5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၀၊ ၂၀၁၈
M-Media

ဝေကျိုးမှ ဂျာမေဗလီဝတ်ကျောင်းတော်

– တရုတ်အစိုးရက ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဖြိုချဖို့ ကြိုးစားမှုကို ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံအနောက်မြောက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ ဟွေမွတ်စလင်တွေဟာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

နင်ရှာပြည်နယ် ဝေကျိုးမြို့က ဂျာမေဗလီဝတ်ကျောင်းတော်ရှေ့မှာ ၀န်းရံကာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ‘သာသနာကို ကာကွယ်ပါ’ ‘တိုင်းပြည်ကိုချစ်ပါ၊ သာသနာကိုလည်းချစ်ပါ’ ဆိုတဲ့ ကျွေးကျော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။

“လူတွေက တော်တော်လေးကို စိတ်ထိခိုက်ရတာဗျ။ ငိုတဲ့လူတွေလည်းအများကြီး၊ ဘာ့ကြောင့် ဒါတွေဖြစ်တာလဲဆိုတာကို ကျွန်တော်တို့ နားမလည်ဘူး” လို့ အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မာဇန်မင်းက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်ကွန်မြူနစ်အစိုးရဟာ နိုင်ငံအတွင်းမှာရှိတဲ့ ခရစ်ယာန်တွေ၊ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် ဘာသာရေးဖိနှိပ်မှုကို ပိုမိုဆောင်ရွက်လာခဲ့ပြီး ဗလီဝတ်ကျောင်းတော်တွေကနေ လခြမ်းအမှတ်အသားတွေ၊ အမိုးခုံးတွေ ဖယ်ရှားတာ၊ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖြိုချပြီး သမ္မာကျမ်းစာတွေကို သိမ်းဆည်းတာ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးကာ ကိုရင်တွေကို လူဝတ်လဲစေပြီး ပြုပြင်ရေးစခန်းတွေကို ပို့တာတွေ လုပ်ဆောင်လာခဲ့ပါတယ်။

အခု ဖြိုချဖို့ စီစဉ်နေတဲ့ ဝေကျိုးက ဂျာမေဗလီဝတ်ကျောင်းတော်ဟာ တရုတ်အစိုးရဆီမှာ တရားဝင်ခွင့်ပြုချက်တင်ကာ ဆောက်လုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ ဆောက်လုပ်ရေးလုပ်ငန်း ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်စဉ်က မြို့နယ် ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဗလီကို ဒေသခံတွေရဲ့ ထည့်ဝင်ငွေနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး လူပေါင်း ၃၀၀၀ လောက် တစ်ပြိုင်နက်တည်း ၀တ်ပြုနိုင်ပါတယ်။ တရုတ်အစိုးရကတော့ ခွင့်ပြုထားတဲ့ အတိုင်းအတာထက် ပိုမိုဆောက်လုပ်တာကြောင့် ဖြိုချဖို့ စီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဘာသာရေးဖိနှိပ်မှုကြောင့် ဆန္ဒပြမှုဟာ တရုတ်နိုင်ငံမှာ မရှိသလောင်ဖြစ်ပြီး ဟွေမွတ်စလင်တွေက မနေ့ကညနေပိုင်းကနေစတင်ကာ ဗလီဝတ်ကျောင်းတော်ရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ ဗလီဝတ်ကျောင်းတော်တစ်ဝိုက်မှာ ရဲအစောင့်အရှောက်တွေ ချထားတယ်လို့ ဒေသခံတွေက ပြောကြားခဲ့ပြီး တရုတ်အစိုးရက ဒီကိစ္စအတွက် တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Ref: Alarabiya

Comments are closed.