5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၃၀၊ ၂၀၁၈
M-Media

အမှတ် (၁) ခြေမြန်တပ်မမှာ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ‘မေဂျာ-ဂျန် ဒါတွတ် တို ချွန်ဆီယန်’ ဟာ ၁၉၇၇ ခုနှစ် ကျောင်းကထွက်ပြီး တပ်ထဲဝင်လာကတည်းက အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရယူခဲ့သူ ဖြစ်ပါတယ်။

– အမှတ် (၁) ခြေမြန်တပ်မမှာ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ‘မေဂျာ-ဂျန် ဒါတွတ် တို ချွန်ဆီယန်’ ဟာ ၁၉၇၇ ခုနှစ် ကျောင်းကထွက်ပြီး တပ်ထဲဝင်လာကတည်းက အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရယူခဲ့သူ ဖြစ်ပါတယ်။

သူဟာ မလေးရှားစစ်တပ်မှာ တပ်မမှူးရာထူးကို ရယူနိုင်တဲ့ ပထမဆုံး တရုတ်လူမျိုးဖြစ်ပြီး၊ လူများစုဖြစ်တဲ့ မလေးလူမျိုး မဟုတ်သူတွေထဲက ဒီရာထူးကို ရယူနိုင်တဲ့ တတိယမြောက် လူမျိုးခြားလည်း ဖြစ်ပါတယ်။

ဒီရာထူးကိုမရခင် ဒါတွတ်တိုချွန်ဆီယန်ဟာ ဆီလန်ဂေါပြည်နယ်က အမှတ် (၁၁) တပ်မဟာကို ကွပ်ကဲသူ ဖြစ်ပါတယ်။

” ‘သံကောင်းဟာ အိမ်ရိုက်သံဘ၀ မရောက်ဘူး၊ လူကောင်းဟာ စစ်သားဘ၀ မရောက်ဘူး’ ဆိုတဲ့ တရုတ်စကားပုံတစ်ခု ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ဟာ အုတ်ရိုက်သံဖြစ်တယ်လို့ အမြဲပြောပါတယ်”

စင်ကာပူနယ်စပ် ဂျိုဟိုးမှာ မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်ဟာ စစ်မှုထမ်းမိသားစုက ဆင်းသက်လာသူဖြစ်ပြီး ငယ်ငယ်လေးကတည်းက စစ်တပ်ထဲ ၀င်ရောက်အမှုထမ်းချင်ခဲ့သူ ဖြစ်ပါတယ်။

ဖခင်က ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှလေတပ်မှာ အမှုထမ်းခဲ့ပြီး၊ အကြီးဆုံးအကိုက မလေးရှားရေတပ်၊ ညီနှစ်ယောက်က လေတပ်မှာ ၀င်ရောက်အမှုထမ်းခဲ့ပါတယ်။

ဒါတွတ်တိုချွန်ဆီယန်ဟာ ၁၉၇၅ ခုနှစ်မှာ စစ်တပ်ထဲဝင်ရောက်ဖို့ လျှောက်ထားခဲ့ပေမယ့် အသက် ၁၆ နှစ်သာ ရှိသေးတဲ့အတွက် အမှုထမ်းခွင့် မရခဲ့ပါဘူး။

“ကျွန်တော် တစ်နှစ် ကျောင်းပြန်တက်ခဲ့ရပါတယ်။ အဲဒီနောက် ကျွန်တော် ထပ်လျှောက်ခဲ့ပေမယ့် အသက်မပြည့်သေးတာကြောင့် ၀င်ခွင့်မရဘဲ အသက် ၁၈ နှစ်ပြည့်တဲ့အချိန်ကျမှ စစ်မှူထမ်းခွင့် ရခဲ့ပါတယ်။ စစ်တပ်ထဲမှာ အမှုထမ်းလာတာ အခုဆိုရင် ၄၂ နှစ်ရှိပါပြီ” လို့ ဗိုလ်ချုပ်က ပြောကြားခဲ့ပါတယ်။

ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ ဗိုလ်ချုပ် ဒါတွတ်တိုချွန်ဆီယန်ဟာ မလေးရှားစစ်တပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ် ၁၄ ဦးထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိ မလေးရှားစစ်တပ်မှာ တရုတ်လူမျိုးက ၁ ရာခိုင်နှုန်းလောက်သာရှိပြီး ဗိုလ်ချုပ်က သူ့ရဲ့အနေအထားဟာ တရုတ်လူမျိုးတွေ စစ်တပ်ထဲဝင်ရောက်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။

