ပြုတတ်တဲ့ Pathagadi အဖွဲ့က အဖွဲ့ဝင်တွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မရှင်က ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ ပြည်နယ်ရဲတပ်ဖွဲ့ကို ဒီကနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း အိန္ဒိယမှာ တစ်ပတ်အတွင်း အမျိုးသမီး ၃ ဦး အဓမ္မကျင့်၊ မီးရှို့သတ်ဖြတ်ခံရပြီး ၂ ဦးဟာ ဂျာ့ခ်ဟန်းပြည်နယ်က ဖြစ်ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.