6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၃၊ ၂၀၁၈
M-Media

မြို့တော်ဝန် ဖာဒီနန်ဘိုတီ လုပ်ကြံခံခဲ့ရသည့် ကား

– ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း မြို့တစ်မြို့က မြို့တော်ဝန်တစ်ဦးဟာ ဒေသစံတော်ချိန် ယနေ့ ညနေပိုင်းမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရပြီး ၂ ရက်အတွင်း ဖိလစ်ပိုင်မှာ မြို့တော်ဝန် ၂ ဦး လုပ်ကြံခံရတာလည်း ဖြစ်ပါတယ်။

Nueva Ecija ပြည်နယ် General Tinio မြို့က အသက် ၅၇ နှစ်အရွယ် မြို့တော်ဝန် ဖာဒီနန် ဘိုတီဖြစ်ပြီး Cabanatuan မြို့က ဆည်မြောင်းရုံးကနေ ကားနဲ့ထွက်လာချိန်မှာ ဆိုင်ကယ်စီး သေနတ်သမားတွေရဲ့ အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘိုတီဟာ လွန်ခဲ့တဲ့ ၂ နှစ် သမ္မတ ဒူတာတေး တက်လာပြီးနောက် မူးယစ်နှိမ်နှင်းရေး စတင်ခဲ့ပြီးကတည်းက လုပ်ကြံခံရတဲ့ ၁၂ ယောက်မြောက် အစိုးရတာဝန်ရှိသူ ဖြစ်ပါတယ်။

တနင်္လာနေ့ကလည်း Batangas ပြည်နယ် Tanauan မြို့ မြို့တော်ဝန် အန်တိုနီယို ဟာလီလီဟာ မြို့တော်ခန်းမမှာ အလံတင်အခမ်းအနား လုပ်နေစဉ်အတွင်း စနိုက်ပါနဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ ဟာလီလီဟာ မူးယစ်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်လို့ အရင်က သတင်းတွေ ထွက်ခဲ့ဖူးပြီး ကာယကံရှင်ကတော့ ငြင်းဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက် နှစ်ခုစလုံးမှာ ကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ခဲ့တဲ့ ဒူတာတေးနဲ့ မူးယစ်နှိမ်နှင်းမှုအတွင်း သေဆုံးသူဟာ ၄၂၀၀ ကျော်လာခဲ့ပြီး ဒေသခံအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့တို့ဟာ တရားလက်လွတ် သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။

Ref: Philstar

Comments are closed.