သူ စစ်တပ်ထဲဝင်တုန်းက လူသစ် ၁၆၀ မှာ ၃၆ ဦးက တရုတ်လူမျိုးတွေဖြစ်ပေမယ့် အခုအချိန်မှာ တရုတ်လူမျိုးတွေ စစ်တပ်ထဲဝင်ရောက်မှုဟာ လျော့နည်းလာပါတယ်။

“ဒီနေ့ ဒီလိုရာခိုင်နှုန်းမျိုးရဖို့အတွက် တပ်သားစုဆောင်းရေးဌာနက ကြိုးစားပမ်းစားလုပ်ရမယ့်အနေအထား ဖြစ်ပါတယ်။ တရုတ်သတင်းစာတွေမှာ ကြော်ငြာများများထည့်ဖို့နဲ့ တရုတ်ရွာတွေမှာသွားပြီး လူသစ်စုဆောင်းဖို့ လိုအပ်ပါတယ်။ ‘မလေးရှားစစ်တပ်မှ တရုတ်စစ်မှုထမ်းဟောင်းများအဖွဲ့’ ကလည်း လူထုကိုစည်းရုံးမှု၊ လူသစ်စုဆောင်းရေး လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်” လို့ ဗိုလ်ချုပ်က ပြောကြားခဲ့ပါတယ်။

တရုတ်လူငယ်တွေဟာ ၅ နှစ်လောက်နဲ့ အောင်မြင်ချင်ကြသူတွေဖြစ်ပြီး စစ်တပ်မှာ ဒီလိုမျိုးမဟုတ်တဲ့အတွက် စိတ်မ၀င်စားတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်က ဆိုပါတယ်။

“ကျွန်တော်တို့ လုပ်ဆောင်ရမှာက စစ်တပ်ထဲဝင်တာ ဂုဏ်ရှိတယ်၊ တိုင်ပြည်ချစ်စိတ်ကို ပြသတာဖြစ်တယ်၊ စစ်မှုထမ်းတာဟာ မြင့်မြတ်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်တယ်ဆိုတာမျိုး သိလာအောင်လုပ်ဖို့ပါ။ စစ်တပ်မှာရမယ့် အခွင့်အရေးတွေကိုလည်း သူတို့ သိလာအောင်လုပ်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် အခု လစာတွေက တော်တော်ကောင်းတယ်။ စစ်သားတစ်ယောက်ဟာ သင်တန်းမှာကိုပဲ တစ်လ ရင်းဂစ် ၂၀၀၀ လောက် လခရပါတယ်”

မလေးရှားအစိုးရက တရုတ်လူမျိုး လွီချင်တောင်ကို ဒုတိယကာကွယ်ရေးဝန်ကြီး ခန့်အပ်လိုက်တာကိုလည်း ဗိုလ်ချုပ်က ချီးကျူးခဲ့ပါတယ်။

“တရုတ်တွေကို ရာထူးတိုးမပေးဘူးဆိုတဲ့ အမြင်မှားတွေကို ဒါက ချေဖျက်လိုက်တာပါ။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ အမြင်တွေလည်း ပြောင်းလဲသွားပါလိမ့်မယ်”

ဗိုလ်ချုပ် ဒါတွတ်တိုချွန်ဆီယန်ဟာ နောက်နှစ်မှာ ပင်စင်ယူရတော့မှာ ဖြစ်ပြီး သူကတော့ စစ်သားဖြစ်ရတာကို ဂုဏ်ယူနေမယ်လို့ ပြောကြားခဲ့ပါတယ်။

“အဖေသာရှိရင် တော်တော်ဂုဏ်ယူနေမှာပါ။ အတိတ်ကိုပြန်ကြည့်ရင် ကျွန်တော် အောင်မြင်မှုတွေ အများကြီးရခဲ့ပါတယ်။ တရုတ်တွေ စစ်တပ်ထဲမှာ ဆက်လက်အမှုထမ်းဖို့အတွက် ဒါက တွန်းအားဖြစ်စေမှာပါ”

Ref: The Star

Tags:

Comments are closed.