5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၃၀၊ ၂၀၁၈
M-Media

ပြင်သစ်ကိုရှုံးပြီး အာဂျင်တီးနားကို ကမ္ဘာ့ဖလားကို လက်ပြနှုတ်ဆက်
=================
မကြာခင်က ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပြင်သစ်က ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဂရီဇ်မန်းရဲ့ ပြင်သစ်အတွက် ဦးဆောင်ဂိုး၊ ဒီမာရီယာရဲ့ ချေပဂိုးတွေနဲ့ သရေကျခဲ့ပြီး ဒုတိယပိုင်း အစမှာပဲ အာဂျင်တီးနားက မာကာဒိုရဲ့ဂိုးနဲ့ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ၅၇ မိနစ်မှာ ပါဗာ့ဒ်က ချေပဂိုး ၆၄ မိနစ်နဲ့ ၆၈ မိနစ်တွေမှာ မဘက်ပီက အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အာဂျင်တီနားက နာကျင်အချိန်ပိုရောက်မှ အဂူရိုရဲ့ ချေပဂိုးတစ်ဂိုး ထပ်ရခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူး နေးမာကို ကန်တိုနာ ထပ်မံလှောင်ပြောင်
==============
ပြင်သစ်နဲ့ မန်ယူတို့ရဲ့ ဂန္တ၀င်ကစားသမားဟောင်း ကန်တိုနာက သူ့ရဲ့ ခရီးဆောင်အိတ်အသစ်ကို ‘နေးမာ’ လို့ အမည်ပေးထားကြောင်း ပြောကြားခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူး နေးမာကို လှောင်ပြောင်သရော်ခဲ့ပါတယ်။ ကန်တိုနာဟာ အရင်ကလည်း နေးမာကို လှောင်ပြောင်ဖူးပါတယ်။ Twitter စာမျက်နှာမှာ မနေ့ကတင်ခဲ့တဲ့ ဗီဒီယိုမှာ ကန်တိုနာက နေးမာဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် ကွင်းအတွင်း သရုပ်ဆောင်ကောင်းသူတစ်ယောက်ဖြစ်ကြောင်း၊ ညာဖက်လက်ထိခိုက်တာကို ဘယ်ဖက်ပါး ထိခိုက်သလို သရုပ်ဆောင်တတ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရုရှားနှင့် သံအဆက်ဖြတ်မှုကို ကမ္ဘာ့ဖလားကြောင့် ဆွီဒင် ရုပ်သိမ်း
==========
ရုရှားကမ္ဘာ့ဖလားမှာ နိုင်ငံ့လက်ရွေးစင်အသင်း ၁၆ သင်းအဆင့် တက်ရောက်သွားတဲ့အတွက် ရုရှားနဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်မှုကို ဆွီဒင်က ပယ်ဖျက်လိုက်ပါတယ်။ ဗြိတိန်အတွက် သူလျှိုလုပ်ပေးတဲ့ ရုရှားနိုင်ငံသား အဆိပ်ခပ်လုပ်ကြံခံရမှုမှာ ဗြိတိန်ဖက်က ရပ်တည်တဲ့အနေနဲ့ ရုရှားနဲ့ သံအဆက်အသွယ် ဖြတ်တောက်ကြောင်း ဆွီဒင်က ကြေငြာခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ အခြေအနေက တစ်မျိုးပြောင်းသွားပြီး ဘောလုံးက စုစည်းညီညွတ်စေကြောင်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့ဟာ မနက်ဖြန်ညမှာ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲကို ကစားမှာ ဖြစ်ပါတယ်။

အလွန်အကျူး အောင်ပွဲခံမှုအတွက် မာရာဒိုနာကို ဖီဖာ သတိပေး
==============
နိုက်ဂျီးရီးယားနဲ့ အုပ်စုနောက်ဆုံးပွဲ အာဂျင်တီးနား အနိုင်ရမှုမှာ အလွန်အကျွံ အောင်ပွဲခံခဲ့တဲ့ မာရာဒိုနာကို ဖီဖာက သတိပေးလိုက်ပြီး ကွင်းအတွင်း ၀င်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခံရမယ်လို့ ပြောကြားလိုက်ပါတယ်။ မာရာဒိုနာဟာ အဲဒီပွဲမှာ လက်ခလယ်ထောင်ပြတာအပါအ၀င် မသင့်လျော်တဲ့ အမူအရာတွေနဲ့ အောင်ပွဲခံခဲ့တာပါ။ ဖီဖာရဲ့ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ဒါရိုက်တာ ကိုလင်စမစ်က အဲဒီပွဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို မိမိတို့ သိရှိကြောင်း၊ ကစားသမားတွေ၊ ကစားသမားဟောင်းတွေနဲ့ ပရိတ်သတ်တွေရဲ့ အပြုအမူတွေဟာ လေးစားမှု ရှိရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: RT, Goal

Comments are closed.