5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၈၊ ၂၀၁၈
M-Media

တူရကီစစ်သားတစ်ဦး

– အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရ၀န်ထမ်း ၁၈၅၀၀ ကျော် ကို ထုတ်ပယ်ခဲ့တယ်လို့ တူရကီအစိုးရက ထုတ်ပြန်တဲ့ ဥပဒေဆိုင်ရာ ကြေငြာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင် ၈၉၉၈ ဦး၊ ကြည်းတပ်က ၃၀၇၇ ဦး၊ လေတပ်က ၁၉၄၉ ဦး၊ ရေတပ်က ၁၁၂၆ ဦး အပါအ၀င် စုစုပေါင်း နိုင်ငံ့ဝန်ထမ်း ၁၈၆၃၂ ဦးကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ၀န်ထမ်းတွေထဲမှာ ၁၀၅၂ ဦး၊ ပညာရှင် ၁၉၉ ဦးလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အာဒိုဂန်ဦးဆောင်တဲ့ တူရကီအစိုးရဟာ သတင်းစာ ၃ ခု၊ ရုပ်သံဌာနတစ်ခု၊ အသင်းအဖွဲ့ ၁၂ ခုကို ပိတ်ပစ်ခဲ့ပါတယ်။

အစိုးရဲ့ထုတ်ပြန်ချက်မှာ ထုတ်ပယ်ခံလိုက်ရသူတွေထဲက ၀န်ထမ်း ၁၄၈ ဦးကို ပြန်ခန့်ခဲ့တယ်လို့ ဆိုပါတယ်။

တူရကီမီဒီယာတွေက အစိုးရရဲ့ ဒီထုတ်ပြန်ချက်ဟာ အာဏာသိမ်းမှုကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ပြီး အရေးပေါ်အခြေအနေ ကြေငြာထားမှုကို အစောဆုံး တနင်္လာနေ့လောက် ရုပ်သိမ်းဖို့ရှိတယ်လို့ ဖော်ပြကြပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လမှာ သမ္မတ အာဒိုဂန်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနောက်ပိုင်း တူရကီဟာ အရေးပေါ်အခြေအနေ ကြေငြာကာ ၇ ကြိမ်တိုင်တိုင် သက်တမ်းတိုးခဲ့ပြီး အခုနောက်ဆုံးတစ်ကြိမ် သက်တမ်းကုန်မယ့်ရက်က ဇူလိုင် ၁၉ ရက်နေ့ ဖြစ်ပါတယ်။ အာဏာသိမ်းဖို့ကြိုးစားမှုကို အမေရိကန်မှာနေထိုင်တဲ့ တူရကီဘာသာရေးခေါင်းဆောင် ဖာသွလ္လာဟ် ဂူလမ်က ကြိုးကိုင်တာဖြစ်တယ်လို့ အာဒိုဂန်က စွပ်စွဲထားပါတယ်။

ဇွန်လ ၂၄ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ အာဒိုဂန် ပြန်လည်အနိုင်ရရှိခဲ့ပြီး မနက်ဖြန်မှာ နောက်ထပ် ၅ နှစ်အတွက် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

တူရကီ လွှတ်တော်ဟာ သမ္မတရွေးကောက်ပွဲ မကျင်းပခင် ပြီးခဲ့တဲ့နှစ်ကတည်းက သမ္မတကို အာဏာအများစုအပ်နှင်းထားတဲ့ ဥပဒေတွေကို အတည်ပြုခဲ့ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.