2 weeks ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
5 months ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
5 months ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
11 months ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
11 months ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
11 months ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
12 months ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
12 months ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
12 months ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
1 year ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၉၊ ၂၀၁၈
M-Media

– ကုလအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်ဟာ ကုလရဲ့ လူ့အခွင့်အရေး အကြီးအကဲသစ်အဖြစ် ချီလီသမ္မတဟောင်း မီရှဲလ် ဘာချီလတ်ကို ရွေးချယ်လိုက်တယ်လို့ သံတမန်ရင်းမြစ် ၅ ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကုလ လက်ထောက်အတွင်းရေးမှူး အာမီနာ မိုဟာမက်က ဒီဆုံးဖြတ်ချက်ကို အင်္ဂါနေ့မှာ သံတမန်တွေကို တစ်ဆင့်ပြန်လည်ပြောကြားခဲ့တာဖြစ်တယ်လို့ ရင်းမြစ်တွေက ဆိုပါတယ်။

ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်က ကုလရဲ့ ‘လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး’ နေရာအတွက် ဘယ်သူ့ကို ရွေးချယ်တယ်ဆိုတာ အတည်ပြု ပြောကြားခြင်းမရှိပါဘူး။ တကယ်လို့ ဘာချီလတ်သာ ခန့်အပ်ခံရမယ်ဆိုရင် ကုလအထွေထွေညီလာခံက အတည်ပြုရမှာ ဖြစ်ပါတယ်။

လက်ရှိ လူ့အခွင့်အရေးအကြီးအကဲ ဇိုက် ရာအဒ် အလ်ဟူစိန်ဟာ ၄ နှစ်တာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် အခုလအကုန်မှာ ရာထူးကနေ အနားယူတော့မှာ ဖြစ်ပါတယ်။ အလ် ဟူစိန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂိုဒူတာတေးတို့အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ကန့်ကွက်တဲ့အတွက် နာမည်ကျော်သူလည်း ဖြစ်ပါတယ်။

လူ့အခွင့်အရေးအကြီးအကဲသစ်အဖြစ် ခန့်အပ်ခံရတယ်လို့ သတင်းထွက်လာတဲ့ ဘာချီလတ်ဟာ ချီလီအာဏာရှင်ဟောင်း အော်ဂတ်စ်တို ပီနိုချက်ရဲ့လက်ထက်မှာ ဖမ်းဆီးညှင်းပမ်းခံရသူဖြစ်ခဲ့ပြီး၊ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလည်း ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိတစ်ကြိမ်၊ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ထိတစ်ကြိမ် စုစုပေါင်း သမ္မတတာဝန်ကို ၂ ကြိမ် ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ကုလရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုအတွက် ၀င်ရောက်ညှိနှိုင်းပေးဖို့ ကုလရဲ့ ထိပ်တန်းအဖွဲ့တစ်ခုမှာ ဂူတာရက်စ်က သူမကို ခန့်ထားခဲ့ပါတယ်။

Ref: Aljazeera

Tags: ,

Comments are closed.