4 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
10 months ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
10 months ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
10 months ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
11 months ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
11 months ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
11 months ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
11 months ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
11 months ago
ရိုးရာ လက်ဝှေ့ အဖွဲ့ချူပ် ပြက္ခဒိန်တွင် ထွန်းထွန်းမင်း ဓါတ်ပုံ ချန်ထားခံရ

ဇူလိုင် ၁၃၊ ၂၀၁၈
M-Media

– ထိုင်းနိုင်ငံမြောက်ပိုင်း ချန်ရိုင်းပြည်နယ်က ဂူတစ်ခုထဲမှာ ပိတ်မိနေတဲ့ လူ ၁၃ ယောက် ကယ်ထုတ်မှုကို ရုပ်ရှင်ပြန်ရိုက်သွားမယ်လို့ ဟောလီးဝုဒ် ခရစ်ယာန်ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Pure Flix က ကြေငြာလိုက်ပါတယ်။

ဘောလုံးအသင်းသားတွေဖြစ်တဲ့ ကလေးငယ် ၁၂ ဦးနဲ့ နည်းပြတို့ဟာ ဇွန်လနှောင်းပိုင်းက ဂူထဲဝင်ရောက်ကာ ဘောလုံးသွားကစားခဲ့ကြပြီးတဲ့နောက် မိုးသည်းထန်စွာရွာပြီး ဂူထဲ ရေလျှံလာခဲ့တာကြောင့် ပြန်ထွက်မရဘဲ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအစိုးရ ဦးဆောင်ကာ နိုင်ငံတကာက အကူအညီတွေနဲ့ အပြင်းအထန် ရှာဖွေပြီးတဲ့နောက် ခုတစ်ပတ် အစောပိုင်းမှာ သူတို့အားလုံးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာနေထိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းကို သွားရောက်ကြည့်ခဲ့တဲ့ Pure Flix ရုပ်ရှပ်ထုတ်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူ မီခေးလ် စကော့က ဒီလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းကို အခုနှစ် နွေရာသီမှာ ရုပ်ရှင်ရိုက်မယ်လို့ Twitter စာမျက်နှာမှာ အင်္ဂါနေ့က လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ ဖော်ပြထားပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းအတွင်း ထိုင်းရေတပ်သားဟောင်းတစ်ဦးဟာ ဂူထဲမှာ အောက်ဆီဂျက်ပြတ်ကာ သေဆုံးခဲ့ပြီး စကော့က သူ့ဇနီးဟာ သေဆုံးသွားသူနဲ့ အတူတူ ကြီးပြင်းလာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကမ္ဘာတစ်ဝှမ်းက သန်းနဲ့ချီတဲ့လူတွေ အားကျစေမယ့် ရုပ်ရှင်တစ်ခုအဖြစ် ကျွန်တော်တို့ အမှန်တကယ် အသက်သွင်းသွားမှာပါ။ အဖြစ်အပျက်ကို ကျွန်တော်တို့ မျက်မြင် ကြုံတွေ့ခဲ့ရတယ်။ တစ်ချို့အချက်အလက်တွေကို စုဆောင်းနေပြီး တစ်ကမ္ဘာလုံးဟာ ထိုင်းနိုင်ငံက ဂူထဲမှာ ပိတ်မိနေတဲ့ ဒီကလေးတွေ လွတ်မြောက်ရေး ကြိုးပမ်အားထုတ်ခဲ့ကြပုံကို တင်ဆက်သွားမှာ ဖြစ်ပါတယ်” လို့ စကော့က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Ref: Alarabiya



Tags:

Comments are closed.